initial conversion

This commit is contained in:
Larry Versaw 2021-02-22 09:43:03 -07:00
parent 5051d0ca82
commit bd892a9e0a
1052 changed files with 12283 additions and 3 deletions

View File

@ -1,3 +1 @@
# my_tw
Burmese Translation Words
# Burmese Translation Words

15
bible/kt/abomination.md Normal file
View File

@ -0,0 +1,15 @@
# စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း ဆိုသောဝေါဟာရသည် မနှစ်မြို့ဖွယ်ဖြစ်ခြင်း၊ သို့မဟုတ် အလွန်အမင်းသဘောမကျခြင်း စသည်ကိုဆိုလိုခြင်းဖြစ်သည်။
* အီဂျစ်လူမျိုးများသည် ဟေဗြဲလူများကို စက်ဆုပ်ရွံရှာဖွယ် အဖြစ်မှတ်ယူကြသည်။ ဟေဗြဲလူမျိုးများကို မနှစ်မြို့ဘဲ သူတို့နှင့်လည်း ထိတွေ့ဆက်ဆံလိုခြင်းမရှိချေ။
* သမ္မာကျမ်းစာ၌ ဘုရားသခင်စက်ဆုပ်ရွံရှာသောအရာ ဟုဆိုရာ၌ လိမ်ညာခြင်း၊မာနကြီးခြင်း၊လူသားဖြင့်ယဇ်ပူဇော်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊လူ့အသက်သတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လိင်တူဆက်ဆံခြင်းကဲ့သို့သော လိင်မှုဆိုင်ရာအပြစ်များပါဝင်ပါသည်။
* နောက်ဆုံးသောကာလအကြောင်း တပည့်တော်များကိုသင်ကြားပေးရာတွင် ယေရှုက ပရောဖက် ဒံယေလ၏ ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ ဆိုသည်မှာ ဘုရားကိုဆန့်ကျင်ပြီး ဘုရားသခင်နေရာသို့ရောက်ရှိလာမည်ဟူပြီး ရည်ညွှန်းပြောဆိုခဲ့သည်။
## ဘာသာပြန်အကြံပြုချက်များ
* "စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း" ဆိုသောစကားလုံးကို "ဘုရားသခင်မုန်းသောအရာ၊ ရွံရှာဖွယ်ရာ၊ ရွံရှာဖွယ်အကျင့်၊ ဆိုးရွားသောအမူအကျင့်" ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
* အခြေအနေပေါ်မူတည်၍ "အလွန်မုန်းတီးဖွယ်ရာ၊ ရွံရှာဖွယ်ကောင်းသော၊ လုံးဝလက်မခံနိုင်စရာ၊ အလွန်ရွံရှာဖွယ်ရာ" ဟူ၍ဘာသာပြန်ဆိုသင့်သည်။
* "ပျက်စီးယိုယွင်းခြင်းကိုဆန့်ကျင်ခြင်း" ဟူသောစကားစုကို "လူသားများအတွက်ဘေးဖြစ်စေသောအရာကို ဟန့်တားခြင်း၊ ကြီးမားသောဆုံးရှုံးမှုဖြစ်လာခြင်းကို မနှစ်မြို့ခြင်း" ဟူ၍ဘာသာပြန်ဆိုသင့်သည်။

13
bible/kt/adoption.md Normal file
View File

@ -0,0 +1,13 @@
# မွေးစားခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤဝေါဟာရသည် ကလေးတစ်ယောက်အား မိမိ၏တရားဝင်သားသမီးဖြစ်လာစေရန်လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။
* သမ္မာကျမ်းစာ၌ ဘုရားသခင်က လူသားများကို မိမိ၏ဝိညာဉ်ရေး သားသမီးများဖြစ်လာစေရန် ဥပမာပေးပြီး မွေးစားခြင်း၊ လက်ခံခြင်းဟူ၍ အသုံးပြုထားပါသည်။
* မွေးစားသားဖြစ်သော ယုံကြည်သူများသည် ခရစ်တော်နှင့်အတူ အမွေခံထိုက်သူများဖြစ်ပြီး ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရရှိထားကြပါသည်။
## ဘာသာပြန်အကြံပြဲချက်များ
* ဘာသာပြန်ဆိုရာတွင် မိဘနှင့်သားသမီးကြား အထူးရင်းနှီးသောဆက်ဆံးရေးကိုဖော်ပြရမည်။ ဤစကားသည် ပုံဥပမာဆောင်ခြင်း သို့မဟုတ် ဝိညာဉ်ရေးအဓိပ္ပာယ်ရှိရမည်။
* အမွေခံသားများအဖြစ်ရောက်ရှိခြင်း ဆိုသောစကားစုကို ဘုရားသခင်က သူ၏သားသမီးအဖြစ်လက်ခံခြင်း သို့မဟုတ် ဘုရားနှင့်သက်ဆိုင်ခြင်း ဟူ၍ဘာသာပြန်ဆိုသင့်သည်။

16
bible/kt/adultery.md Normal file
View File

@ -0,0 +1,16 @@
# အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော၊ မယားငယ်နေသူ၊ လင်ငယ်နေသူ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားလုံးသည် အိမ်ထောင်ရှိသူက မိမိလင်၊ မိမိမယားမဟုတ်သူနဲ့လိင်မှုကိစ္စကျူးလွန်ခြင်းအပြစ်ကို ဆိုလိုပါသည်။ အိမ်ထောင်ရေးဖောက်ပြန်သော ဆိုသည့်စကားသည်ထိုကဲ့သို့သောအမူအရာ၊အပြစ်ကျူးလွန်သူကိုရည်ညွှန်းပါသည်။
* မယားငယ်နေသူသည် ဖောက်ပြန်သောယောကျာ်းတိုင်းကိုဆိုလိုပါသည်။
* လင်ငယ်နေသူ သည်ဖောက်ပြန်သောမိန်းမတိုင်းကို ဆိုလိုပါသည်။
* အိမ်ထောင်ရေးဖောက်ပြန်သူများသည် လက်ထပ်စဉ်အခါကပြုခဲ့ပြီးသော ပဋိညာဉ်ကိုဖောက်ဖျက်ခြင်းဖြစ်သည်။
* ဘုရားသခင်က ဣသရေလလူမျိုးအား အိမ်ထောင်ရေးမဖောက်ပြန်ရန် ပညတ်ထားသည်။
* ဖောက်ပြန်ခြင်း ဟူသောဝေါဟာရကို ဣသရေလလူမျိုးများ ဘုရားကိုမကိုးကွယ်ဘဲ အခြားဘုရားများကို ကိုးကွယ်သည့်အခါတွင်ပုံဥပမာဆောင်၍ ရေးသားလေ့ရှိသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဘာသာပြန်ဆိုရမည့် ဘာသာတွင် ဖောက်ပြန်ခြင်းဆိုသည့် တိကျသောစကားလုံးမရှိပါက အခြားသူ၏မိန်းမနှင့်လိင်မှုကိစ္စကျူးလွန်ခြင်း သို့မဟုတ် အခြားယောကျ်ားနှင့်ကျူးလွန်ခြင်း ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
* အချို့ဘာသာစကားတွင် ဖောက်ပြန်ခြင်းကိုသွယ်ဝိုက်၍ဖော်ပြသောစကားများရှိသည်။ အခြားသူ၏ယောကျာ်း၊မိန်းမနှင့်အိပ်ခြင်း သို့မဟုတ် မိမိဇနီးမယားအပေါ်သစ္စာမရှိခြင်း ဟူ၍ဖြစ်သည်။

13
bible/kt/almighty.md Normal file
View File

@ -0,0 +1,13 @@
# အနန္တဘုန်းတန်ခိုးနှင့်ပြည့်စုံသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤဝေါဟာရသည် တန်ခိုးကြီးခြင်း၊ သမ္မာကျမ်းစာတွင် ထာဝရဘုရားကိုရည်ညွှန်းသောစကားဖြစ်သည်။
* အနန္တတန်ခိုးရှင်၊ တန်ခိုးကြီးသူ ဟူသောစကားသည် တန်ခိုးနှင့် အာဏာပြည့်စုံသော ဘုရားသခင်ကိုရည်ညွှန်းပါသည်။
* ဤဝေါဟာရသည် ဘုရားသခင်ကိုရည်ညွှန်းသော အနန္တတန်ခိုးရှင်၊ ဘုရားသခင်၊ ထာဝရဘုရားသခင် ဖြစ်ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤဝေါဟာရကို တန်ခိုးနှင့်ပြည့်စုံသော၊ တန်ခိုးနှင့်ပြီးပြည့်စုံသော၊ တန်းခိုးကြီးသောဘုရား ဟုဘာသာပြန်ဆိုနိုင်သည်။
* အနန္တတန်ခိုးရှင် ဟူသောဝေါဟာရသည် တန်ခိုးကြီးသောဘုရင်၊ တန်ခိုးနှင့်အုပ်စိုးသောဘုရား၊ အရာအားလုံးကိုပိုင်သအုပ်စိုးသောဘုရားဟု ဘာသာပြန်ဆိုနိုင်သည်။

9
bible/kt/altar.md Normal file
View File

@ -0,0 +1,9 @@
# ပလ္လင်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ပလ္လင်ဆိုသည်မှာ ဣသရေလလူမျိုးများ ဘုရားသခင်ကို တိရစ္ဆာန်၊ အသီးအနှံများပူဇော်ရန် မီးရှို့ တင်လှူသောနေရာမြင့်တစ်ခုဖြစ်သည်။
* သမ္မာကျမ်းစာခေတ်၌ ပလ္လင်တည်ဆောက်သောအခါ မြေကြီးဖြင့်လုပ်သောမြင့်သောနေရာ သို့မဟုတ် ကျောက်တုံးများကိုစုပုံပြီး လုပ်ထားသောနေရာဖြစ်သည်။
* အချို့သော သေတ္တာပုံပလ္လင်များမှာ သစ်သားနှင့် ရွှေ၊ ကြေးဝါ၊ ကြေးနီပေါင်းစပ်ပြုလုပ်ထားသော နေရာဖြစ်သည်။
* ဣသရေလလူမျိုး၏အနီးအနားတွင်နေထိုင်သော လူမျိုးများသည်လည်း သူတို့ကိုးကွယ်သောဘုရားများအတွက် ယဇ်ပလ္လင်များတည်ထားခဲ့ကြသည်။

17
bible/kt/amen.md Normal file
View File

@ -0,0 +1,17 @@
# အာမင်၊ စစ်မှန်သော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အာမင် ဟူသောစကားသည် လူတစ်ယောက်ပြောဆိုခဲ့သောအရာကို ဆင်ခြင်ကြောင်း၊ နားထောင်ကြောင်း ပြသခြင်းဖြစ်သည်။ ဆုတောင်းခြင်းအဆုံးတွင် အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဟုတ်မှန်သည် ဟုဘာသာပြန်ဆိုသည်။
* ဆုတောင်းခြင်းအဆုံး၌အသုံးပြုသည့်အခါ အာမင်ဆိုသောစကားမှာ ဆုတောင်းသည့်အရာများပြည့်စုံပါစေ ဟူသောသဘောသက်ရောက်ပါသည်။
* သခင်ယေရှုက သူပြောသောအရာသည် စစ်မှန်ကြောင်း အာမင်ဟု အသုံးပြုခဲ့သည်။ ပထမပြောခဲ့သောဆုံးမစကားနှင့် ဆက်နွယ်ပြီး နောက်ထပ်ဆုံးမသွန်သင်စကားမပြောခင် ငါအမှန်အကန်ဆိုသည်ကား ဟူ၍ ယေရှုအသုံးပြုခဲ့သည်။
* ယေရှုအသုံးပြုသည့်နည်းတူ အချို့ အင်္ဂလိပ်ကျမ်းစာဗားရှင်း များ(နှင့် ULB) ဗားရှင်း တွင် အလွန်မှန်သော၊ ဟုတ်မှန်သောဟူ၍ ဘာသာပြန်ဆိုထားသည်။
* ဟုတ်မှန်ခြင်း ဆိုသောစကားကို သေချာသည်၊ တိကျသည် ဟုဘာသာပြန်ဆိုလေ့ရှိသည်။
## ဘာသာပြန်အကြံပြုချက်များ
* ပြောကြားခဲ့သောစကားများကို အာရုံစိုက်ကြောင်းပြောပြနိုင်ဖို့ မိမိပြန်ဆိုသောဘာသာစကားတွင် ထိုကဲ့သို့သောစကားလုံး ရှိ၊ မရှိ ဆန်းစစ်ဖို့လိုသည်။
* ဆုတောင်းခြင်းအဆုံး သို့မဟုတ် တစ်စုံတစ်ခုကိုသေချာစေကြောင်း အသုံးပြုရာတွင် အာမင် ၏ အဓိပ္ပာယ်မှာ ထိုနည်းအတိုင်းဖြစ်ပါစေ၊ ဆုတောင်းသည့်အတိုင်းဖြစ်ပါစေ၊ ဤစကားဟုတ်မှန်ပါသည် ဟုအဓိပ္ပာယ်ရှိပါသည်။
* ငါအမှန်အကန်ဆိုသည်ကား ဟုယေရှုပြောဆိုရာတွင် ဟုတ်သည်..ငါအမှန်ပြောခြင်းဖြစ်သည်၊ ငါပြောသောအရာသည်မှန်သည် ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။
* ငါအမှန်ပြောသောစကား ဟူသည့်အဓိပ္ပာယ်မှာ ငါပြောသောအရာသည်ဟုတ်မှန်သည်၊ အမှန်ဆုံးစကားဖြစ်သည်၊ ငါပြောသောစကားသည်မှန်သည် ဟူ၍အဓိပ္ပာယ်ရှိသည်။

20
bible/kt/angel.md Normal file
View File

@ -0,0 +1,20 @@
# ကောင်းကင်တမန်၊ ကောင်းကင်တမန်မင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကောင်းကင်တမန်ဆိုသည်မှာ ဘုရားဖန်ဆင်းထားသော တန်ခိုးရှိဝိညာဉ်ဖြစ်သည်။ ဘုရားပြောသမျှလုပ်ဆောင်ဖို့ရန် ကောင်းကင်တမန်များရှိနေခြင်းဖြစ်သည်။ ကောင်းကင်တမန်မင်းဆိုသည်မှာ အခြားကောင်းကင်တမန်များကို အုပ်ချုပ်သောသူဖြစ်သည်။
* ကောင်းကင်တမန်၏အဓိပ္ပာယ်မှာ သတင်းယူဆောင်ပေးသူဖြစ်သည်။
* ကောင်းကင်တမန်မင်း ဆိုသည်မှာလည်း သတင်းယူဆောင်ပေးသောခေါင်းဆောင် ဖြစ်သည်။ ကျမ်းစာထဲတွင် ကောင်းကင်တန်မင်းဆိုသည်မှာ မိခေလ ကိုဆိုလိုခြင်းဖြစ်သည်။
* ကျမ်းစာထဲတွင် ကောင်းကင်တမန်များက ဘုရားဆီမှသတင်းများကို လူသားများထံပေးပို့ပါသည်။ ထိုသတင်းများမှာ ဘုရားသခင်က လုပ်ဆောင်စေချင်သောသတင်းစကားများဖြစ်သည်။
* ယခုဖြစ်နေသောအရာများ၊ နောင်တွင်ဖြစ်လာမည့်အရာများကို ကောင်းကင်တမန်များက ပြောကြားပေးရသည်။
* ကောင်းကင်တမန်များသည် ဘုရားကိုကိုယ်စားပြုသောကြောင့် တစ်ခါတစ်ရံ ကျမ်းစာထဲတွင် ဘုရားသခင်ကိုယ်တော်တိုင်စကားပြောသည်ဟု ရေးသားကြသည်။
* ကောင်းကင်တမန်များသည် လူသားများကို ကာကွယ်ခြင်း၊ ခွန်အားရှိစေခြင်းအားဖြင့်လည်း ဘုရားအမှုတော်ကိုဆောင်ရွက်ကြသည်။
* ဘုရားသခင်၏ကောင်းကင်တမန် ဆိုသောစကားတွင် အဓိပ္ပာယ်များစွာရှိသည်။ (၁) ဘုရားကိုကိုယ်စားပြုခြင်း၊ ဘုရား၏အမှုဆောင်သောကောင်းကင်တမန်။ (၂) ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ခြင်း၊ ကောင်းကင်တမန်က ငါ ဟူသောစကားကိုပြောခြင်းဖြင့်သိနိုင်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ကောင်းကင်တမန်ဟုဘာသာပြန်ရာတွင် ဘုရား၏သတင်းသယ်ဆောင်သူ၊ ကောင်းကင်အစေခံ၊ ဘုရား၏ဝိညာဉ်တော်ဟူ၍ဖြစ်သည်။
* ကောင်းကင်တမန်မင်းကို ကောင်းကင်တမန်ဗိုလ်၊ ကောင်းကင်တမန်ခေါင်းဆောင် ဟူ၍ဘာသာပြန်ဆိုနိုင်သည်။
* ဒေသအခေါ်အဝေါ်ကိုလိုက်ပြီး ဘာသာပြန်ဆိုသင့်သည်။
* ဘုရား၏ကောင်းကင်တမန် ဟူသောစကားလုံးကို ဘုရားထံမှလာသောကောင်းကင်တမန်၊ ဘုရားစေလွှတ်သော ကောင်းကင်တမန်၊ ကောင်းကင်တမန်နှင့်တူသော ဘုရားသခင် ဟူ၍ပြန်ဆိုနိုင်သည်။

20
bible/kt/anoint.md Normal file
View File

@ -0,0 +1,20 @@
# ဘိသိက်ခြင်း၊ ရွေးချယ်ထားသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဘိသိက်ဆိုသောစကားမှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ဆီဖြင့်လိမ်းသပ်ခြင်းဖြစ်သည်။ ထိုဆီကို အမွှေးနံ့သာရောထားလေ့ရှိသည်။ ဤစကားသည် သန့်ရှင်းသောဝိညာဉ်တော်က တစ်စုံတစ်ယောက်ကိုရွေးချယ်တင်မြှောက်ခြင်းကိုလည်း ရည်ညွှန်းပါသည်။
* ဓမ္မဟောင်းကာလတွင် ယဇ်ပုရောဟိတ်၊ ဘုရင်၊ ပရောဖက် တို့ကိုဆီဖြင့်လိမ်းသပ်ပြီး ဘုရားအမှုတော်ထမ်းဆောင်ရန်ရွေးချယ်ခဲ့ကြသည်။
* ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဘုရားဘုန်းတော်ထင်ရှားစေရန် ယဇ်ပလ္လင်၊ တဲတော် စသည်တို့ကိုဆီဖြင့်ဘိသိက်ပေးခဲ့ကြသည်။
* ဓမ္မသစ်ကာလတွင် ဖျားနာသူများပျောက်ကင်းရန် ဆီလိမ်းဘိသိက်ပေးခဲ့ကြသည်။
* ဓမ္မသစ်ကျမ်းတွင်အမျိုးသမီးတစ်ဦးက ကိုးကွယ်သည့်ပုံစံဖြင့် ယေရှုကို ဆီမွှေးဖြင့်ဘိသိက်ခဲ့ကြောင်း (၂) ကြိမ်တိုင်မှတ်တမ်းတင်ထားသည်။ ထိုသို့ ဘိသိက်ပေးခြင်းကို ယေရှုက နှောင်တွင်သူ၏အလောင်းကိုထိုကဲ့သို့ပြင်ဆင်မည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့လေသည်။
* ယေရှုသေဆုံးပြီးနောက် မိတ်ဆွေများကယေရှုအလောင်းကို အမွှေးနံ့သာ၊ ဆီမွှေးဖြင့်ပြင်ဆင်ပေးခဲ့ကြသည်။
* မေရှိယ (ဟေဗြဲ)နှင့် ခရစ်တော်(ဂရိ) ၏အဓိပ္ပာယ်မှာ ဘိသိက်ရွေးချယ်ခံရသူဖြစ်သည်။
* ယေရှုဟူသော မေရှိယသည် ပရောဖက်၊ ယဇ်ပုရောဟိတ်မင်း၊ ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံရသူဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ရေခံမြေခံကိုမူတည်ပြီး ဘိသက်ပေးခြင်းကို ဆီဖြင့်လောင်းခြင်း၊ ဆီလိမ်းခြင်း၊ ဆီမွှေးလောင်းပြီးဆက်ကပ်ခြင်း ဟုပြန်ဆိုနိုင်သည်။
* ဘိသိက်ပေးခံရခြင်းကို ဆီဖြင့်ဆက်ကပ်ထားခြင်း၊ ရွေးချယ်ထားခြင်း၊ ဆက်ကပ်ထားခြင်းဟု ပြန်ဆိုနိုင်သည်။
* အချို့အခြေအနေတွင် ဘိသက်ခြင်းကို ချိန်းဆိုထားခြင်းဟုလည်း ပြန်ဆိုနိုင်သည်။
* "ဆီလိမ်းထားသော ပုရောဟိတ်" ဟူသောစကားကို ဆီလိမ်းပြီးခွဲခန့်ထားသောပုရောဟိတ်၊ ဆီလောင်းပြီးခန့်ထားသောပုရောဟိတ် ဟုပြန်ဆိုနိုင်သည်။

14
bible/kt/antichrist.md Normal file
View File

@ -0,0 +1,14 @@
# အန္တိခရစ်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အန္တိခရစ် ဆိုသည်မှာ ယေရှုခရစ်တော်နှင့်သွန်သင်ချက်များကို ဆန့်ကျင်ပြီးဟောပြောသင်ကြားသူကိုဆိုလိုပါသည်။ ကမ္ဘာပေါ်တွင် အန္တိခရစ်များစွာရှိသည်။
* ခရစ်တော်သည် မေရှိယမဟုတ်ကြောင်း အခြားသူများကိုလိမ်လည်ပြောကြားသောသူ၊ ခရစ်တော်သည် ဘုရား၊ လူသားနှစ်မျိုးဖြစ်သည်ကို မယုံကြည်သောသူကို အန္တိခရစ်ဖြစ်သည်ဟု တမန်တော် ယောဟန်ကရေးသားခဲ့သည်။
* ယေရှုလုပ်ဆောင်ခဲ့သောအရာကိုဆန့်ကျင်သော ဝိညာဉ်များလည်းရှိကြောင်း သမ္မာကျမ်းစာထဲတွင်ရေးသားထားသည်။
* ဓမ္မသစ်ကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းစာထဲတွင် နောက်ဆုံးသောကာလ၌ အန္တိခရစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဘုရားသခင်၏လူများကိုဖျက်စီးမည်၊ သို့သော်ခရစ်တော်က ထိုသူကိုအနိုင်ယူမည်ဖြစ်ကြောင်းရှင်းပြထားသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤစကားကို အခြားစကားလုံးအနေဖြင့် ခရစ်တော်ကိုဆန့်ကျင်သူ၊ ခရစ်တော်၏ရန်သူ၊ ခရစ်တော်နှင့်ဆန့်ကျင်သောသူ ဟုသုံးနှုန်းနိုင်သည်။
* အန္တိခရစ်၏ဝိညာဉ် ဟူသောစကားလုံးကို ခရစ်တော်နှင့်ဆန့်ကျင်သော ဝိညာဉ်ဟုလည်း သုံးနှုန်းနိုင်သည်။

15
bible/kt/apostle.md Normal file
View File

@ -0,0 +1,15 @@
# တမန်တော်၊ တမန်တော်ဖြစ်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
တမန်တော်များသည် ဘုရားသခင်နှင့်ဘုရားသခင်နိုင်ငံတော်အကြောင်းဟောပြောရန် ယေရှုစေလွှတ်သောသူများဖြစ်သည်။ တမန်တော်ဖြစ်ခြင်းဆိုသောစကားမှာ တမန်တော်အဖြစ်ရွေးချယ်ခန့်အပ်ခံရသောသူများကိုဆိုလိုခြင်းဖြစ်သည်။
* တမန်တော်၏အဓိပ္ပာယ်မှာ အထူးရည်ရွယ်ချက်တစ်ခုအတွက်စေလွှတ်ခံရသောသူ ဟူ၍ဖြစ်သည်။
* ယေရှု၏အရင်းနှီးဆုံး တပည့်တော် (၁၂) ပါးမှာ ပထမဆုံးသောတမန်တော်များဖြစ်သည်။ ပေါလုနှင့် ယာကုပ်ကဲ့သို့သောသူများသည်လည်း တမန်တော်ဖြစ်လာကြသည်။
* ဘုရားသခင်၏တန်ခိုးတော်အားဖြင့် တမန်တော်များသည် ဧဝံဂေလိဟောခြင်း၊ လူများကိုကုသပေးခြင်း၊ လူထဲမှ နတ်ဆိုးများနှင်ထုတ်ခြင်းစသည်တို့ကို ရဲဝံ့စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။
## ဘာသာပြန်အကြံပြုချက်များ
* တမန်တော်ဟူသောစကားလုံးကို စေလွှတ်ခံရသောသူ၊ စေလွှတ်ခံရသူ၊ ဘုရားသခင်အကြောင်းဟောပြောရန်ခေါ်ခြင်းခံရသောသူ ဟုဘာသာပြန်ဆိုနိုင်သည်။
* တမန်တော်နှင့် တပည့်တော်ကို ကွဲပြားစွာဘာသာပြန်ဆိုရန်လိုသည်။
* ဒေသသုံးကျမ်းစာ၌လည်း ဤစကားလုံးကို မည်သို့ဘာသာပြန်ဆိုထားသည်ကို ဆန်းစစ်ရန်လိုပါသည်။

15
bible/kt/appoint.md Normal file
View File

@ -0,0 +1,15 @@
# ချိန်းဆိုသည်၊ ချိန်းချက်ထားသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ချိန်းဆိုသည်၊ ချိန်းချက်ထားသော ဟူသောစကားမှာ တစ်စုံတစ်ယောက်အား အလုပ်တစ်ခုကိုလုပ်ဆောင်ရန်ရွေးချယ်ထားခြင်းဖြစ်သည်။
* ချိန်းချက်ခြင်းခံရသော ဟူသောစကားမှာ တစ်ခုခုရယူရန်ရွေးချယ်ခံရခြင်းဖြစ်သည်။ ထာဝရအသက် ရရှိရန်ချိန်းဆိုခံရခြင်းဖြစ်သည်။
* ချိန်းချက်သောအချိန် ဟူသောစကားမှာ ဘုရား၏ချိန်းဆိုသောအချိန်၊ တစ်စုံတစ်ခုဖြစ်လာရန် စီစဉ်ထားသောအချိန် ကိုဆိုလိုပါသည်။
* ချိန်းဆိုသည် ဟူသောစကားမှာ တစ်စုံတစ်ယောက်အား အမိန့်ပေးသည်၊ တာဝန်ပေးသည်ဟူ၍ဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ရေခံမြေခံပေါ်မူတည်ပြီး ရွေးချယ်သည်၊ ခန့်အပ်သည်၊ တရားဝင်ရွေးချယ်သည်၊ ခန့်အပ်ထားသည်ဟု ဘာသာပြန်ဆိုနိုင်သည်။
* ချိန်းချက်သည်ဟူသောစကားကို တာဝန်ချထားသော၊ စီစဉ်ထားသော၊ အထူးရွေးချယ်ထားသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
* ချိန်းဆိုထားသော ဟူသောစကားကို ရွေးချယ်ထားသာ ဟူ၍လည်းဘာသာပြန်ဆိုနိုင်သည်။

11
bible/kt/ark.md Normal file
View File

@ -0,0 +1,11 @@
# လှေကြီး
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
လှေကြီး ဟူသောဝေါဟာရမှာ ထောင့်မှန်စတုရန်းပုံစံရှိသော သစ်သားသေတ္တာ ဖြစ်သည်။ လှေကြီး၏အရွယ်အစားမှာ အသုံးပြုသည့်အခြေအနေပေါ်တွင်မူတည်ပြီး အကြီးအသေးကွာခြားပါသည်။
* အင်္ဂလိပ်အဘိဓာန်တွင် လှေကြီးဟူသောစကားမှာ စတုရန်းပုံစံရှိ သစ်သားလှေကြီးဖြစ်၍ ကမ္ဘာကြီးကိုရေလွှမ်းမိုးချိန်က နောဧ တည်ဆောက်အသုံးပြုခဲ့သော လှေဖြစ်သည်။ လှေကြီး၏ ဝမ်းဗိုက်၊ အမိုးနှင့် နံရံများသည် ပြားချပ်သော ပုံစံရှိသည်။
* ဤစကားလုံးကို ကြီးမားသောလှေ၊ ဝမ်းပြားသင်္ဘော၊ ကုန်တင်သင်္ဘော၊ သေတ္တာပုံလှေ ဟုဘာသာပြန်ဆိုနိုင်သည်။
* ဟေဗြဲစကားတွင် ဤစကား၏အဓိပ္ပာယ်မှာ မောရှေကိုထည့်၍ဝှက်ထားသောခြင်းတောင်းနှင့်အတူတူပင်ဖြစ်သည်။ ခြင်းတောင်းဟုလည်း ဘာသာပြန်ဆိုလေ့ရှိသည်။
* ပဋိညာဉ်သေတ္တာ ဟူသောအသုံးအနှုန်းတွင် လှေဟူသောအဓိပ္ပာယ်မပါရှိပေ။ ဤစကားတွင် လှေဟူသောစကားလုံးအစား သေတ္တာ၊ ခွက်၊ ပုံး ဟုအသုံးပြုနိုင်သည်။
* ဤစကားလုံးကို ဘာသာပြန်ဆိုရာတွင် အခြေအနေ၊ အကျိုးအကြောင်းပေါ်မူတည်ပြီး ဘာသာပြန်ဆိုသင့်သည်။

View File

@ -0,0 +1,12 @@
# ပဋိညာဉ်သေတ္တာ၊ ပဋိညာဉ်ဒီဂရီ၊ ဘုရားသခင်၏တလ္လားတော်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားသည် ရွှေကွပ်ထားသောသစ်သားပုံး၊ အထဲတွင် ပညတ်တော် (၁၀) ပါးရေးသားထားသော ကျောက်ပြားနှစ်ချပ်ကိုထည့်သွင်းထားသည်။ အာရုန်၏တောင်ဝှေးနှင့် မာနမုန့်ဖလားပါရှိပါသည်။
* "လှေကြီး" ဟူသောစကားကို ဤနေရာတွင် ပုံး၊ သေတ္တာ၊တလ္လားတော် ဟုဘာသာပြန်ဆိုနိုင်သည်။
* တလ္လားတော်ထဲရှိပစ္စည်းများမှာ ဘုရားသခင်နှင့်ဣသလေရလလူမျိုးတို့၏ ပဋိညာဉ်ကိုပြသလျက်ရှိသည်။
* ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိသည်။
* ဣသရေလလူမျိုးတို့အား မောရှေမှတစ်ဆင့်စကားပြောကြားရာတွင် ဘုရားသခင်က အသန့်ရှင်းဆုံးဌာနတော်ထဲရှိ ပဋိညာဉ်တလ္လားတော်ပေါ်တွင် ထင်ရှားလေသည်။
* ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိနေစဉ်၌ ထိုနေရာကို တစ်နှစ်တစ်ကြိမ်ရောက်ရှိသော အပြစ်ဖြေရာနေ့ ရောက်သောအခါမှသာ ယဇ်ပုရောဟိတ်မင်းတစ်ပါးထဲ ကသာဝင်ခွင့်ရရှိလေသည်။
* ပဋိညာဉ်ဒီဂရီ ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်အသုံးအနှုန်းများတွင် သက်သေခံချက်ဟူ၍ ဘာသာပြန်ဆိုသည်။ အဓိပ္ပာယ်မှာ ပညတ်တော် ၁၀ပါးသည် ဘုရားသခင်နှင့် သူ၏လူမျိုးတော်ပြုခဲ့သော ပဋိညာဉ်ကိုသက်သေခံလျက်ရှိသည်။ ပညတ်တော်ဥပဒေသ ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။

15
bible/kt/atonement.md Normal file
View File

@ -0,0 +1,15 @@
# အပြစ်ဖြေခြင်း၊ အပြစ်ဖြေသည်။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားလုံးသည် လူတို့၏အပြစ်ကြောင့် ဘုရားသခင်အမျက်တော်ဖြေရန်ယဇ်ပူဇော်ရသော အဓိပ္ပာယ်ဖြစ်ပါသည်။
* ဓမ္မဟောင်းခေတ်တွင် ဣသရေလတို့၏အပြစ်ကိုဖြေရန် ဘုရားသခင်က သွေးယဇ်ပူဇော်ခြင်း (တိရစ္ဆာန်သတ်ခြင်း) ပြုလုပ်စေခဲ့သည်။
* ဓမ္မသစ်ကျမ်း၏ရေးသားချက်တွင် ခရစ်တော်၏ကားတိုင်ပေါ်တွင်အသေခံခြင်းသည် ထာဝရစစ်မှန်သော တစ်ခုတည်းသောအပြစ်ဖြေရာဖြစ်သည်။
* လူတို့၏အပြစ်ကြောင့် အပြစ်ပေးခံရခြင်းမှလွှတ်ရန် ယေရှုကအသေခံပြီး အပြစ်များကိုယူဆောင်ပေးသွားခဲ့သည်။ သူ၏ အသေခံခြင်းသည် အပြစ်ဖြေရန်ပေးခဲ့သော အဖိုးအခပင်ဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* အပြစ်ဖြေသည် ဟူသောစကားကို ပေးသည်၊ အဖိုးအခအတွက်ပြင်ဆင်သည်၊ တစ်စုံတစ်ယောက် အပြစ်လွှတ်ခံရရန်စီစဉ်ပေးသည်၊ ရာဇဝတ်မှုအတွက်အမှားပြင်သည် ဟုဘာသာပြန်ဆိုနိုင်သည်။
* အပြစ်ဖြေခြင်း ကိုဘာသာပြန်ရာတွင် ပေးချေခြင်း၊ အပြစ်အတွက်ယဇ်ပူဇော်ခြင်း၊ ခွင့်လွှတ်မှုအတွက်ပြင်ဆင်ခြင်း ဟုပြန်ဆိုနိုင်သည်။
* ငွေးပေးချေမှုနှင့် မတူညီစေရန် ကွဲပြားစွာဘာသာပြန်ဆိုသင့်သည်။

16
bible/kt/atonementlid.md Normal file
View File

@ -0,0 +1,16 @@
# တလ္လားတော်အဖုံး
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
တလ္လားတော်အဖုံးဆိုသည်မှာ ပဋိညာဉ်သေတ္တာကို ဖုံးအုပ်ထားသောရွှေပြားဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်များတွင် တလ္လားတော်အဖုံးအကာ ဟုဘာသာပြန်ဆိုထားသည်။
* တလ္လားတော်အဖုံးမှာ အလျား (၁၁၅) စင်တီမီတာ၊ အနံ (၇၀) စင်တီမီတာရှိသည်။
* အဖုံးပေါ်တွင် တောင်ပံထိစပ်နေသောရွှေ ခေယူဗိန်နှစ်ယောက်ရှိသည်။
* ဘုရားသခင်က ဣသရေလလူများနှင့်တွေ့ရန် တလ္လားတော်အဖုံးနှင့် ခေယူဗိန်တောင်ပံဖြန့်ထားသောအောက်တွင်သာ တွေ့ဆုံသည်။ လူထုကိုယ်စား ယဇ်ပုရောဟိတ်မင်းတစ်ပါးကိုသာ ဝင်ခွင့်ပြုထားသည်။
* တစ်ခါတစ်ရံတွင် တလ္လားတော်အဖုံးကို ဂရုဏာပလ္လင်ဟုခေါ်ဆိုသည်။ ဘုရားသခင်က ဂရုဏာတော်သက်၍ အပြစ်သားများကိုရွေးယူရန်ဆက်သွယ်ခြင်းပင်ဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* အခြားသုံးနိုင်သောအသုံးအနှုန်းများမှာ ဘုရားသခင်ရွေးယူရန်ကတိတော်ရှိသော ပဋိညာဉ်အဖုံးနေရာ၊ ဘုရားသခင်အပြစ်ဖြေသောနေရာ၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းရရှိသောနေရာ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
* ကျေအေးခြင်းပြုလုပ်သောနေရာဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* အပြစ်ဖြေခြင်း၊ ကျေအေးခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း ဟူသောအသုံးအနှုန်းများနှင့် နှိုင်းယှဉ်ပြီး ဘာသာပြန်ဆိုသင့်သည်။

18
bible/kt/authority.md Normal file
View File

@ -0,0 +1,18 @@
# အာဏာ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အာဏာ ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အပေါ်တွင်လွှမ်းမိုးထားသော စွမ်းအားဖြစ်သည်။
* ဘုရင်နှင့် အခြားအစိုးရများသည် မိမိတို့အုပ်စိုးသောလူထုအပေါ်တွင် အာဏာရှိသည်။
* အစိုးရ ဟူသောအသုံးအနှုန်းမှာ အုပ်စိုးသောသူ၊ အဖွဲ့အစည်းကိုခေါ်ဆိုခြင်းဖြစ်သည်။
* သခင်များသည် ကျွန်နှင့်အစေခံများအပေါ်တွင် အာဏာရှိသည်။ မိဘများက သားသမီးများအပေါ်တွင် အာဏာရှိပါသည်။
* အစိုးရအနေဖြင့် မိမိတို့၏တိုင်းသူပြည်သားများကိုအုပ်ချုပ်ရန် ဥပဒေများထုတ်ပြန်ခွင့်ရှိပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* အာဏာပိုင် ဟူသောအသုံးအနှုန်းကို ထိန်းချုပ်ခြင်း၊ အခွင့်၊ အခွင့်ရှိခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
* တစ်ခါတစ်ရံ စွမ်းအားဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* အာဏာကို လူ သို့မဟုတ် အဖွဲ့အစည်း တစ်ခုအဖြစ်အသုံးပြုရာတွင် ခေါင်းဆောင်များ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများဟု ဘာသာပြန်ဆိုနိုင်သည်။
* မိမိ၏အခွင့်အာဏာ ဟူသောစကားကို ဦးဆောင်ခွင့်ရှိသောမိမိ၏အခွင့်အရေး၊ မိမိ၏လုပ်ပိုင်ခွင့်ကိုအခြေခံခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
* အာဏာစက်အောက် ဟူသောအသုံးအနှုန်းသည် နာခံရန်လိုခြင်း၊ အခြားသူ၏အမိန့်ကို နာခံရခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။

13
bible/kt/baptize.md Normal file
View File

@ -0,0 +1,13 @@
# ရေနှစ်ခြင်းခံသည်၊ ဗတ္တိဇံ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဓမ္မသစ်ကျမ်းစာ၌ ဗတ္တိဇံ (ရေနှစ်ခြင်းပေးခြင်း) ဟူသောအသုံးအနှုန်းမှာ အပြစ်မှသန့်စင်ခြင်း၊ ခရစ်တော်နှင့်ပေါင်းစည်းခြင်းကို ပြသည့်အနေဖြင့် ခရစ်ယာန်တစ်ယောက်ပြုလုပ် ကျင့်သုံးသောအရာဖြစ်သည်။
* ရေ၌နှစ်ခြင်းခံခြင်းအပြင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံခြင်း၊ မီးဖြင့်နှစ်ခြင်းခံခြင်း ဟူ၍လည်း ကျမ်းစာထဲတွင် ဖော်ပြထားသည် ။
* နှစ်ခြင်းဟူသော အသုံးအနှုန်းကို ကြီးမားသောဒုက္ခ ဟူ၍လည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။
## ဘာသာပြန်အကြံပြုချက်များ
* လူတစ်ဦးမည်သို့ နှစ်ခြင်းခံသင့်သည် ဟူ၍ မတူညီသော ခံယူချက်အမြင် အမျိုးမျိုး ရှိနေပါသည်။ ရေကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေသောကြောင့် ယေဘုယျဆန်ဆန် ဘာသာပြန်သင့်သည်။
* အသုံးပြုသည့်အပေါ်မူတည်ပြီး ဗတ္တိဇံကို သန့်ရှင်းစေခြင်း၊ ရေလောင်းခြင်း၊ ရေထဲနှစ်ခြင်း ဟု ဘာသာပြန်ဆိုသင့်သည် ။

10
bible/kt/believe.md Normal file
View File

@ -0,0 +1,10 @@
# ယုံကြည်သည်၊ စိတ်ချယုံကြည်သည်၊ ယုံကြည်ချက်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ယုံကြည်သည်" နှင့် "စိတ်ချယုံကြည်သည်" ဤအသုံးအနှုန်းနှစ်ခုသည် အဓိပ္ပါယ်နီးစပ်သော်လည်း အနည်းငယ်ကွာခြားသည်။
## ဘာသာပြန်အကြံပြုချက်များ
* ယုံကြည်သည် ဆိုသည်မှာ စစ်မှန်ကြောင်း၊ ဟုတ်မှန်ကြောင်း ယုံကြည်ခြင်းဖြစ်သည်။
* စိတ်ချယုံကြည်သည် ဆိုသည်မှာ အကြွင်းမဲယုံကြည်ခြင်း၊ နာခံလိုက်လျှောက်ခြင်း၊ အကြွင်းမဲမှီခိုပြီး လိုက်လျှောက်ခြင်း ဖြစ်သည်။

15
bible/kt/beloved.md Normal file
View File

@ -0,0 +1,15 @@
# အလွန်ချစ်ခင်သော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤအသုံးအနှုန်းမှာ အချစ်ခံရသောသူ ကိုဖော်ပြသုံးနှုန်းသောစကားဖြစ်သည်။
* အဓိပ္ပါယ်မှာ အချစ်ခံရသောသူဖြစ်သည်။
* ဘုရားသခင်က ယေရှုကို ချစ်သား ဟုပြောဆိုခဲ့သည်။
* ခရစ်ယာန်အသင်းတော်များဆီစာရေးသားရာတွင် တမန်တော်များသည် ယုံကြည်သူများကို ချစ်ခင်ရသောသူများ ဟုနှုတ်ဆက်ရေးသားလေ့ရှိသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤအသုံးအနှုန်းကို အချစ်ခံရသူ၊ ချစ်လှစွာသော၊ အလွန်နှစ်သက်သော ဟုဘာသာပြန်ဆိုနိုင်သည်။
* ခင်မင်ရင်းနှီးသော သူငယ်ချင်း၊ မိတ်ဆွေ ဟုလည်အသုံးပြုနိုင်သည်။ ချစ်လှစွာသော သူငယ်ချင်းပေါလု ဟုလည်းအင်္ဂလိပ်စာအသုံးအနှုန်းရှိသည်။ မိမိဘာသာစကားနှင့်အဆင်ပြေစွာအသုံးပြုနိုင်သည်။
*ချစ်လှစွာသော ဆိုသောစကားမှာ ဘုရား၏ချစ်ခြင်းမှဆင်းသက်လာပြီး အတိုင်းအတာမရှိ၊ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိ၊ ပေးဆပ်သောချစ်ခြင်းဖြစ်သည်။

14
bible/kt/birthright.md Normal file
View File

@ -0,0 +1,14 @@
# အမွေခံခွင့် (သားဦးအရာ)
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းတွင် အမွေခံခွင့် ဟူသည်မှာ ဂုဏ်၊ မိသားစုအမည်၊ ဥစ္စာကြွယ်ဝခြင်းဟူသော သားဦးတို့ရရှိသောအရာဖြစ်သည်။
* သားဦးသည် အဘ၏ဥစ္စာ နှစ်ဆကို ရခွင့်ရှိသည်။
* ရှင်ဘုရင်၏သားဦးသည် ဖခင်နတ်ရွာစံသည့်အခါ နန်းတက်ခွင့်ရှိသည်။
* ဧသောသည် သားဦးအရာကို ညီယာကုပ်ထံရောင်းစားခဲ့သည်။ ထိုကြောင့် ယာကုပ်သည် သားဦးရရှိထိုက်သော အမွေခံများကို ရရှိခဲ့လေသည်။
* သားဦးနေရာမှ မိသားစု၏ဆင်းသက်လာသော ရာဇဝင်ကိုရယူပိုင်ဆိုင်ခွင့်ရှိပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* အမွေခံခွင့် ကိုဘာသာပြန်ရာတွင် သားဦးအရာတွင် အခွင့်အရေး၊ ကြွယ်ဝမှုကိုရယူနိုင်ခြင်း၊ မိသားစုဂုဏ်၊ အမွေအနှစ် စသည်ဖြင့်ပြန်ဆိုနိုင်သည်။

13
bible/kt/blameless.md Normal file
View File

@ -0,0 +1,13 @@
# အပြစ်တင်ခွင့်ကင်းခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အပြစ်တင်ခွင့်ကင်းခြင်း ဆိုသည်မှာ အပြစ်တင်စရာမရှိသော ဘုရားစကားအကြွင်းမဲ့နားထောင်သူဖြစ်သည်။ သို့သော် အပြစ်ကင်းသူဟုလည်း အဓိပ္ပာယ်မရှိချေ။
* အာဗြံဟံ နှင့် နောဧ တို့သည်ဘုရားသခင်ရှေ့တွင် အပြစ်တင်ခွင့်ကင်းလွတ်သူများဖြစ်သည်။
* အပြစ်တင်ခွင့်ကင်းလွတ်သူသည် ဘုရားဘုန်းတော်ထင်ရှားစေသာအရာများကိုသာ ပြုလုပ်လေ့ရှိသည်။
* သမ္မာကျမ်းစာ တစ်ပိုဒ်တွင် အပြစ်တင်ခွင့်ကင်းစင်သောသူသည် ဘုရားကိုကြောက်ရွံ့သူ၊ မကောင်းမှုမှရှောင်ဖွယ်သူ ဟု အဓိပ္ပာယ်ရှိသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤစကားကို အမူအကျင့်တွင်အပြစ်မရှိသူ၊ ဘုရားစကားအကြွင်းမဲ့နားထောင်သူ၊ အပြစ်ကိုရှောင်ရှားသူ၊ မကောင်းမှုမှဝေးဝေးရှောင်သူ ဟုဘာသာပြန်ဆိုနိုင်သည်။

14
bible/kt/blasphemy.md Normal file
View File

@ -0,0 +1,14 @@
# မထီမဲ့မြင်ပြုသည်၊ မထီမဲ့မြင်ပြုသော၊ ပုတ်ခတ်ပြောဆိုသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာတွင် မထီမဲ့မြင်ပြုခြင်း ဆိုသည်မှာ ဘုရား သို့မဟုတ် လူကို စကားအားဖြင့်လွန်စွာ ပြစ်မှားပြောဆိုခြင်းဖြစ်သည်။ ပုတ်ခတ်ပြောဆိုခြင်းဖြင့် လူတစ်ယောက်ကို အခြားသူများ အဆိုးမြင်သွားစေပါသည်။
* ဘုရားကို ပုတ်ခတ်ပြောဆိုခြင်းဆိုသည်မှာ မမှန်သောစကား၊ ရိုင်းပြသောအမူအရာဖြင့် စော်ကားခြင်းဖြစ်သည်။
* မိမိသည် ဘုရားဖြစ်သည်ဟုပြောခြင်း၊ အခြားသောဘုရားတစ်ပါးပါးရှိသည် ဟုပြောဆိုခြင်းသည်လည်း ပုတ်ခတ်စော်ကားခြင်းပင်ဖြစ်သည်။
* အချို့အင်္ဂလိပ်ဘာသာများတွင် သွားပုတ်လေလွင့်ပြောခြင်းဟုလည်း သုံးနှုန်းထားသည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤစကားကို မဟုတ်မမှန်မကောင်းပြောခြင်း၊ ဘုရားကိုမရိုသေခြင်း၊ ပုတ်ခတ်ပြောဆိုသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
* အခြားသူများကိုမှားယွင်းစွာပြောဆိုခြင်း၊ သွားပုတ်လေလွင့်ပြောခြင်း၊ မမှန်သတင်းလွှင့်ခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။

21
bible/kt/bless.md Normal file
View File

@ -0,0 +1,21 @@
# ကောင်းချီး၊ ကောင်းချီးခံရသော၊ ကောင်းချီးခံရခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကောင်းချီးပေးသည်ဆိုမှာ အကျိုးဖြစ်စေရန်၊ ကောင်းမွန်သောအရာများရရှိရန် ဆန္ဒပြုပေးခြင်းဖြစ်သည်။
* တစ်စုံတစ်ယောက်ကို ကောင်းချီးပေးဆိုသည်မှာ အကျိုးရှိသောအရာများဖြစ်လာရန်ဆန္ဒပြုခြင်းဖြစ်သည်။
* သမ္မာကျမ်းစာတွင် ဖခင်တစ်ဦးသည် သားသမီးများအပေါ်ကောင်းချီးပေးလေ့ရှိသည်။
* လူသားများက ဘုရားကို ကောင်းချီးပေးသည်ဆိုခြင်းမှာ ဘုရားကိုချီးမွမ်းခြင်းဖြစ်သည်။
* အစာမစားမှီ ဘုရားကိုကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ကောင်းချီးခြင်းဖြစ်သည်။
// ကောင်းချီး ဟူသောစကား၏မူလအဓိပ္ပါယ်ဖြစ်သော ဥစ္စာကြွယ်ဝခြင်း၊ ကျန်းမာပြည့်စုံခြင်း နှင့်လည်းကွဲပြားစွာအသုံးပြုသင့်ပါသည်။ ကျမ်းစာထဲရှိ ဘုရား၏ချစ်ခြင်း၊ ဂရုဏာတော်၊ ကျေးဇူးတော်များသည် ရှေးခေတ်တွင်ဖြစ်ပျက်ခဲ့ခြင်းသာမဟုတ်ဘဲ ယနေ့ခေတ်တွင်လည်း ဘုရား၏ကာကွယ်ခြင်း၊ အတူရှိခြင်း၊ ဝိညာဉ်တော် စသည်ဖြင့်ခံစားနိုင်ခြင်းဖြစ်သည်။ ကျွနု််ပ်တို့အနေဖြင့် ဘုရားကို ချီးမွမ်းသည်ဆိုရာတွင် ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်း၊ နားလည်ခြင်း အစရှိသည်များဖြင့် နာခံခြင်းပင်ဖြစ်သည်။//
## ဘာသာပြန်အကြံပြုချက်များ
* ကြွယ်ဝစွာပေးခြင်းအတွက်ချီးမွမ်းခြင်း၊ တစ်စုံတစ်ယောက်အား ကြင်နာခြင်း၊ မျက်နှာသာပေးခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
* ဘုရားက ကောင်းသည့်အရာများပေးခြင်း၊ ဘုရားကကြွယ်ဝစွာပေးခြင်း၊ ဘုရားက ကောင်းသည့်အရာများဖြစ်စေရန်လုပ်ဆောင်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
* သူကောင်းချီးခံစားရသည် ဟူသည်ကို သူကောင်းစွာအကျိုးဖြစ်ထွန်းသည်၊ ကောင်းသည့်အရာများခံစားရသည်၊ ဘုရားကသူ့ကိုကြွယ်ဝစေသည်ဟု ပြန်ဆိုနိုင်သည်။
* ကောင်းချီးခံရမည့်သူ ဟူသောစကားကို သူ့အတွက်ကောင်းမွန်လှခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
* ဘုရားကိုကောင်းချီးပေးသည် ဟူသောစကားကို ဘုရားကိုချီးမွမ်းပါစေ၊ ဘုရားကိုချီးမွမ်းပါသည်၊ ကျွနု််ပ်ဘုရားကို ချီးမွမ်းပါသည် ဟုပြန်ဆိုနိုင်သည်။
* အစာမစားခင်ဆုတောင်းသည်မှာ အစာအတွက်ဘုရားကိုချီးမွမ်းခြင်း၊ ကျွေးမွေးသည့်အတွက် ဘုရားကိုကျေးဇူးတင်ခြင်း၊ ဘုရားကိုချီးမွမ်းပြီးဆက်ကပ်အပ်နှံခြင်းဖြစ်သည်။

18
bible/kt/blood.md Normal file
View File

@ -0,0 +1,18 @@
# သွေး
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သွေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာ၊ အနာ မှထွက်လာသော အနီရောင်အရည်ဖြစ်သည်။ သွေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသက်တမျှအရေးပါသည်။
* သွေးသည် အသက်ကိုကိုယ်စားပြုသည်။ သွေးသွန်းခြင်းသည် အသက်ဆုံးရှုံးခြင်း၊ သေဆုံးခြင်းကို ကိုယ်စားပြုပါသည်။
* ဘုရားသခင်ထံယဇ်ပူဇော်ရာတွင် တိရစ္ဆာန်ကိုသတ်ပြီး အသွေးကိုယဇ်ပလ္လင်ပေါ်တွင် သွန်းလောင်းကြသည်။ တိရစ္ဆာန်အသက်သွန်းခြင်းသည် လူ၏အပြစ်ကို ဖြေခြင်းပင်ဖြစ်ပါသည်။
* ကားတိုင်ပေါ်တွင် ယေရှုအသေခံခြင်းသည် လူတို့၏အပြစ်ကိုဖြေခြင်း၊ သန့်ရှင်းစေခြင်းအားဖြင့် စီရင်မခံရတော့ခြင်းကို ကိုယ်စားပြုပါသည်။
* အသွေးနှင့်အသား သည် လူသားကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
* "မိမိ၏အသွေးအသား" ဆိုသည်မှာ ကိုယ်ကာယနှင့်စပ်ဆိုင်ခြင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ရည်ညွှန်းဘာသာနှင့် သက်ဆိုင်သော သွေးဟူသော အသုံးအနှုန်းများကိုအသုံးပြုသင့်ပါသည်။
* "အသွေးနှင့် အသား" ကို လူ ဟု ဘာသာပြန်ဆိုနိုင်သည်။
* ငါ့အသွေးအသား ဟူသောစကားကို အကြောင်းအရာပေါ်မူတည်ပြီး ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးဟု ဘာသာပြန်ဆိုနိုင်သည်။
* မိမိဘာသာပြန်မည့်ဘာသာစကားတွင် အသွေးအသား ဟူသောစကားရှိပါက ထိုစကားကိုအသုံးပြုသင့်သည်။

18
bible/kt/boast.md Normal file
View File

@ -0,0 +1,18 @@
# ကြွားသည်၊ ဝါကြွားသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကြွားသည် ဆိုသောအဓိပ္ပာယ်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ဝင့်ကြွားစွာပြောခြင်းဖြစ်သည်။ မိမိကိုယ်ကို လေလုံးထွားခြင်းဖြစ်သည်။
* ဝါကြွားသောသူသည် မိမိအကြောင်းကို ဂုဏ်ဝင့်စွာပြောကြားသည်။
* ဣသရေလ လူများသည် သူတို့၏ရုပ်တုများဝင့်ကြွားကြသောကြောင့် ဘုရားသခင်ပြင်းစွာသွန်သင်ခဲ့သည်။ စစ်မှန်သောဘုရားမဟုတ်ဘဲ မှားယွင်းသောဘုရားကို ဝင့်ကြွားစွာကိုးကွယ်ခဲ့ကြသည်။
* ကျမ်းစာထဲတွင်လည်း ကြွယ်ဝမှု၊ ခွန်အားကြီးမှု၊ လယ်မြေဖြစ်ထွန်းမှု၊ အာဏာတည်မြဲမှုကို ဝါကြွားသောသူများအကြောင်းရှိပါသည်။ ထိုသူတို့သည် ဤအရာများအပေါ်ဝါကြွားပြီး ဘုရားကထိုအရာများကိုပေးထားကြောင်းကို အသိအမှတ်မပြုခြင်းဖြစ်သည်။
* ဣသရေလလူများ မိမိကို သိခြင်းကြောင့်သာ ဝါကြွားစေရန် ဘုရားကသွန်သင်ထားသည်။
* တမန်တော်ပေါလုကလည်း ဘုရားပြုခဲ့ပြီးသော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ပြီးပျော်ရွှင်ရန် ထိုကဲ့သို့သာ ဝါကြွားရန်သွန်သင်ခဲ့သည်။
## ဘာသာပြန်အကြံပြုချက်များ
* ဝါကြွားခြင်းကို မောက်မာခြင်း၊ ဝင့်ကြွားစွာပြောဆိုခြင်း၊ ဂုဏ်ယူခြင်းဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* ဝါကြွားသော ကို ဂုဏ်ဝင့်သောစကားများဖြင့်ပြည့်နှက်နေသော၊ တစ်စုံတစ်ယောက်အကြောင်း ဝင့်ကြွားစွာပြောနေသော ဟုပြန်ဆိုနိုင်သည်။
* ဘုရားကိုသိကျွမ်းရာ၌ဝင့်ကြွားခြင်း ဆိုသည်မှာ ဂုဏ်ယူခြင်း၊ အလေးမြတ်ထားခြင်း၊ လွန်စွာဝမ်းမြောက်ခြင်း၊ ဘုရားကိုကျေးဇူးတင်ခြင်း စသည်တို့ဖြစ်သည်။
* အချို့ဘာသာစကားတွင် မာနဟူသောစကားသည် အဓိပ္ပာယ်(၂) မျိုးရှိသည်။ မောက်မာခြင်း ဟူသောအနုတ်လက္ခဏာနှင့် မိမိအလုပ်၊ မိသားစု၊ နိုင်ငံအတွက် ဂုဏ်ယူသည်ဟူသော အပေါင်းလက္ခဏာ တို့ဖြစ်သည်။

19
bible/kt/body.md Normal file
View File

@ -0,0 +1,19 @@
# ခန္ဓာကိုယ်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ခန္ဓာကိုယ်ဆိုသည်မှာ လူ၊ တိရစ္ဆာတို့၏ ကိုယ်ထည်ဖြစ်သည်။ ဤစကားကို ပုံပမာအနေဖြင့် အရာဝတ္ထု သို့မဟုတ် အဖွဲ့ဝင်များပါဝင်သောအဖွဲ့တစ်ခုလုံးကို ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။
* ခန္ဓာကိုယ် ဆိုသည်မှာ လူ၊ တိရစ္ဆာန်၏ အသေကောင်ကိုရည်ညွှန်းလေ့ရှိသည်။ တစ်ခါတစ်ရံ အလောင်း၊ လူသေ ဟုလည်းရည်ညွှန်းအသုံးပြုသည်။
* နောက်ဆုံးပဿခါပွဲ၌ ယေရှုပြောသော "ဤမုန့်ကား ငါ၏ကိုယ်ဖြစ်သည်" ဆိုသည်မှာ သူတို့၏အပြစ်ကြောင့် ချိုးဖဲ့ကြေမွခြင်း(သတ်ခြင်း)ခံရမည့် "ယေရှု၏ခန္ဓာကိုယ်" ကို ရည်ညွှန်းခြင်းဖြစ်သည်။
* သမ္မာကျမ်းစာတွင် ခရစ်ယာန်များကို ခရစ်တော်၏ကိုယ် ဖြစ်သည်ဟုရည်ညွှန်းကြသည်။
* ကိုယ်ခန္ဓာ၌ အစိတ်အပိုင်းများရှိသကဲ့သို့ ခရစ်တော်၏ကိုယ်၌လည်း အစိတ်အပိုင်းများစွာရှိပါသည်။
* ယုံကြည်သူတစ်ယောက်စီတိုင်းသည် ခရစ်တော်၏ကိုယ်အစိတ်အပိုင်းဖြစ်ပြီး ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
* ခရစ်တော်သည် ဦးခေါင်းဖြစ်ပြီး ယုံကြည်သူများသည် ကိုယ်ဖြစ်သည်။ ဦးခေါင်းသည် ကိုယ်ခန္ဓာကို ညွှန်ကြားသကဲ့သို့ ခရစ်တော်သည်လည်း ခရစ်ယာန်များကို လမ်းညွှန်ပြသသူဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ဤစကားကို ဘာသာပြန်ရာ၌ ခန္ဓာကိုယ်နှင့်သက်ဆိုင်သောစကားလုံးကိုသာရွေးချယ်သင့်သည်။ ရိုင်းပြသောစကားလုံးမဖြစ်စေရန် သတိပြုရမည်။
* အချို့သောဘာသာစကားများတွင် ယုံကြည်သူ ဟုပြောဆိုရာတွင် ခရစ်တော်၏ဝိညာဉ်ခန္ဓာ ဟုသုံးခြင်းက ပိုတိကျမှန်ကန်သည်။
* ခရစ်တော်ပြောသော ဤအရာသည်ငါ၏ကိုယ်ဖြစ်သည် ဟူသောစကားကို လိုအပ်ပါကထပ်မံရှင်းပြပေးသင့်သည်။
* အချို့ဘာသာများတွင် လူသေဟူသောအသုံးအနှုန်းအတွက်စကားသပ်သပ်ရှိသည်။ ဥပမာ အလောင်း၊ တိရစ္ဆာန်အသေကောင်။ လူများ နားလည်လက်ခံနိုင်သောအသုံးအနှုန်းဖြစ်သင့်သည်။

19
bible/kt/bond.md Normal file
View File

@ -0,0 +1,19 @@
# ချည်သည်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားသည် တစ်စုံတစ်ခုကို မြဲစွဲချည်နှောင်ထားခြင်းဖြစ်သည်။ ချည်နှောင်ထားသည့်အရာ၊ ဆက်ထားသည့်အရာ ကို "bond-ချည်နှောင်သည်" ဖြစ်သည်။ ဤ "bound" စကားလုံးမှာ bond ၏ အတိတ်ကာလပြ စာလုံးဖြစ်သည်။
* ချည်နှောင်သည် ဆိုရာတွင် တစ်စုံတစ်ခုကိုတုပ်နှောင်၊ ပူးတွဲထားခြင်းဖြစ်သည်။
* ပုံပမာအားဖြင့် လူတစ်ယောက်ကတိပြုထားသောအရာကို ပြည့်စုံအောင်လုပ်ဆောင်ရခြင်းဖြစ်သည်။
* ချည်နှောင်ခြင်း၊ တုပ်နှောင်ခြင်းလည်းဖြစ်သည်။ လူတစ်ယောက် မလွှတ်မြောက်နိုင်ရန် ချည်နှောင်ထားသော သံကြိုး ၊ကြိုး စသည်တို့ဖြစ်သည်။
* ကျမ်းစာထဲတွင် ထောင်သားကို ကျောက်တုံး၌ သံကြိုး၊ ကြိုးစသည်တို့နှင့် ချည်နှောင်ထားခြင်းရှိသည်။
* အနာကျက်စေရန် အဝတ်နှင့်စည်းနှောင်ထားခြင်း၌လည်း ဤစကားကိုအသုံးပြုသည်။
* လူသေကိုအဝတ်နှင့်စည်းနှောင်ပြီး သင်္ဂြိုလ်လေ့ရှိသည်။
* ပုံပမာခိုင်းနှိုင်းပြီး အပြစ်တရား၏နှောင်ဖွဲ့ခြင်းဟုလည်း အသုံးပြုနိုင်သည်။
* တစ်ယောက်နှင့်တစ်ယောက် စိတ်ဓာတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်း၊ ကိုယ်ခန္ဓာပိုင်း ထောက်ပံ့ခြင်းကိုလည်း ဆိုလိုပါသည်။ ထိမ်းမြားမင်္ဂလာ ဟုလည်းအသုံးပြုပါသည်။
* ဥပမာ- ယောကျာ်းနှင့်မိန်းမတို့၏ ပေါင်းဖက်ခြင်း၊ ထိုပေါင်းဖက်ခြင်းကို ဘုရားသခင်က ကွဲကွာရန်အလိုတော်မရှိပေ။
## ဘာသာပြန်အကြံပြုချက်
* ချည်သည်၊ ချည်နှောင်သည်၊ တုပ်နှောင်သည် ဟုဘာသာပြန်ဆိုနိုင်သည်။

17
bible/kt/bornagain.md Normal file
View File

@ -0,0 +1,17 @@
# အသစ်တဖန်မွေးခြင်း၊ ဘုရား၌မွေးဖွားခြင်း၊ အသစ်သောမွေးခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤ "အသစ်တဖန်မွေးခြင်း" စကားလုံးကို ယေရှုအရင်သုံးခဲ့သည်။ ဘုရားက ဝိညာဉ်အားဖြင့်သေသူကို ဝိညာဉ်အားဖြင့်ပြန်လည်ရှင်သန်စေသည်ဟုဆိုခြင်းဖြစ်သည်။ ဘုရား၌မွေးခြင်း၊ ဝိညာဉ်တော်၌မွေးခြင်းသည် ဝိညာဉ်ရေးအသက်တာအသစ် ရသောသူကိုဆိုလိုပါသည်။
* လူအားလုံးသည် မွေးဖွားစဉ်က ဝိညာဉ်အသေဖြစ်ပြီး ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ချိန်တွင် အသစ်သောမွေးဖွားခြင်းကိုရရှိသည်။
* ဝိညာဉ်ရေးအသစ်မွေးဖွားခြင်းတွင် ဘုရား၏ဝိညာဉ်တော်က ယုံကြည်သူထံတွင်အသက်ရှင်နေပြီး ဝိညာဉ်အသီးများသီးစေရန် ခွန်အားပေးလျက်ရှိသည်။
* လူတစ်ယောက် အသက်တာအသစ်ဖြစ်လာရန်၊ ဘုရား၏သားသမီးဖြစ်လာစေရန်မှာ ဘုရားသခင်ပြုလုပ်ပေးမှသာဖြစ်နိုင်သည်။
## ဘာသာပြန်အကြံပြုချက်များ
* အသစ်တဖန်မွေးခြင်း ကို အသစ်မွေးဖွားခြင်း၊ ဝိညာဉ်ရေးရာမွေးဖွားခြင်း ဟုပြန်ဆိုနိုင်သည်။
* ဘာသာပြန်ဆိုမည့် ဘာသာစကားနှင့်လျော်ညီစွာ မွေးဖွားခံခြင်း ဟုပြန်ဆိုသင့်သည်။
* အသစ်မွေးဖွားခြင်းကို ဝိညာဉ်ရေးမွေးဖွားခြင်း ဟုပြန်ဆိုသင့်သည်။
* ဘုရား၌မွေးဖွားခြင်း ကို ဘုရားကြောင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ရှိခြင်း၊ ဘုရားပေးသောအသက်တာအသစ် ဟုပြန်ဆိုနိုင်သည်။
* ထို့အတူ ဝိညာဉ်၌မွေးခြင်း ဆိုသောအသုံးအနှုန်းသည်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်တာသစ်ရှိခြင်း၊ ဝိညာဉ်တော်ခွန်အားဖြင့် ဘုရားသားသမီးဖြစ်လာခြင်း၊ ဝိညာဉ်တော်အားဖြင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ဖြစ်ခြင်း ဖြစ်သည်။

18
bible/kt/brother.md Normal file
View File

@ -0,0 +1,18 @@
# ညီအစ်ကို
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ညီအစ်ကို ဆိုသည်မှာမိဘတစ်ဦးဦးအားဖြင့် သွေးသားတော်စပ်သော ယောကျာ်းနှစ်ဦးဖြစ်သည်။
* ဓမ္မဟောင်းကျမ်းတွင် ညီအစ်ကိုဆိုသည်မှာ ယေဘုယျအားဖြင့် တူညီသောမျိုးနွယ်၊ လူစု ထဲမှဖြစ်သောလူများကိုဆိုလိုပါသည်။
* ဓမ္မသစ်ကျမ်းတွင် တမန်တော်ပေါလုက ခရစ်တော်၌ယုံကြည်သော ယောကျာ်း၊ မိန်းမ များကို ညီအစ်ကို ဟူသောအသုံးအနှုန်းဖြင့် ခေါ်ဆိုလေ့ရှိသည်။ ထိုသူတို့သည် ကောင်းကင်ရှင်အဖဘုရား၏ မိသားစုဝင်များပင်ဖြစ်ကြသည်။
* တမန်တော်ပေါလုက ညီအစ်မများ ဟုသုံးနှုန်းသော အသုံးအနှုန်းကိုလည်း တစ်ခါတစ်ရံတွေ့နိုင်ပါသည်။ ဥပမာ- ရှင်ယုဒက စားစရာနှင့်အဝတ်အထည်လိုအပ်သော ညီအစ်ကို၊ ညီအစ်မများကို ရည်ညွှန်းပြီး ယုံကြည်သူအားလုံးကိုပြောဆိုခဲ့ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* သွေးသားတော်စပ်သော ညီအစ်ကို၊ သွေးသားမတော်စပ်သောညီအစ်ကို စသည်ဖြင့် မရောထွေးစေရန် အခြားစကားလုံးကိုအသုံးပြုသင့်သည်။ သို့သော် အဓိပ္ပါယ်ရောထွေးခြင်းမရှိပါက အသုံးပြုနိုင်ပါသည်။
* ဓမ္မဟောင်းတွင် ညီအစ်ကို ဟုဆိုရာ၌ မျိုးနွယ်တူသောလူအုပ်စုကို ရည်ညွှန်းပါသည်။ ထိုကြောင့် ဘာသာပြန်ရာတွင် ဆွေးမျိုး၊ မျိုးနွယ်ဝင်၊ ဣသရေလလူမျိုး ဟုထည့်သွင်းသင့်ပါသည်။
* ခရစ်တော်၌နောက်လိုက်ဖြစ်ခြင်းကို ရည်ညွှန်းရာတွင် ဤစကားကို ခရစ်တော်၌ညီအစ်ကို၊ ဝိညာဉ်ရေးညီအစ်ကို ဟုပြန်ဆိုသင့်သည်။
* ရည်ညွှန်းသောလူစုတွင် အမျိုးသမီးများပါဝင်ပါက ညီအစ်ကို ဟူသောစကားလုံးသည် အဓိပ္ပါယ်မပြည့်စုံပေ။ ထို့ကြောင့် ယောကျာ်း၊ မိန်းမ ပါဝင်သောယေဘုယျ စကားလုံးကို အသုံးပြုသင့်သည်။
* အမျိုးသား၊ အမျိုးသမီးပါဝင်သောအသုံးအနှုန်းမှာ နောက်လိုက်ယုံကြည်သူများ၊ ခရစ်ယာန်ညီအစ်ကိုမောင်နှမများ ဟုအသုံးပြုနိုင်သည်။
* ယောကျာ်းကိုရည်ညွှန်းခြင်းလား၊ ယောကျာ်းမိန်းမ(၂) မျိုးလုံးကို ရည်ညွှန်းခြင်းလား ဆိုသည်ကို သတိထားပြီး ဘာသာပြန်ဆိုသင့်ပါသည်။

27
bible/kt/call.md Normal file
View File

@ -0,0 +1,27 @@
# ခေါ်သည်၊ ခေါ်ခြင်း၊ ခေါ်ဆိုသည်၊ အော်ခေါ်သည်။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကား(ဝေါဟာရ) ၏အဓိပ္ပာယ်မှာ အဝေးတစ်နေရာရှိလူကြားစေရန် ကျယ်ကျယ်အော်ပြောခြင်းဖြစ်သည်။ ပုံဥပမာခိုင်းနှိုင်းပြောဆိုသော အသုံးအနှုန်းလည်းဖြစ်ပါသည်။
*တစုံတစ်ယောက်ကို "အော်ခေါ်သည်" ဆိုသည်မှာ အဝေး၌ရှိလူကြားစေရန် အော်ပြောခြင်းဖြစ်သည်။ အထူးသဖြင့် ဘုရားကိုအော်ဟစ်အကူအညီတောင်းခြင်းဟုလည်း အဓိပ္ပါယ်ရှိပါသည်။
* ကျမ်းစာထဲတွင် "ခေါ်သည်" သို့မဟုတ် "ဆင့်ခေါ်သည်" သို့မဟုတ် "လာရန်အမိန့်ပေးသည်" သို့မဟုတ် "လာရန်တောင်းဆိုသည်" ဟုအဓိပ္ပါယ်ရှိပါသည်။
* ဘုရားက လူများသူ့ဆီလာရန်၊ သူ၏လူမျိုးဖြစ်ရန် ခေါ်ဆိုလျက်ရှိသည်။
* ကျမ်းစာထဲရှိ "ခေါ်သည်" ဟူသောဝေါဟာရ၏ အဓိပ္ပါယ်မှာ ဘုရားကသူ၏လူ၊ သူ၏အစေခံ၊ ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်းကို သက်သေခံရန် ဟူ၍ဖြစ်ပါသည်။
* တစ်စုံတစ်ယောက်၏ နာမည်ကိုခေါ်ဆိုရာတွင်လည်း အသုံးပြုပါသည်။ ဥပမာ- သူအမည်မှာ ဂျွန်ဖြစ်သည်၊ သူ့ကို ယောဟန်ဟုအမည်ပေးထားသည် သို့မဟုတ် သူ့နာမည်သည် ယောဟန်ဖြစ်သည်။
* တစ်စုံတစ်ယောက်၏အမည်ကိုအစွဲပြုပြီး တစ်စုံတစ်ယောက်အား ခေါ်ဆိုလေ့ရှိသည်။ ဥပမာ- ဘုရားသူ၏လူမျိုးတော် သူ၏နာမည်ဖြင့်ခေါ်သည်။
* "နာမည်ဖြင့်ခေါ်ဆိုခြင်း" ဆိုသည်မှာ ဘုရားက ထိုသူကိုသိကျွမ်းပြီး သူ့ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* "ခေါ်သည်" ဟူသောဝေါဟာရကို "ဆင့်ခေါ်သည်" ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ သို့မှသာ ရည်ရွယ်ချက်ရှိရှိခေါ်ဆိုကြောင်းပေါ်လွင်မည်ဖြစ်သည်။
* "သင့်ကိုခေါ်သည်" ဟူသောစကားအဓိပ္ပါယ်မှာ "သင့်ကိုအကူအညီတောင်းသည်"၊ "သင့်ထံသို့အရေးတကြီးတောင်းဆိုသည်" ဟုဖြစ်ပါသည်။
* ဘုရားက အစေခံအဖြစ်ခေါ်ဆိုသည် ဟူသောသမ္မာကျမ်းစာဖော်ပြသောအဓိပ္ပါယ်မှာ "အထူးရွေးချယ်ထားသော" သို့မဟုတ် "အစေခံတာဝန်ထမ်းရန် ခန့်အပ်ထားသည်"ဟု ဘာသာပြန်ဆိုနိုင်သည်။
* "သင်သူ့နာမည်ခေါ်ရမည်" ဟူသောစကားလုံးကို "သင်သူ့ကိုအမည်ပေးသင့်သည်" ဟုဘာသာပြန်ဆိုသင့်သည်။
* သူ့နာမည်ကို ထိုသို့မှည့်ထားသည်ဟု ပြန်ဆိုနိုင်သည်။
* "အော်ခေါ်သည်" ဆိုသည်မှာ "ကျယ်လောင်စွာပြောဆိုခြင်း"၊ "အော်ခြင်း"၊ "ကြီးသောအသံနှင့်ပြောခြင်း" ဖြစ်သည်။ ဒေါသထွက်နေသည့်ပုံစံ မပေါ်ရန်ဘာသာပြန်ဆိုသင့်သည်။
* "သင်၏ခေါ်ယူခြင်း" ဟူသောအသုံးအနှုန်းမှာ "သင်၏ရည်ရွယ်ချက်"၊ "သင့်အပေါ် ဘုရားကထားရှိသောရည်ရွယ်ချက်"၊ "ဘုရားပြင်ဆင်ထားသော အထူးတာဝန်" ဟုပြန်ဆိုနိုင်သည်။
* ဘုရားနာမည်ခေါ်ဆိုခြင်း ဆိုသည်မှာ "ဘုရားကိုခိုလှုံတမ်းတခြင်း"၊ "ဘုရားကိုယုံကြည်နာခံခြင်း" ဖြစ်သည်။
* တစ်စုံတစ်ခုကိုခေါ်ဆိုခြင်း ဆိုသည်မှာ "တောင်းဆိုခြင်း"၊ "အကူအညီယူခြင်း"၊ "အမိန့်ပေးခြင်း" ဖြစ်သည်။
* ငါ၏အမည်ဖြင့်သင့်ကိုခေါ်ဆိုမည် ဟူသောအဓိပ္ပါယ်မှာ သင်သည်ငါနှင့်ဆိုင်သောကြောင့် သင့်ကိုငါ့အမည် ပေးထားသည်ဟူ၍ ဖြစ်ပါသည်။
* သင့်ကိုငါခေါ်သည် ဟူသောစကားမှာ ဘုရားကသင့်ကိုသိပြီး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။

11
bible/kt/centurion.md Normal file
View File

@ -0,0 +1,11 @@
# စင်ကျူရီယန် (ရောမတပ်မှူး)
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
စင်ကျူရီယန် ဆိုသည်မှာ စစ်သား (၁ဝဝ) ကိုအုပ်ချုပ်ရသော ရောမတပ်မှူးဖြစ်သည်။
* ထိုဝေါဟာရကို "လူတစ်ရာ၏ခေါင်းဆောင်"၊ "တပ်မတော်အရာရှိ"၊ သို့မဟုတ် "တပ်သားတစ်ရာအုပ်သောအရာရှိ" ဟုဘာသာပြန်ဆိုနိုင်သည်။
* ရောမတပ်မှူးတစ်ဦးသည် ယေရှုဆီလာရောက်ပြီး သူ၏အစေခံကိုကုသပေးရန် တောင်းဆိုခဲ့သည်။
* ယေရှုသေဆုံးချိန်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသော တပ်မှူးသည်အံ့အားသင့်ခဲ့ရသည်။
* ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို ရှင်းပြနိုင်ရန် ဘုရားက တပ်မှူးတစ်ယောက်ကို ပေတရုထံသို့စေလွှတ်ခဲ့သည်။

22
bible/kt/children.md Normal file
View File

@ -0,0 +1,22 @@
# ကလေးများ၊ ကလေး
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကျမ်းစာထဲတွင် ကလေးဟူသောအသုံးအနှုန်းမှာ မွေးကင်းစကလေး အပါအဝင် အသက်ငယ်ရွယ်သူများကိုဆိုလိုပါသည်။ "ကလေးများ" ဆိုသည်မှ အများကိန်းဖြစ်ပြီး ပုံပမာခိုင်းနှိုင်းပြီး အသုံးပြုသည့်အဓိပ္ပါယ်များလည်းရှိပါသည်။
* ကျမ်းစာထဲတွင် တပည့်တော်များနှင့် နောက်လိုက်များကို ကလေးများ ဟုတစ်ခါတစ်ရံတွင်ခေါ်ဆိုပါသည်။
* ကလေး ဆိုသည်မှာ လူတစ်ဦး၏သားစဉ်မြေးဆက်ဟု ခေါ်ဆိုပါသည်။
* သွင်ပြင်လက္ခဏာ တစ်ခုခုကိုသတ်မှတ်ပြီး ကလေးဟုလည်းခေါ်ဆိုလေ့ရှိပါသည်။ ဥပမာအချို့မှာ-
* အလင်း၏ကလေးများ
* နာခံသောကလေးများ
* နတ်ဆိုး၏ကလေးများ
* ၀ိညာဉ်ရေးနှင့်သက်ဆိုင်သော သားသမီးအဖြစ်လည်း မှတ်ယူနိုင်သည်။ ဥပမာ- "ဘုရားသခင်၏သားသမီးများ" ဆိုသည်မှာ ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားနှင့်သက်ဆိုင်သောသူများဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* လူတစ်ဦး၏ သား၊ မြေး၊ မြစ် စသည်ဖြင့်ဖော်ပြလိုသောအခါ ကလေး ဟူသောစကားကို သားစဉ်မြေးဆက်များဟု ဘာသာပြန်ဆိုနိုင်သည်။
* ရည်ညွှန်းလိုသည့်အပေါ်မူတည်ပြီး ကလေးကဲ့သို့ ဟူသောစကားကို ထိုကဲ့သို့သွင်ပြင်လက္ခဏာရှိသော၊ ထိုကဲ့သို့ပြုမူကျင့်ကြံသော ဟုဘာသာပြန်ဆိုနိုင်သည်။
* ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံအဖဖြစ်သောကြောင့် ဘုရားသားသမီးဟူသော အသုံးအနှုန်းကိုဂရုတစိုက်အသုံးပြုသင့်သည်။ ဘုရားနှင့်သက်ဆိုင်သောသူ၊ ဘုရား၏ဝိညာဉ်ရေး သားသမီးများ ဟုပြန်ဆိုနိုင်သည်။
* ယေရှုက တပည့်တော်များကို "ကလေးများ" ဟု ခေါ်ဆိုခြင်းကို "ချစ်သောမိတ်ဆွေများ"၊ "ချစ်သောတပည့်များ" ဟု ဘာသာပြန်ဆိုနိုင်သည်။
* ပေါလုနှင့် ယောဟန်တို့က ယေရှုကိုယုံကြည်သူများကို ကလေးများအဖြစ်ညွှန်းဆိုခြင်းကို "ချစ်သောယုံကြည်သူများ" ဟု ဘာသာပြန်ဆိုနိုင်သည်။
* "ကတိထားသောသားသမီးများ" ဟူသောအသုံးအနှုန်းကို "ဘုရား၏ကတိတော်ကိုခံယူရရှိသောသူများ" ဟု ဘာသာပြန်ဆိုနိုင်သည်။

18
bible/kt/christ.md Normal file
View File

@ -0,0 +1,18 @@
# ခရစ်တော်၊ မေရှိယ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"မေရှိယ"၊ "ခရစ်တော်" ဟူသောအဓိပ္ပါယ်မှာ "ရွေးကောက်ထားသော "ဘိသိပ်ခံသောသူ" ဖြစ်ပြီး ဘုရားသားတော် ယေရှုကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
* "မေရှိယ၊ ခရစ်တော်" စသည်တို့ကို ဓမ္မသစ်ကျမ်းတွင် အသုံးပြုထားပြီး အပြစ်သေခြင်းမှ မိမိလူတို့ကိုကယ်တင်ရန် အဖဘုရားကရွေးချယ်ခန့်အပ်ထားသော ဘုရားသခင်၏သားတော်ကို ရည်ညွှန်းပါသည်။
* ဓမ္မဟောင်းခေတ်တွင် ခရစ်တော်မပေါ်ထွန်းမှီ နှစ်ပေါင်း ရာချီကတည်းက ပရောဖက်များက မေရှိယ အကြောင်းဗျာဒိတ်ပေးထားခဲ့သည်။
* "ရွေးချယ်ထားသောသူ "ဘိသိပ်ခံသောသူ" ဆိုသောအဓိပ္ပါယ်ကို ဓမ္မဟောင်းကာလတွင် မေရှိယ ဟူသောပေါ်ထွန်းမည့်သူကိုရည်ညွှန်းထားခြင်းဖြစ်သည်။
* ယေရှုသည် ထူးဆန်းသောနမိတ်လက္ခဏာများပြသပြီး မိမိသည်မေရှိယဖြစ်ကြောင်း သက်သေပြခဲ့သည်။ ကျန်ရှိသော ပရောဖက်ဟောထားချက်များကို နောက်တစ်ဖန်ခရစ်တော်ပြန်လာချိန်တွင် ပြည့်စုံစေမည်ဖြစ်သည်။
* ခရစ် ဟူသောစကားကို ခေါင်းစဉ်အဖြစ်အသုံးပြုသည်။ ခရစ်တော်၊ ယေရှုခရစ်တော် စသည်ဖြင့်ဖြစ်သည်။
* "ခရစ်တော်ဟူသော" စကားမှာလည်း ယေရှုခရစ်တော်၏နာမည်တစ်စိတ်တစ်ပိုင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* အဓိပ္ပါယ်ကိုလိုက်ပြီး "ရွေးကောက်ထားသောသူ၊ ဘိသိပ်သောသူ" ဘုရားရွေးချယ်ထားသော ကယ်တင်ရှင် ဟုအသုံးပြုနိုင်သည်။
* ဘာသာစကားများစွာက ခရစ်တော် (သို့မဟုတ်) မေရှိယ စသည်ဖြင့် စလုံးဖလှယ်၍အသုံးပြူကြသည်။

17
bible/kt/christian.md Normal file
View File

@ -0,0 +1,17 @@
# ခရစ်ယာန်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ခရစ်တော် ကောင်းကင်သို့ပြန်လည်တက်သွားချိန်တွင် သူ၏နောက်လိုက်များကို ခရစ်ယာန်ဟုခေါ်ဆိုခဲ့ကြသည်။ အဓိပ္ပါယ်မှာ ခရစ်တော်၏ နောက်လိုက်ဖြစ်သည်။
* အန္တိအုတ်မြို့သည် ခရစ်တော်၏နောက်လိုက်များကို ခရစ်ယာန်များဟု စတင်ပြီးခေါ်ဆိုခဲ့ကြသောမြို့ဖြစ်သည်။
* ခရစ်ယာန်တစ်ဦးသည် ခရစ်တော်သည်ဘုရားသားဖြစ်သည်ကိုယုံကြည်ပြီး ခရစ်တော်သည် သူ့ကိုအပြစ်မှကယ်တင်ကြောင်းကို ယုံကြည်သောသူသည်။
* မျက်မှောက်ခေတ်တွင် ခရစ်ယာန် ဆိုသည်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများကိုခေါ်ဆိုခြင်းဖြစ်ပြီး ထိုသူများသည် ခရစ်တော်နောက်လိုက်များမဟုတ်ပေ။ ခရစ်ယာန်ဟူသောအဓိပ္ပါယ်မှာလည်း ထိုကဲ့သို့မဟုတ်ပေ။
* ကျမ်းစာထဲတွင် ခရစ်ယာန်တစ်ယောက်သည် ယေရှုကိုစစ်မှန်စွာယုံကြည်သောသူဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်ကို ယုံကြည်သူ ဟုလည်းခေါ်ဆိုနိုင်သည်။
## ဘာသာပြန်အကြံပြုချက်များ
* "ခရစ်တော်နောက်လိုက်" သို့မဟုတ် "ခရစ်တော်နောက်လိုက်ကိုလိုက်သော" ကို "ခရစ်တော်နှင့်တူသောသူ" ထိုကဲ့သို့ဘာသာပြန်ဆိုနိုင်သည်။
* ဘာသာပြန်ရာတွင် တပည့်တော်၊ တမန်တော်များနှင့် မတူညီအောင် ဘာသာပြန်ဆိုသင့်သည်။
* အဖွဲ့တစ်ဖွဲ့ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်သူအားလုံး ကိုရည်ညွှန်းသောစကားလုံးဖြစ်ရန် ဘာသာပြန်ဆိုသင့်သည်။
* မိမိဘာသာစကား သို့မဟုတ် နိုင်ငံသုံးဘာသာစကားတွင် မည်ကဲ့သို့ဘာသာပြန်ထားသည်ကိုလည်း ချင့်ချိန်အသုံးပြုသင့်သည်။

18
bible/kt/church.md Normal file
View File

@ -0,0 +1,18 @@
# အသင်းတော် (ဘုရားကျောင်း)
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဓမ္မသစ်ကျမ်းတွင် အသင်းတော် ဟူသောအသုံးအနှုန်းမှာ ယေရှုကိုယုံကြည်ပြီး အတူတကွ တရားနားထောင်၊ ဆုတောင်းသူများကိုဆိုလိုသည်။ ဘုရားကျောင်းဆိုသည်မှာ များသောအားဖြင့် ခရစ်ယာန်အားလုံးကို ရည်ညွှန်းပါသည်။
* အထူးရည်ရွယ်ချက်တစ်ခုအတွက် စုဝေးကြသောသူများကို ရည်ညွှန်းပါသည်။
* ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော ယုံကြည်သူအားလုံးကို ရည်ညွှန်းလိုသောအခါ ဘုရားကျောင်း (Church) ဟူသောစကား၏ ပထမစာလုံးကို အကြီးဖြင့်ရေးသားပြီး၊ ဒေသတွင်းရှိ ဘုရားကျောင်း (အသင်းတော်)နှင့်မတူညီစေရန်ပြုလုပ်ထားပါသည်။
* တစ်နေရာတွင်ရှိသော ယုံကြည်သူများသည် တစ်စုံတစ်ယောက်၏အိမ်တွင် တွေ့ဆုံလေ့ရှိကြသည်။ ထိုကဲ့သို့ ဘုရားကျောင်းများကို မြို့နာမည်ပေါ်တွင်မူတည်ပြီး ဥပမာ- ဧဖက် ဘုရားကျောင်း (အသင်းတော်) ဟုအမည်မှည့်ခေါ်ကြသည်။
* ကျမ်းစာထဲတွင် ဘုရားကျောင်းဆိုသည်မှာ အဆောက်အအုံကို ရည်ညွှန်းထားခြင်းမဟုတ်ပါ။
## ဘာသာပြန်အကြံပြုချက်များ
* ဘုရားကျောင်းကို "အတူတကွစုပေါင်းသည်"၊ "စုစည်းခြင်း"၊ "လူအစုအဝေး"၊ "အတူတကွတွေ့ဆုံသူများ" ဟု ဘာသာပြန်ဆိုနိုင်သည်။
* ထိုကဲ့သို့ဘာသာပြန်ဆိုရာတွင် အဖွဲ့တစ်ခုထဲကိုသာမဟုတ်ဘဲ ယုံကြည်သူအားလုံးကိုခြုံငုံသင့်သည်။
* ဘုရားကျောင်းဟူသော အသုံးအနှုန်းသည် အဆောက်အအုံကို မရည်ညွှန်းကြောင်း ဆင်ခြင်သင့်ပါသည်။
* ဓမ္မဟောင်းတွင် ပါရှိသော လူအစုအဝေးသည် ဘုရားကျောင်းဟူသောစကားလုံးနှင့်အတူတူပင်ဖြစ်ပါသည်။
* မိမိဒေသနှင့် လူမျိူးများ၏ဘာသာစကားဖြင့် မည်ကဲ့သို့ဘာသာပြန် ထားကြသည်ကို ဆင်ခြင်သင့်သည်။

18
bible/kt/circumcise.md Normal file
View File

@ -0,0 +1,18 @@
# အရေပြားလှီးသည်၊ အရေပြားလှီးခြင်း။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"အရေပြားလှီးခြင်း" ဆိုသည်မှာ"ယောကျာ်း" သို့မဟုတ် "ယောကျာ်းလေး၏လိင်တံထိပ်အရေပြားကို လှီးခြင်းဖြစ်သည်။ အရေပြားလှီးခြင်းထုံးတမ်းဓလေ့ကို အောက်ပါအချက်များဖြင့်ဆက်စပ်ပြုလုပ်သည်။
* ဘုရားသခင်နှင့်ပဋိညာဉ်ပြုကြောင်း ပြသသည့်အနေဖြင့် အာဗြံဟံမိသားစုဝင်ယောကျာ်းအားလုံးနှင့် ကျွန်ယောကျာ်းအားလုံးတို့သည် အရေပြားလှီးခြင်းပြုလုပ်ရန် ဘုရားသခင်ကအမိန့်ပေးခဲ့သည်။
* အာဗြံဟံ၏မိသားစုမှဆင်းသက်မွေးဖွားလာသော ယောကျာ်းလေးအားလုံးတို့သည် ထိုကဲ့သို့အရေပြားလှီးခြင်း ဆက်လက်ပြုလုပ်ရန် ဘုရားသခင်ကမိန့်မှာထားသည်။
* "နှလုံးသားလှီးခြင်း" ဆိုသောစကားမှာ အပြစ်မှလွှတ်ကင်းခြင်း၊ အပြစ်မှဖြတ်တောက်ခြင်း ဟူသောပုံပမာခိုင်းနှိုင်းပြီးပြောဆိုထားခြင်းဖြစ်ပါသည်။
* ၀ိညာဉ်ရေးဆိုင်ရာအနေဖြင့် ထိုစကားသည် ယေရှု၏အသွေးတော် အားဖြင့်အပြစ်မှလွတ်မြောက်သူ၊ ဘုရားသခင်၏လူ စသည့်အဓိပ္ပါယ်သက်ရောက်ပါသည်။
* ခန္ဓာပိုင်းဆိုင်ရာ အရေပြားမလှီးရသေးသူများကို အရေပြားမလှီးသူများဟုခေါ်ဆိုပါသည်။ ပုံဥပမာအနေဖြင့်လည်း ၀ိညာဉ်ပိုင်းဆိုင်ရာ မဆက်ကပ်ရသေးသူများ၊ ဘုရားနှင့်မိတ်သဟာရမရှိသူများကို ဆိုလိုခြင်းဖြစ်ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* မိမိ၏ဓလေ့တွင် ထိုကဲ့သို့သော ဓလေ့ရှိပါက တူညီသောစကားလုံးဖြင့်အသုံးပြုသင့်ပါသည်။
* ဖြတ်တောက်သည်၊ စက်ဝိုင်းပုံဖြတ်တောက်သည်၊ အရေပြားထိပ်ကိုဖြတ်သည် ဟုလည်းအသုံးပြုနိုင်သည်။
* အရေပြားလှီးခြင်းမရှိသောဒေသအတွက် စကားလုံးပြုစုရှင်းလင်းခြင်း၊ သို့မဟုတ် စာမျက်နှာအောက်တွင်ထည့်ထားသည့် ရှင်းလင်းချက် စသည်များဖြင့်ထပ်မံရှင်းပြသင့်သည်။
* အမျိုးသမီးကို မဆိုလိုကြောင်း သတိပြုဘာသာပြန်ဆိုရမည်။ အမျိုးသားကိုသာပြုလုပ်သည့်ပုံစံပေါ်သော စကားလုံးများဖြင့်ရွေးချယ်ဘာသာပြန်ဆိုရမည်။

14
bible/kt/clean.md Normal file
View File

@ -0,0 +1,14 @@
# သန့်ရှင်းသည်၊ သန့်စင်သည်။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သန့်စင်သည် ဟူသောစကားမှာ "ညစ်ပေခြင်း"၊ စွန်းထင်းခြင်း" မရှိခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် "သန့်ရှင်းခြင်း"၊ စင်ကြယ်ခြင်း" သို့မဟုတ် "အပြစ်မှကင်းခြင်း" စသည်ဖြင့် ခိုင်းနှိုင်းအသုံးပြုလေ့ရှိသည်။
* "သန့်စင်စေခြင်း" သည် တစ်စုံတစ်ခုကို "သန့်ရှင်းစေရန်ပြုလုပ်သော" ဖြစ်စဉ်ဖြစ်သည်။ လျှော်ဖွတ်သည်၊ သန့်စင်သည်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* ဓမ္မဟောင်းကျမ်းစာတွင် မည်သည့်တိရိစ္ဆာန်က သန့်ရှင်းသည်၊ မည်သည့်တိရိစ္ဆာန်က မသန့်ရှင်းသည် ကိုဘုရားက ဣသရေလလူမျိုးကိုပြောပြထားသည်။ သန့်ရှင်းသောတိရိစ္ဆာန်များကိုသာ စားသုံးခြင်း၊ ယဇ်ပူဇော်ခြင်းများ ပြုလုပ်နိုင်သည်။ ဤနေရာတွင် သန့်ရှင်းသည်ဟူသောအဓိပ္ပာယ်မှာ ယဇ်ပူဇော်ရန်ဘုရားက လက်ခံထားသည် ဟူသောအဓိပ္ပာယ်ရှိသည်။
* အရေပြားရောဂါရှိသူသည်လည်း ရောဂါပျောက်ကင်းပြီး မကူးစက်နိုင်တော့သည်အထိပျောက်ကင်းမှသာ သန့်စင်သည်ဟုမှတ်ယူခဲ့ကြသည်။ အရေပြားသန့်စင်ရာတွင် စင်ကြယ်သည်ဟုယဇ်ပုရောဟိတ်က ကြေငြာမှသာ သန့်စင်သည့်အဖြစ်ကိုရောက်ရှိပါသည်။
* တစ်ခါတစ်ရံတွင် ကိုယ်ကျင့်တရားသန့်ရှင်းခြင်းဟုလည်း ပုံပမာခိုင်းနှိုင်းအသုံးပြုလေ့ရှိသည်။
## ဘာသာပြန်အကြံပြုချက်များ
* အသုံးပြုလေ့ရှိသော "သန့်ရှင်းခြင်း"၊ "သန့်စင်ခြင်း" စသည့်စကားလုံးများဖြင့် အသုံးပြုဘာသာပြန်ဆိုသင့်သည်။

15
bible/kt/command.md Normal file
View File

@ -0,0 +1,15 @@
# အမိန့်ပေးသည်၊ အမိန့်ပေးခြင်း၊ ပညတ်ချက်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"အမိန့်ပေးခြင်း" ဆိုသည်မှာလူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်စေခြင်းဖြစ်သည်။ လူတစ်ယောက်ဆီ လုပ်ဆောင်ရန်ပေးထားခြင်းကို အမိန့်ပေးသည်၊ ပညတ်ပေးသည်ဟုခေါ်ဆိုသည်။
* အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိသော်လည်း "ပညတ်ချက်" ဟူသောစကားမှာပိုပြီး ပုံစံတကျရှိပြီး အမြဲတည်သောအရာဖြစ်သည်။ ဥပမာ- ပညတ်တော် (၁ဝ)ပါးဖြစ်သည်။
* ပညတ်ချက်သည် အပေါင်းလက္ခဏာဆောင်နိုင်သလို( မိဘကိုရိုသေလော့) အနုတ်လက္ခဏာ (သူ့ဥစ္စာမခိုးနှင့်) စသည်ဖြင့်ရှိတတ်သည်။
* "အမိန့်နာခံသည်" ဆိုသည်မှာ "တစ်စုံတစ်ခုကိုထိန်းချုပ်ခြင်း"၊ "တစ်စုံတစ်ယောက်ကို ဦးဆောင်ဦးရွက်ပြုခြင်း" ဖြစ်ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* "ဥပဒေ" ဟူသောစကားနှင့်မတူညီစေရန် ဘာသာပြန်ဆိုသင့်သည်။ "ဒီဂရီ"၊"အဆင့်" စသည်တို့နှင့်လည်း နှိုင်းယှဉ်ဘာသာပြန်ဆိုသင့်သည်။
* အချို့ဘာသာပြန်သူများသည် အမိန့်နှင့် ပညတ်ချက်ကို တူညီသောစကားဖြင့်သာ ဘာသာပြန်ဆိုချင်ကြသည်။
* အချို့က ပိုပြီးကြာရှည်ခံ၊ ပုံစံတကျရှိပြီး ဘုရားကသတ်မှတ်ထားသောပညတ်ချက်ကို အထူးစကားလုံးဖြင့် ဘာသာပြန်ဆိုလိုကြပါသည်။

15
bible/kt/compassion.md Normal file
View File

@ -0,0 +1,15 @@
# သနားဂရုဏာ၊ မေတ္တာဂရုဏာကြီးမားသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"သနားဂရုဏာ" ဟူသောစကားသည် အခြားသူများအပေါ် အထူးသဖြင့်နာကျင်ခံစားနေရသူများအပေါ်တွင် ဂရုဏာထားသည့်အသုံးအနှုန်းဖြစ်သည်။ "သနားဂရုဏာထားသောသူသည်" အခြားသူများကို ဂရုစိုက်ပြီး ကူညီတတ်သည်။
* "သနားဂရုဏာ" ဆိုသည်မှာ လိုအပ်နေသူကိုကူညီပေးခြင်း၊ ဂရုစိုက်ဖေးမခြင်းဖြစ်သည်။
* ကျမ်းစာထဲတွင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၊ သနားဂရုဏာနှင့်ပြည့်ဝကြောင်းဖော်ပြထားသည်။
* ကောလောသဲ အသင်းတော်ထံစာရေးသားရာတွင် မိမိကိုယ်ကို သနားခြင်းဂရုဏာနှင့်ရစ်ပတ်ရန် ပေါလုက တိုက်တွန်းထားသည်။ အခြားသူများကို ဂရုပြုရန်၊ လိုအပ်သူများကို တက်ကြွစွာကူညီရန် ဖော်ပြထားပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* "သနားဂရုဏာ" ဟူသောစကား၏ လုံးကောက်အဓိပ္ပာယ်မှာ "သနားခြင်းခွက်ဖလား" ဖြစ်သည်။ "သနားခြင်း"၊ "ဂရုဏာထားခြင်း" ဟုအဓိပ္ပာယ်ရှိပါသည်။ အခြားသော ဘာသာစကားတွင်လည်း ထိုကဲ့သို့အဓိပ္ပာယ်ရှိမည်ဖြစ်သည်။
* "သနားဂရုဏာ" ကိုဘာသာပြန်ရာတွင် "နက်ရှိုင်းစွာဂရုပြုခြင်း"၊ "အဓိပ္ပာယ်ရှိသောသနားခြင်း" စသည်ဖြင့်ပြန်ဆိုနိုင်သည်။
* "မေတ္တာဂရုဏာကြီးမားသော" ဟူသောစကားသည် "ကူညီဖေးမခြင်း၊ အမှန်တကယ်ချစ်ခင်သနားခြင်း" ဟူသောအဓိပ္ပာယ်ဖြင့်လည်းဘာသာပြန်ဆိုနိုင်ပါသည်။

15
bible/kt/condemn.md Normal file
View File

@ -0,0 +1,15 @@
# အပြစ်တင်သည်၊ ရှုတ်ချခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အပြစ်တင်သည်၊ ရှုတ်ချသည် ဆိုသည်မှာ အမှားတစ်ခုလုပ်မိသူကို စီရင်ခြင်းဖြစ်သည်။
* အပြစ်တင်သည် ဟုဆိုရာတွင် တစ်ခုခုအမှားလုပ်မိခြင်းအတွက် ထိုသူကိုအပြစ်ပေးခြင်းပင်ဖြစ်သည်။
* တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်ကိုမှားယွင်းစွာစွပ်စွဲခြင်း၊ ပြင်းထန်စွာစီရင်ခြင်းဟု အဓိပ္ပာယ်ရှိသည်။
* "ရှုတ်ချခြင်း" ဆိုသည်မှာ တစ်စုံတစ်ယောက်ကို အပြစ်တင်၊ စွပ်စွဲခြင်းဖြစ်ပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* အခြေအနေပေါ်မူတည်ပြီး "ပြင်းစွာစီရင်သည်၊ မှားယွင်းစွာအပြစ်တင်မိသည်" ဟုဘာသာပြန်ဆိုနိုင်သည်။
* "ထိုသူကိုအပြစ်တင်သည်" ဟူသောစကားမှာ "သူ့ကိုအပြစ်ရှိသည်" ဟုစီရင်သည်၊ "သူ၏အပြစ်ကြောင့်အပြစ်တင်သင့်သည်" စသည်ဖြင့်ဘာသာပြန်ဆိုနိုင်သည်။
* "ရှုတ်ချခြင်း" ကို "ပြင်းစွာစီရင်ခြင်း"၊ "အပြစ်ရှိကြောင်းကြေငြာခြင်း"၊ "အပြစ်ကြောင့်စီရင်ခြင်း" ဟုဘာသာပြန်ဆိုနိုင်သည်။

16
bible/kt/confess.md Normal file
View File

@ -0,0 +1,16 @@
# ၀န်ခံသည်၊ အပြစ်၀န်ခံခြင်း။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဝန်ခံသည် ဆိုသောအဓိပ္ပာယ်မှာ တစ်ခုခုကိုမှန်သည်ဟုဝန်ခံခြင်းဖြစ်သည်။ "ဝန်ခံခြင်း" ဆိုသည်မှာ တစ်စုံတစ်ခု မှန်ကန်ကြောင်းကို သဘောတူခြင်းဖြစ်ပါသည်။
* "ဝန်ခံသည်" ဟူသောစကားမှာ ဘုရား၏စစ်မှန်ခြင်းကို ရဲဝံ့စွာထောက်ခံခြင်းဖြစ်သည်။ ကျွန်ပ်တို့ အပြစ်ရှိကြောင်းလည်း ဝန်ခံခြင်းပင်ဖြစ်သည်။
* မိမိအပြစ်ကို ဘုရားထံဝန်ခံလျှင် ဘုရားကခွင့်လွှတ်မည်ဟု ကျမ်းစာထဲတွင်ပြောကြားထားသည်။
* တမန်တော်ယုဒက သူ၏စာစောင်ထဲတွင် ယုံကြည်သူများ တစ်ဦးနှင့်တစ်ဦးအပြစ်ဝန်ခံခြင်းဖြင့် ၀ိညာဉ်ရေးရာကုစားမှု ဖြစ်လာသည်ဟု ရေးသားထားပါသည်။
* ဖိလိပ္ပိသြဝါဒစာတွင် တမန်တော်ပေါလုက တစ်နေ့တွင်ယေရှုသည် ဘုရားဖြစ်သည်လူတိုင်းဝန်ခံမည်ဖြစ်ကြောင်း ရေးသားထားပါသည်။
* ယေရှုသည် ဘုရားဖြစ်ကြောင်းဝန်ခံပြီး သေခြင်းမှရှင်ပြန်ထမြောက်ကြောင်းယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်ဖြစ်ကြောင်း ပေါလုရေးသားထားပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* အခြေအနေပေါ်မူတည်ပြီး "ဝန်ခံသည်"ဟူသောဝေါဟာရသည်၊ "သက်သေခံသည်၊ ကြေငြာသည်၊ အသိမှတ်ပြုသည်၊ အတည်ပြုသည်" စသည်ဖြင့် ဘာသာပြန်ဆိုနိုင်သည်။
* အပြစ်ဝန်ခံခြင်း ဟူသောစကားကို ကြေငြာခြင်း၊ သက်သေခံခြင်း၊ မိမိယုံကြည်မှုကို အခိုင်အမာပြောခြင်း၊ အပြစ်ဝန်ခံခြင်း စသည်ဖြင့်ကွဲပြားစွာလည်း ဘာသာပြန်ဆိုနိုင်သည်။

11
bible/kt/conscience.md Normal file
View File

@ -0,0 +1,11 @@
# သိစိတ်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"သိစိတ်" ဆိုသည်မှာ လူတစ်ယောက်၏အတွေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြစ်တစ်ခုလုပ်မိပါက အပြစ်ရှိကြောင်းကို ဘုရားကသိရှိစေခြင်းဖြစ်ပါသည်။
* လူတွေကို အမှန်နှင့်အမှားကို ခွဲခြားသိရှိရန် ဘုရားက သိစိတ်ကိုပေးထားပါသည်။
* ဘုရားစကားနားထောင်သောသူသည် "သန့်စင်၊ ရှင်းလင်း၊ သန့်ရှင်းသောစိတ်"ရှိသောသူဖြစ်ပါသည်။
* သိစိတ်ရှင်းလင်းသောသူသည် အပြစ်တစ်စုံတစ်ရာကို ဖုံးကွယ်မထားသောသူဖြစ်သည်။
* လူတစ်ယောက်သည် မိမိ၏သိစိတ်ကိုလျစ်လျူရှုထားပြီး အပြစ်လုပ်ပါက အပြစ်ရှိကြောင်းမခံစားရသောအခါ ထိုသူ၏သိစိတ်သည် အမှားကိုမတုန့်ပြန်တော့ဘဲ သိရှိခံစားမှုမရှိတော့ခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် သံပူနှင့်အမှတ်ပေးသကဲ့သို့ ထင်ကျန်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုကဲ့သို့ မသိခြင်းကို ညစ်ညူးခြင်း၊ သိရှိခံစားမှုမရှိတော့ခြင်းဟုခေါ်သည်။
* "အတွင်းစိတ်အမှုအကျင့်ထိန်းကျောင်းခြင်း၊ ကိုယ်ကျင့်တရားဆင်ခြင်ခြင်း" ဟု ဘာသာပြန်ဆိုနိုင်သည်။

15
bible/kt/consecrate.md Normal file
View File

@ -0,0 +1,15 @@
# ဆက်ကပ်အပ်နှံခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဆက်ကပ်အပ်နှံခြင်း" ဆိုသည်မှာ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ဘုရားအမှုတော်အတွက် ဆက်ကပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆက်ကပ်အပ်နှံခံရသော သူသည် သန့်ရှင်းပြီး ဘုရားအတွက်ဖြစ်သည်ဟု ယူဆပါသည်။
* ဤစကားလုံးသည် "သန့်ရှင်းခြင်း၊ ရွေးချယ်ထားခြင်း" ဖြစ်သော်လည်း ဘုရားအမှုတော်ဆောင်ရွက်ရန်အတွက် တရားဝင်ရွေးချယ်ထားသည့် အဓိပ္ပာယ်သက်ရောက်ပါသည်။
* ဘုရားထံဆက်ကပ်သောအရာများမှာ "ယဇ်ပူဇော်မည့် တိရစ္ဆာန်၊ ယဇ်ပလ္လင်၊ တဲတော်" စသည်တို့ဖြစ်သည်။
* ဘုရားထံဆက်ကပ်ထားသူများတွင် ဘုန်းကြီး၊ ဣသရေလလူမျိုး၊ သားဦး စသည်တို့ဖြစ်သည်။
* တစ်ခါတစ်ရံတွင် ဤစကားသည် ဘုရားအတွက်ဆက်ကပ်ထားခြင်းကြောင့်ဆက်ကပ်ပါဝင်ရဆိုရာ "သန့်ရှင်းရမည်၊ လက်ခံနိုင်ဖွယ်ဖြစ်ရမည်" ဟူသော အဓိပ္ပာယ်လည်းရှိပါသည်။
## ဘာသာပြန်အကြံပြုချက်များ
ဆက်ကပ်သည်ဆိုသောစကားကို ဘာသာပြန်ရာတွင် "ဘုရားအမှုတော်အတွက်ရွေးချယ်ထားသည်၊ ဘုရားအမှုတော်အတွက်သန့်ရှင်းထားသည်" ဟုဘာသာပြန်ဆိုနိုင်သည်။
* "သန့်ရှင်းခြင်း၊ စင်ကြယ်စေခြင်း" ဟူသောစကားများကိုလည်း ဂရုတစိုက်ဘာသာပြန်ဆိုသင့်သည်။

17
bible/kt/cornerstone.md Normal file
View File

@ -0,0 +1,17 @@
# ထောင့်စွန်းကျောက်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ထောင့်စွန်းကျောက် ဆိုသည်မှာ အဆောက်အအုံ၏ အောက်ခြေထောင့်စွန်းအထွက် သေချာစွာဖြတ်တောက်ထားသော ကျောက်တုံးဖြစ်ပါသည်။
* ထောင့်စွန်းကျောက်ကို အတိုင်းယူပြီး အဆောက်အအုံရှိအခြားကျောက်တုံးများကို နေရာချရခြင်းဖြစ်သည်။
* ထောင့်စွန်းကျောက်သည် အဆောက်အအုံတစ်ခုလုံး၏ ကြံ့ခိုင်တည်ငြိမ်မှုပင်ဖြစ်သည်။
* ဓမ္မသစ်ကျမ်းတွင် ယေရှုကို ထောင့်စွန်းကျောက်ဟုသတ်မှတ်ပြီး ယုံကြည်သူအစုအဝေးကို ပုံဥပမာခိုင်းနှိုင်းထားပါသည်။
* ထောင့်စွန်းကျောက်သည် အဆောက်အအုံတစ်ခုလုံးကိုထောက်ပံ့ထားသကဲ့သို့၊ ယေရှုသည်လည်း ယုံကြည်သူအစုအဖွဲ့ထဲတွင် ထောင့်စွန်းကျောက်ပင်ဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ထောင့်စွန်းကျောက်ကို "အဓိကကျောက်တုံး၊ အောက်ခံကျောက်တုံး" ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* ပြန်ဆိုမည့်ဘာသာတွင် အဓိကအထောက်အပံ့ကျောက် ဟူသောအသုံးအနှုန်းရှိပါက ထိုကဲ့သို့ဘာသာပြန်ဆိုသင့်သည်။
* တိုက်ထောင့်အတွက်သုံးသော ထောင့်စွန်းကျောက်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* ကြီးမားပြီး အဆောက်အအုံခိုင်ခံ့လုံခြုံရန်အသုံးပြုသော ကျောက်အဖြစ်ဘာသာပြန်ဆိုရမည်။ ကျောက်တုံးများကို အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးမပြုပါက "ကြီးမားသောကျောက်" ဟူသောအသုံးအနှုန်းဖြင့်လည်း ဘာသာပြန်ဆိုနိုင်သည်။

18
bible/kt/covenant.md Normal file
View File

@ -0,0 +1,18 @@
# ပဋိညာဉ်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ပဋိညာဉ်" ဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောတူထားပြီး နှစ်ဦးနှစ်ဖက်ပြည့်စုံအောင်ဆောင်ရွက်ရသောအရာဖြစ်သည်။
* တစ်ဦးတစ်ယောက်ကြားရှိ သဘောတူညီချက်မျိုးဖြစ်နိုင်သလို၊ အဖွဲ့လိုက်၊ သို့မဟုတ် ဘုရားနှင့်လူ ကြားရှိသဘောတူညီချက်မျိုးလည်းဖြစ်နိုင်သည်။
* လူတစ်ဦးနှင့်တစ်ဦး ပဋိညာဉ်ပြုလုပ်ရာတွင် တစ်စုံတစ်ခုလုပ်မည်ဟုကတိပေးကြပြီး အမှန်တကယ်လုပ်ရမည်လည်းဖြစ်ပါသည်။
* လူသားများပြုလုပ်သော ပဋိညာဉ်များမှာ "လက်ထပ်ခြင်း၊ စီးပွားဖက်ပြုလုပ်ခြင်း၊ နိုင်ငံများကြားရှိ စာချုပ်ရေးထိုးခြင်း" စသည်တို့ဖြစ်ပါသည်။
* သမ္မာကျမ်းစာထဲတွင် ဘုရားသခင်သည် သူ၏လူမျိုးတော်နှင့်ပြုလုပ်သော ပဋိညာဉ်များရှိပါသည်။
* အချို့သောပဋိညာဉ်များတွင် ဘုရားကသူ၏အပိုင်းကိုအခြေနေပေါ်မမှုတည်ဘဲပြည့်စုံစေမည်ဟု ကတိပေးတတ်သည်။ ဥပမာ- ဘုရားက လူကိုရေဖြင့်မစီရင်တော့ကြောင်း ပဋိညာဉ်ပြုလုပ်ချိန်ဖြစ်ပြီး ဤပဋိညာဉ်သည် လူအနေဖြင့် ဘာမျှပြုလုပ်စရာမလိုသော ပဋိညာဉ်ဖြစ်ပါသည်။
* အချို့ပဋိညာဉ်များတွင် လူသားများဖက်မှ ကတိပြည့်စုံမှသာ ဘုရားကမိမိဖက်က ပဋိညာဉ်ကိုပြည့်စုံစေမည်ဖြစ်ကြောင်း ပါရှိပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* ရေခံမြေခံပေါ်မူတည်ပြီး "သဘောတူညီချက်ကိုချမှတ်သည်၊ တရားဝင်ကတိပြုခြင်း၊ ကတိ၊ စာချုပ်" ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
* အချို့ဘာသာစကားတွင် ပြုလုပ်ရမည်ဖြစ်သော ကတိကဝတ်များအပေါ်မူတည်ပြီး ပဋိညာဉ်အစား အခြားသောစကားလုံးဖြင့် အသုံးပြုနိုင်သည်။ ပဋိညာဉ်မှာ တစ်ဖက်တည်းဖြစ်နေပါက "ကတိကဝတ်အဖြစ်" သာဘာသာပြန်ဆိုရမည်။
* ပဋိညာဉ်ဟူသောအဓိပ္ပာယ်မှာ လူသားများဖက်က တောင်းဆိုသောအရာမဟုတ်ပေ။ ဘုရားနှင့်လူကြားပြုလုပ်သော ပဋိညာဉ်အားလုံးတွင် ဘုရားဖက်ကသာစတင်ပြုလုပ်ခြင်းဖြစ်သည်။

15
bible/kt/covenantfaith.md Normal file
View File

@ -0,0 +1,15 @@
# ပဋိညာဉ်သစ္စာ၊ ချစ်ကြင်နာခြင်း၊ တစ်ဖက်သတ်မေတ္တာ၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားမှာ လူသားများအပေါ်ဘုရားက ပြုလုပ်ပေးမည့်ကတိစကားများဖြစ်ပါသည်။
* ဣသရေလလူမျိုးနှင့် ဘုရားပြုလုပ်သော တရားဝင်သဘောတူညီချက်များမှာ ပဋိညာဉ်များဖြစ်သည်။
* ထာဝရဘုရား၏ မိမိလူများအပေါ်ကတိတည်ခြင်းကို "ပဋိညာဉ်သစ္စာ၊ ပဋိညာဉ်ကတိ" ဟု ခေါ်ဆိုပါသည်။
* ဘုရားက မိမိကတိများကိုသစ္စာရှိစွာပြုလုပ်ပေးခြင်းသည် မိမိ၏ ကျေးဇူးတော်ကိုဖော်ပြခြင်းပင်ဖြစ်သည်။
* "သစ္စာရှိခြင်း" ဆိုသောစကားမှာ ကတိပေးထားသည့်အတိုင်းပြုလုပ်ခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်အတွက် အကျိုးရှိပါသည်။
## ဘာသာပြန်အကြံပြုချက်များ
* ပဋိညာဉ်၊ သစ္စာရှိခြင်း စသည်တို့ကိုဘာသာပြန်ဆိုသည့်အပေါ်မူတည်ပြီး အသုံးပြုရမည်ဖြစ်သည်။
* အခြားအနေဖြင့်၊ သစ္စာရှိသောချစ်ခြင်း၊ ကတိပြုအပ်နှံသောအချစ်၊ အမှီခိုကင်းစွာချစ်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။

15
bible/kt/cross.md Normal file
View File

@ -0,0 +1,15 @@
# ကားတိုင်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကျမ်းစာထဲတွင် ကားတိုင်ဆိုသည်မှာ မြေပြင်တွင်ဒေါင်လိုက်စိုက်ထားပြီး ကန့်လန့်ဖြတ်သစ်သားတန်းပါရှိသော အရာဖြစ်သည်။
* ရောမခေတ်တွင် တရားခံများကို ကားတိုင်ပေါ်တွင် သံဖြင့်ရိုက်တင်ထားပြီး သေသည်အထိပစ်ထားခြင်းဖြစ်သည်။
* ယေရှုသည် မိမိမလုပ်သောအရာများအတွက် မှားယွင်းစွပ်စွဲခံရပြီး ကားတိုင်ပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသည်။
* ကြိယာ စကားလုံး ဖြတ်သည် ဟူသောစကားနှင့်လုံးဝမတူညီကြောင်း သိထားရန်လိုသည်။ ဖြတ်သည် ဟူသောစကားလုံးမှာ တစ်ဖက်သို့ဖြတ်ကူးခြင်း၊ ရေကန်၊ မြစ်စသည်တို့ကိုဖြတ်ကူးသွားခြင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ပြန်ဆိုလိုသည့်ဘာသာစကားတွင် ကန့်လန့်ဖြတ်ပုံစံရှိသောအရာအဖြစ် ဘာသာပြန်ဆိုရမည်ဖြစ်သည်။
* ကားတိုင်သည် လူကိုသတ်သည့်နေရာ၊ လူသတ်တိုင်၊ လူသေသောအပင် ဟုဘာသာပြန်ဆိုနိုင်သည်။
* ဒေသတွင်းဘာသာစကား၊ နိုင်ငံသုံးစကားတွင် ကားတိုင်ကိုမည်ကဲ့သို့ အသုံးပြုဖော်ပြကြောင်း သိအောင်လုပ်ဆောင်ရန်လိုအပ်သည်။

13
bible/kt/crucify.md Normal file
View File

@ -0,0 +1,13 @@
# ကားစင်တင်သည်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ကားစင်တင်သည် ဆိုခြင်းမှာ တစ်စုံတစ်ယောက်ကို ကားတိုင်ပေါ်တွင်နာကျင်ခံစားစေပြီး သေသည့်အထိပစ်ထားခြင်းဖြစ်သည်။
* ကားစင်တင်ခံရသူကို ကြိုးဖြင့်သော်၎င်း၊ သံဖြင့်သော်၎င်းတင်ထားလေ့ရှိသည်။ သွေးထွက်လွန်ခြင်း၊ အသက်ရှုကြပ်ခြင်းကြောင့် နောက်ဆုံးတွင်သေဆုံးသွားခြင်းဖြစ်သည်။
* ရှေးခေတ်ရောမများသည် ဆိုးသွမ်းသောရာဇဝတ်သားများ၊ အစိုးရကိုဆန့်ကျင်သူများကို ထိုကဲ့သို့သတ်လေ့ရှိသည်။
* ရောမအစိုးရ၏စစ်သားများ ယေရှုကိုသတ်ရန် ယုဒဘာသာရေးခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ စစ်သားများက ယေရှုကိုသံဖြင့်ရိုက်ပြီး ကားစင်တင်ထားသည်။ (၆) နာရီကြာခံစားရပြီးနောက် သေဆုံးခဲ့သည်။
## ဘာသာပြန်အကြံပြုချက်များ
* ကားစင်တင်ခြင်းမှာ ကားတိုင်ပေါ်တွင်သေစေခြင်း၊ ကားတိုင်ပေါ်တွင်သံမှိုဖြင့်ရိုက်ထားခြင်းဖြစ်သည်။

15
bible/kt/curse.md Normal file
View File

@ -0,0 +1,15 @@
# ကျိန်စာ၊ ကျိန်ဆိုသော
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကား၏ အဓိပ္ပာယ်မှာ ကျိန်ဆိုခံရသော လူ သို့မဟုတ် အရာဝတ္ထုအပေါ်တွင် မကောင်းသောအရာများဖြစ်စေသည် ဟုသောအဓိပ္ပာယ်ရှိပါသည်။
* လူ၊ တစ်စုံတစ်ခုအပေါ်ဒုက္ခဖြစ်စေရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
* လူတစ်ယောက်ကိုကျိန်ဆိုခြင်းမှာ ထိုသူအပေါ်မကောင်းမှုများဖြစ်လာစေရန် ဆန္ဒရှိခြင်းဖြစ်သည်။
* တစ်စုံတစ်ယောက် ကအခြားသူအပေါ် မကောင်းမှု၊ အနုတ်လက္ခဏာများကျရောက်အောင်ပြုလုပ်လိုက်ခြင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ဆိုးသောအရာများဖြစ်လာရန်ပြုလုပ်သည်၊ ဆိုးသောအရာဖြစ်ရန်ကြေငြာသည်၊ မကောင်းသောအရာဖြစ်လာရန် ဆဲဆိုသည် ဟုဘာသာပြန်ဆိုနိုင်သည်။
* ဘုရားသခင်က စကားနားမထောင်သောလူတို့အား ကျိန်ဆိုသည်ဟုအသုံးပြုလိုပါက ဆိုးသောအရာများဖြစ်လာရန်ဘုရားကခွင့်ပြုသည် ဟုဘာသာပြန်ဆိုနိုင်သည်။
* လူသားအချင်းချင်းဆိုင်သော အမှုအရာများတွင် ကျိန်ဆဲ သည်ဟုအသုံးပြုနိုင်သည်။

View File

@ -0,0 +1,15 @@
# ဇိအုန်၏သမီးပျို၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဇိအုန်၏ သမီးပျို" ဟူသည့်စကားလုံး သည် ဣသရေလလူမျိုးတို့ကိုခေါ်ဆိုသုံးနှုန်းထားခြင်း ဖြစ် ပါ သည်။ တစ်ခါတစ်ရံ ပရောဖက်များကို ခေါ်ဆိုရာ၌လည်းအသုံးပြုတတ်ပါသည်။
* ဓမ္မဟောင်းကျမ်းတွင် တစ်ခါတစ်ရံ ယေရုဆလင်မြို့ကိုခေါ်ဆိုရာ၌ ဇိအုန် ကို အသုံးပြုတတ်ပါ သည်။
* ဣသရေလ လူမျိုးများ ကို ခေါ်ဆိုရာတွင် "ဇိအုန်" နှင့် "ယေရုဆလင်"ကို အပြန်အလှန်သုံးနှုန်းကြပါသည်။
* "သမီးပျို"ဟုဆိုရာတွင် ဣသရေလလူမျိုးများကိုဘယ်မျှထိချစ်ခင်မြတ်နိးကြောင်းကို "သမီး" ဆိုသည့်စကားလုံးဖြင့် ချစ်စနိုးခေါ်ဆိုသုံးနှုန်းထားခြင်း ဖြစ်သည်။
## ဘာသာပြန် အကြံပြုချက်။
* ဘာသာပြန်သည့်နေရာတွင်"ဇိအုန်မှာရှိသည့် ငါ့သမီး ဣသရေလလူမျိုး၊ ဇိအုန်မြို့သားများ၊ ဇိအုန်- ငါချစ်သော ဣသရေလ အမျိုး" စသည်များ ပါဝင်သင့် ပါသည်။
* "ဇိအုန်" ဆိုသည့် စကားလုံးမှာ ကျမ်းစာအုပ်ထဲတွင် အကြိမ်ပေါင်း မြောက်များစွာ သုံးစွဲခဲ့သည်။ ဘာသာပြန်သည့်နေရာတွင် သူ၏ပုံဆောင်မှုနှင့်ကြိုတင်ဟောပြောချက်များပါ ထည့်သွင်းစဥ်းစားရမည် ဖြစ် သည်။
* "သမီးပျို" ဆိုသည့် စကားလုံးကိုလည်း အချိန် အတန်ကြာ နားလည် လက်ခံအသုံးပြုထားသည့် စကားလုံး ဖြစ် ပါ သည်။

15
bible/kt/dayofthelord.md Normal file
View File

@ -0,0 +1,15 @@
# ဘုရားသခင်၏နေ့ရက်၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်ကဣသရေလလူမျိုးများ ပြစ်ဒဏ်ပေးမည့်အချိန်မျိုး၌ အထူး သဖြင့် ဤစကားလုံးကို အသုံးပြုခဲ့သည်။
* ဓမ္မသစ်ကျမ်းတွင်မူ သခင်ယေရှု မြေကြီးပေါ်ပြန်လည်ကြွလာပြီး လူသားများ တရားစီရင်မည့် အချိန် ကို ရည်ညွန်းပြီး သုံးနူန်း ခဲ့ ပါသည်။
* နောက်ပိုင်းတွင် နောက်ဆုံးသောတရားစီရင်မည့်အချိန်နှင့် ရှင်ပြန်ထမြောက်မည့်အချိန် ကို ရည်ညွန်း၍ "နောက်ဆုံးသောနေ့" ဟု သုံးနူန်းတာကို တွေ့ရှိရပါ သည်။ ဒီအချိန်တွင် သခင်ယေရှုသည် အပြစ်သားများကို တရားစီရင် ရန်နှင့် ထာဝရ အုပ်စိုးရန် ကြွလာတော်မူမည့်အချိန် ကို ရည်ညွန်း ပြီး သုံးနူန်း ကြ ပါ သည်။
* ဤနေရာတွင် အသုံးပြုသော"နေ့" ဟူသည့် စကားလုံးရေးသားပုံသည် "အချိန်" သို့မဟုတ်" အကြောင်းအရာ" တစ်ခု ကို ပိုမို ရည်ညွန်းထား ပါ သည်။
* တစ်ခါတစ်ရံ ဒဏ်ခတ်ခြင်း သည် မယုံကြည်သူတို့အပေါ် ဘုရားသခင်၏အမျက်တော် လျှံထွက်ခြင်း ကိုပိုမို ရည်ညွန်းနေပါ သည်။
## ဘာသာပြန် အကြံပြုချက်။
* ယနေ့ခေတ် အတွေးအခေါ်ကို မီးငြီမ်းပြုပါက "ယေဟောဝေါ၏နေ့ရက်၊" အစား "ယေ‌‌ဟောဝါ၏ အချိန်၊" "ယေဟောဝါ ကရန်သူများကို ဒဏ်ခတ်မည့် အချိန်၊" "ယေဟောဝါအမျက်တော်ရှိသည့်ကာလ၊" ဟူ၍ထည့်သွင်းသင့် ပါသည်။
* တစ်ခြားနည်း ပြောရရင် "ဘုရားသခင်၏နေ့ရက်၊" "ဘုရားသခင် တရားစီရင်မည့်အချိန်၊"သို့မဟုတ် "သခင်ယေရှု လူသားတို့ကို တရားစီရင်ရန် ပြန်လည်ကြွရောက်လာမည့် အချိန်၊" ဟု ဘာသာပြန်လို့ရပါသည်။

10
bible/kt/deacon.md Normal file
View File

@ -0,0 +1,10 @@
# သင်းထောက်လူကြီး၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သင်းထောက်လူကြီးများသည် ဒေသန္တရအသင်းတော်များကို ဦးဆောင်ပြီး အစားအသောက်နှင့် ငွေကြေးကအစ အသင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးသောပုဂ္ဂိုလ်များဖြစ်သည်။
* "သင်းထောက်လူကြီး" ဆိုသည့် စကားလုံးသည် ဂရိ စကားလုံး"အစေခံ" သို့မဟုတ်"အမှုတော်ဆောင်" မှဆင်းသက်လာခြင်း ဖြစ်ပါသည်။
* ကနဦးအသင်းတော်များခေတ်တွင် အသင်းထောက်လူကြီးများသည် အသင်းတော်၏အရေးကြီးသော အခန်းကဏ္တ တွင်ပါဝင်လျက်ရှိသည်။
* ဥပမာပြရမည်ဆိုလျင်၊ ဓမ္မသစ်ကျမ်းခေတ် အသင်းထောက်လူကြီးများသည် ငွေသားနှင့် အစားအ သောက်များ ကို ယုံကြည်သူများနှင့် မုဆိုးမများအပေါ်ခွဲဝေရာတွင်အဓိက တာဝန်ယူသူများ ဖြစ် သည်။
* "အသင်းထောက်လူကြီး" ဆိုသည့်စကားလုံးကို "အသင်းအမှုတော်ဆောင်၊" သို့မဟုတ် "အသင်းတော်၏အလုပ်သမား၊" သို့မဟုတ် "အသင်းတော်၏အစီခံ၊" ဟု ဘာသာပြန်လို့ရသလို အသင်းတော်၏ လုပ်ငန်းဆောင်တာ အဝဝ အတွက် အထူးခန့်အပ် တာဝန်ပေးထားခြင်း ခံရသူ ဟူ၍ သိရှိနိင် ပါသည်။

17
bible/kt/demon.md Normal file
View File

@ -0,0 +1,17 @@
# နတ်ဆိုး၊ ဝိညာဥ်ဆိုး၊မိတ္ဆာ။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤစကားလုံးသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သော "နတ်ဆိုး" ကို ခေါ်ဆိုခြင်း ဖြစ်သည်။
* ဘုရားသခင်သည် သူ့ကို အစေခံရန် ကောင်းကင်တမန်များ ဖန်ဆင်း သည်။ စာတန်မာနတ်သည် ဘုရားသခင်ကို ပုန်ကန်သည့်အချိန်တွင် ကောင်းကင်တမန် တစ်ချို့ဝင်ပါသည့်အတွက် ကောင်းကင် ဘုံ မှ မောင်းထုတ်ခြင်း ခံရသည်။ ထို့အတွက် နတ်ဆိုးများ သည် ကျဆုံးသွားသော ကောင်းကင် တမန်များဟု ယုံကြည် ကြသည်။
* တစ်ခါတစ်လေ နတ်ဆိုးများကို ဝိညာဥ်ဆိုးများဟု ခေါ်ဝေါတတ်ကြသည်။ "ညစ်ပေသော၊" "ဆိုးဝါးသော၊" "မသန့်သော" ဟူသည့် အဓိပ္ပါယ် ရသည်။
* နတ်ဆိုးများသည် မကောင်းမှုမှန်သမျှကို လုပ်ဆောင် သည်။ တစ်ခါတစ်ရံလူတို့၏အထဲ၌ဝင်ရောက်၍ ထိန်းချုပ်တတ်သည်။
* နတ်ဆိုးများသည် လူသားတို့ထက် ပိုမိုတန်ခိုးကြီးပြီး၊ ဘုရားသခင် ထက်တန်ခိုး ပိုမိုနိမ့်ကျ သည်။
## ဘာသာပြန် အကြံပြုချက်။
* "နတ်ဆိုး" ကို တစ်ခါတစ်ရံ "ဝိညာဥ်ဆိုး"ဟု ခေါ်ကြသည်။
* "ဝိညာဥ်ဆိုး၊"ကို တစ်ခါတစ်ရံ "ညစ်ပတ်သောဝိညာဥ်၊" သို့ "မစင်ကြယ်သောဝိညဥ်၊" ဟု ဘာသာပြန်လို့ရပါသည်။
* စကားလုံးကို ဘာသာပြန်ရာတွင် နတ်ဆိုးကို တိုက်ရိုက်ညွန်ပြချင် တာထက် စာပိုက်၏အနှစ်သာရကို ပိုမို ပေါ်လွင်အောင် ရေးသားနိင်ဖို့သတိပြုသင့် ပါသည်။
* ဒေသသုံး ဘာသာစကားတွင် နတ်ဆိုးကို ဘယ်လိုသုံးစွဲသုံးနူန်းထားတယ် ဆိုတာကိုလဲ ထည့်သွင်း စဥ်းစားဖို့ လိုသည်။

View File

@ -0,0 +1,12 @@
# နတ်ဆိုးစွဲသူ။
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"နတ်ဆိုးစွဲသူ" ဆိုသည်မှာ သူ၏စဥ်းစားညာဥ်နှင့် အပြုအမူများ အားလုံးတွင် နတ်ဆိုး၏ထိန်းချုပ်ခြင်းခံရသူကို ဆိုလိုသည်။
* နတ်ဆိုးစွဲသူသည် နတ်ဆိုး၏နှိပ်စက်ခြင်းကြောင့် မကြာခဏ သူ့ကိုသူဖြစ်စေ၊သူတစ်ပါးကိုဖြစ်စေ နာကျင်အောင်လုပ်လေ့ရှိတတ်သည်။
* ယေရှုသည် နတ်ဆိုးစွဲသူထံမှ နတ်ဆိုးကို မောင်းထုတ်ခြင်းအားဖြင့် နတ်ဆိုးစွဲသူ၏အနာကို ပျောက် ကင်းစေခဲ့ပါ သည်။ ဒီအရာကို "နတ်ဆိုးမောင်းထုတ်ခြင်း" ဟုခေါ် သည်။
## ဘာသာပြန် အကြံပြုချက်။
* တစ်ခြားနည်းနှင့် ပြောရမည် ဆိုလျှင် ဒီစကားလုံးကို "နတ်ဆိုး အုပ်စိုးခြင်း၊" "ဝိညာဥ်ဆိုးအုပ်စိုးခြင်း၊" "အထဲ၌မကောင်းဆိုးဝါး ပူးဝင်နေခြင်း" စသဖြင့် အနက်ဖွင့်လို့ရပါ သည်။

18
bible/kt/disciple.md Normal file
View File

@ -0,0 +1,18 @@
# တပည့်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"တပည့်" ဆိုသည်မှာ အချိန်ယူပြီး ဆရာထံမှ ဆရာ၏ပညာများနှင့်အတူ အမူအကျင့်များကို လေ့လာသင်ကြားမှုခံယူသူကို "တပည့်"ဟု ခေါ်သည်။
* လူအများက သခင်ယေရှု၏ အနောက်သို့လိုက်၍၊ သခင်ယေရှ သင်ကြားခြင်းကို နားထောင်ခြင်း၊ နာခံလိုက်လျှောက်ခြင်း စသည် လူများကို တပည့်များဟု ခေါ်သည်။
* နှစ်ခြင်းဆရာယောဟန်တွင်လည်း နောက်လိုက်တပည့်များ ရှိသည်။
* သခင်ယေရှု၏သာသနာပြုခြင်းတွင် တပည့်အတော်များများသည် ယေရှု၏နောက်သို့လိုက်ပြီး သင်ကားပေးခြင်းများကို နားထောင်ခံယူခဲ့ကြသည်။
* သခင်ယေရှုက သူ၏အနီးကပ်တပည့်များအဖြင့် လူ (၁၂) ဦးကို ရွေးချယ်ခဲ့ပြီး၊ ထိုတပည့်များသည် သခင်ယေရှ၏တမန်တော်များ ဖြစ်လာခဲ့သည်။
*သခင်ယေရှ၏ တမန်တော် (၁၂) ကို သခင်ယေရှ၏ "တပည့်တော်များ" သို့မဟုတ် "တမန်တော် ၁၂ ပါး" အဖြစ် သိလာကြသည်။
* သခင်ယေရှကောင်းကင်သို့ မတက်ကြွမှီ၊ သူ၏တပည့်တော်များအား လူအများကို သခင်ယေရှ၏နောက်လိုက် တပည့်များ ဖြစ်လာစေရန် မည်သို့ပြုမူပြောဆိုရမည်ကို သင်ကြားပေးခဲ့သည်။
* သခင်ယေရှုကို ယုံကြည်သောသူ ဣှင့် သခင်ယေရှု စကားကို နားထောင်လိုက်လျောက်သောသူတိုင်ကို သခင်ယေရှ၏ တပည့်ဟု ခေါ်ဆိုနိုင်သည်။
ဘာသာပြန် အကြံပြုချက်
*"တပည့်" ဆိုသည့်စကားလုံးကို "နောက်လိုက်" သို၌မဟုတ် "ကျောင်းသား" သို့မဟုတ် "သင်ကြားခံသူ" သို့မဟုတ် 'သင်ယူသူ" ဟု ခေါ်ဆိုနိုင်ပါသည်။
* ဤသို့ဆိုရာတွင် အခန်းထဲတွင် စာသင်ကြားနေခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။
* ဤ ပြန်ဆိုမှုတွင် 'တမန်တော်' နှင့် တပည့် ကွာခြားသည်ကို ကွဲပြားစေလိုပါသည်။

14
bible/kt/discipline.md Normal file
View File

@ -0,0 +1,14 @@
# ဆုံးမသွန်သင်ခြင်း၊ ကိုယ့်ကိုကိုယ်ဆုံးမခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
'ဆုံးမသွန်သင်ခြင်း' ဆိုသည်မှာ စံပြုထားသောအပြုအမူ ရရန်အတွက် သတ်မှတ်ထားသော စည်းမျဥ် စည်းကမ်းနှင့်အညီ သွန်သင်လေ့ကျင့်ပေးခြင်းကို ဆိုလိုသည်။
* မိဘများသည် သားသမီးများကို စံပြုထိုက်သော အမူအကျင့်အားဖြင့် ဆုံးမသွန်သင်ခြင်းနှင့် တိုက်ရိုက် ပုံတူကူး၍သော်လည်းကောင်း၊ သင်ကြားခြင်းအားဖြင့်သော်လည်းကောင်း နာခံမှုရှိရန် သင်ယူတက်ကြသည်။
* တနည်းအားဖြင့် ဘုရားသခင်သည် သူ၏သားသမီးများကို သူတို့၏ဘဝအသက်တာ၌ ဝိညာဉ်အသီးအပွင့်များ သီးပွင့်စေရန်၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း နှင့် စိတ်ရှည်ခြင်းရှိရန် ဆုံးမသွန်သင်ပါသည်။
* ဆုံးမသွန်သင်ခြင်းတွင် ဘုရားသခင်နှင့်အတူ အသက်ရှင်နေထိုင်တက်ရန် သင်ပေးသကဲ့သို့ ဘုရားသခင်မကြိုက်သော အပြုအမူများ ပြုလုပ်ပါက ဘုရားသခင်၏ဆုံးမသွန်သင်ခြင်းကို ခံရမည်ကိုလည်း ဖော်ပြဆုံးမပါသည်။
* မိမိကိုယ်ကို ဆုံးမသွန်သင်ခြင်းတွင် စံပြုထိုက်သော ဘ၀အသက်တာနှင့်ဝိညာဉ်ရေးရာ ရှင်သန်မှုကို မိမိကိုယ်တိုင် လိုက်လျှောက်ရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။
ဘာသာပြန်အကြံပြချက်
* ရေခံမြေခံပေါ်မူတည်၍ 'ဆုံးမသွန်သင်ခြင်း'ကို 'လေ့ကျင့်ပေးခြင်းနှင့်ပြုပြင်ခြင်း' သို့မဟုတ် 'ကိုယ်ကျင့်တရားအတွက်လမ်းညွှန်မှု' သို့မဟုတ် 'အမှားများအတွက်အပြစ်ပေးခြင်း' ဟု ခေါ်ဆိုနိုင်သည်။
* နာမ် စကားလုံးအရ 'ဆုံးမခြင်း' ကို 'ကိုယ်ကျင့်တရားအတွက်လေ့ကျင့်ပေးခြင်း" သို၌မဟုတ် "အပြစ်ပေးခြင်း" သို့မဟုတ် "ကိုယ်ကျင့်တရားအတွက် အမှားပြင်ဆင်ခြင်း" သို့မဟုတ် 'ကိုယ်ကျင့်တရာအတွက်လမ်းညွှန်မှု"ဟု ခေါ်ဆိုနိုင်ပါသည်။

14
bible/kt/divine.md Normal file
View File

@ -0,0 +1,14 @@
# ဘုရားသခင်ကဲ့သို့ဖြစ်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဘုရားသခင်နှင့်ဆပ်ဆိုင်သောအရာများကို 'ဘုရားသခင်ကဲ့သို့အရာ'ဟု ခေါ်သည်။
* 'ဘုရားသခင်ကဲ့သို့အခွင့်အာဏာရှိခြင်း" ၊ "ဘုရားသခင်ကဲ့သို့တရားစီရင်ခြင်း" "ဘုရားသခင်ကဲ့သို့ပြုခြင်း"၊ "ဘုရားသခင်ကဲ့သိုအာဏာရှိခြင်း"။ "ဘုရားသခင်ကဲ့သို့ကြီးမြတ်ခြင်း" စသည်တို့ကို "ဘုရားသခင်ကဲ့သို့ ဖြစ်ခြင်း"ဟု ခေါ်သည်။
* နတ်ဆိုးတစ်ကောင်သည် ဘုရားသခင်ကဲ့သို့ ဖြစ်ရန် ကြိုးစားခဲ့ကြောင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။
ဘာသာပြန်အကြံပြုချက်
*"ဘုရားသခင်ကဲသို့ဖြစ်ခြင်း"ကို ဘာသာပြန်ဆိုရာ၌ "ဘုရားသခင်၏" သို့မဟုတ် "ဘုရားသခင်မှ" သို့မဟုတ် "ဘုရားသခင်ကဲ့သို့" သို၌မဟုတ် "ဘုရားသခင်၏အမူအကျင့်" ဟု ထည့်သွင်းပြောဆိုရမည်။
* ဉပမာအားဖြင့် "ဘုရားသခင်ကဲ့သို့ အခွင့်အာဏာရှိခြင်းကို "ဘုရားသခင်၏အခွင့်အာဏာ" သို့မဟုတ် "ဘုရားသခင်ထံမှလာသောအခွင့်အာဏာ" ဟု ခေါ်ဆိုသင့်သည်။
* "ဘုရားသခင်ကဲ့သို့ကြီးမြတ်ခြင်း" ကို ဘာသာပြန်ဆိုရာ၌ "ဘုရားသခင်၏ဘုန်းတန်ခိုး" သို့မဟုတ် 'ဘုရားသခင်၏ဘုန်းတော်" သို့မဟုတ် 'ဘုရားသခင်ထံမှလာသောဘုန်းအာနုဘော်" ဟု ပြန်ဆိုသင့်သည်.
* အချို့သော ဘာသာပြန်ဆိုမှတွင် နတ်ဘုရား၊ အခြားသောဘုရားများ၏ ဘုန်းကြီးကြောင်းကို မှားယွင်းစွာ ပြန်ဆိုလေ့ရှိသည်။

13
bible/kt/dominion.md Normal file
View File

@ -0,0 +1,13 @@
# အုပ်ချုပ်ခွင့်အာဏ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"အုပ်ချုပ်ခွင့်အာဏာ" ဆိုသည်မှာ လူ၊ တရိစ္ဆာန် (သို့) နယ်မြေများအပေါ် တန်းခိုး၊ ထိန်းချုပ်ခြင်း၊ အမိန့်အာဏာရှိခြင်းကိုရည်ညွန်းသည်။
*ယေရှုခရစ်တော်က ပရောဖတ်၊ ယဇ်ပရောရိတ်နှင့်ဘုရင်ကဲ့သို့အုပ်ချုပ်ခွင့်အာဏာရှိရန်ပြောခဲ့သည်။
* ယေရှုခရစ်တော်လက်၀ါးကပ်တိုင်းပေါ်မှာအသေခံခြင်းဖြင့်စာတန်ရဲ့အုပ်ချုပ်ခွင့်အာဏာကိုရှုံးစေခဲ့သည်။
* ဖန်ဆင်းခြင်းတွင်ဘုရားသခင်ကပင်လယ်တွင်ရှိသောငါး၊ မိုယ်းကောင်းငှက်တို့နှင့် မြေပေါ်မှာလှုပ်ရှားတတ်သောတရိစ္ဆာန်အပေါင်းတို့ကိုအုပ်ချုပ်ခွင့်ရှိရန်ပြောခဲ့သည်။
% ဘာသာပြန်အကြံပြုချက်များ
* စကာစပ်ကိုအခြခံ၍ တနည်းအားဖြင့် ဒီ​​ေ၀ါဟာရအသုံးနှုန်းကိုဘာသာပြန်ရင် အမိန့်အာဏာ (သို့) တန်းခိုး (သို့) ထိန်းချုပ်ခြင်းဟုဆိုလိုသည်။
* "အုပ်ချုပ်ခွင့်အာဏာရှိခြင်း" စကားလုံးကို "စိုးမိုးခြင်း" (သို့) "စီမံခြင်း" ဟုဘာသာပြန်နိုင်သည်။

10
bible/kt/ephod.md Normal file
View File

@ -0,0 +1,10 @@
# သင်တိုင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သင်တိုင်း သည်ဣသရေလယဇ်ပရောဟိတ်များဝတ်ဆင်သော ခါးစည်းကဲ့သို့သော အဝတ်ဖြစ်သည်။ အရှေ့ပိုင်းနှင့်အနောက်ပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ပခုံးတွင်ဆက်ထားပြီး ခါးတွင်အဝတ်ခါးပတ်ဖြင့်ချည်ထားရသည်။
* သာမန်ယဇ်ပရောဟိတ်များဝတ်ဆင်သော သင်တိုင်း အမျိုးအစားသည် သပိတ်သက်သက်ဖြင့်ပြုလုပ်ထားသည်။
* ယဇ်ပရောဟိတ်မင်း များဝတ်ဆင်သော သင်တိုင်းမှာ ရွှေရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်တို့ဖြင့် အလှဆင်ထားသည်။
* သင်တိုင်း၏အရှေ့ပိုင်းတွင် ယဇ်ပရောဟိတ်မင်း များ၏ရင်ဖုံးကို တပ်ဆင်ထားသည်။ ရင်ဖုံးအနောက်ဘက်တွင် အချို့ကိစ္စများတွင် ဘုရားသခင်၏အလိုတော်ကိုသိဖို့မေးမြန်းရာတွင်အသုံးပြုသည့် ဥရိမ်နှင့်သုမိမ်ကိုထားသည်။
* တရားသူကြီး ဂိဒေါင်မှ သင်တိုင်းကိုရွှေဖြင့် မှားယွင်းစွာပြုလုပ်ခဲ့ရာ ၎င်းကို ဣသရေလလူမျိုးများ ရုပ်တုအဖြစ်ကိုးကွယ်ခဲ့ကြသည်။

17
bible/kt/eternity.md Normal file
View File

@ -0,0 +1,17 @@
# ထာဝရ၊ နိစ္စ၊ ထာဝရကာလ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ထာဝရ" နှင့် "နိစ္စ"ဟူသည်မှာ အဓိပ္ပါယ် တူကြပြီး၊ အမြဲတမ်းတည်ရှိသောအရာ သို့မဟုတ် အမြဲတမ်းတာရှည်ခံမည့်အရာ ကိုရည်ညွှန်းသည်။
* "နိစ္စ" သည် အစမရှိ အဆုံးမရှိခြင်းကိုဆိုလိုသည်။ အဆုံးမရှိသော ဘဝဟုလည်းအဓိပ္ပါယ်ရှိနိုင်သည်။
* ယခုဘဝပြီးလျှင် လူသားအားလုံးသည် ကောင်းကင်တွင် ဘုရားသခင်နှင့်အတူ သို့မဟုတ် ဘုရားသခင်နှင့်ကင်းကွာလျက် ငရဲတွင် ထာဝရကာလ ကိုစံစားရမည်ဖြစ်သည်။
* ဓမ္မသစ်ကျမ်းစာတွင် ကောင်းကင်နိုင်ငံတွင်ဘုရားခင်နှင့်အတူ အထာဝရနေရခြင်းကို ထာဝရဘဝ နှင့် နိစ္စဘဝ ဟု သုံးနှုန်းထားသည်။
* "ထာဝရ နှင့် အစဥ်ထာဝရ" ဟူသော စကားစုသည် အဆုံးမရှိသောအချိန်ကာလတစ်ခုကိုရည်ညွှန်းပြီး ထာဝရကာလ ၏ပုံရိပ်ကိုလည်းဖော်ပြထားသည်။
## ဘာသာပြန်အကြံပြုချက်များ
*"အနိစ္စ သို့မဟုတ် ထာဝရ" ကို "အဆုံးမဲ့၊ ရပ်နားခြင်းမရှိသော၊ အမြဲတမ်းဆက်လက်ဖြစ်ပျက်သော" ဟုလည်းပြန်နိုင်သည်။
* ထာဝရဘဝ နှင့် နိစ္စဘဝ ကိုလည်း အဆုံးမရှိသောဘဝ၊ မရပ်မနားဘဲဆက်လက်သွားနေသောဘဝ သို့မဟုတ် ထာဝရရှင်သန်ဖို့ ကျွန်ုပ်တို့ ခန္ဓာကိုယ်များကို ထမြောက်စေခြင်း ဟုလည်းပြန်နိုင်သည်။
* နောက်ခံအကြောင်းအရာပေါ်မူတည်၍ "ထာဝရကာလ" ကို "အချိန်ကာလ၏အပြင်ဘက်တွင်ရှိသော၊ "မဆုံးနိုင်သောဘဝ" သို့မဟုတ် "ကောင်းကင်သားဘဝ" ဟုလည်းပြန်ဆိုနိုင်သည်။
* ဒေသန္တရ နှင့် နိုင်ငံ့ဘာသာစကားများတွင် ဤစကားလုံးကို ဘယ်လိုပြန်ထားသည်ကိုလည်း ထည့်စဉ်းစားပါ။

11
bible/kt/eunuch.md Normal file
View File

@ -0,0 +1,11 @@
# မိန်းမလျှာ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"မိန်းမလျှာ" သည်သာမန်အားဖြင့် သင်းကွပ်ထားသောအမျိုးသားကို ရည်ညွှန်းသည်။ နောက်ပိုင်းတွင် ဤအသုံးအနှုန်းသည် မည်သည့်အနာအဆာမျှမရှိသော အစိုးရဝန်ထမ်းတိုင်းကို ရည်ညွှန်းသော စကားလုံးဖြစ်လာသည်။
* ယေရှုက အချို့သောသူတို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာ ဖြစ်ကြသည်ဟုပြောခဲ့သည်၊
လ္လိင်အင်္ဂါချို့တဲ့သောကြောင့်သော်လည်းကောင်း၊ လ္လိင်မှုဆိုင်ရာတွင် ကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်ဖြစ်နိုင်သည်။ အခြားသောသူများသည် အိမ်ထောင်မပြုဘဲ မိန်းမလျှာ အဖြစ်သာနေရန်ရွေးချယ်ကြသည်။
* ရှေးခေတ်တွင်မူ မိန်းမလျှာ (သင်းကွပ်ထားသောအမျိုးသား) များသည် အမျိုးသမီးအဆောင်များတွင် အုပ်ထိန်းသူများအဖြစ်တာဝန်ထမ်းဆောင်သော ဘုရင်၏အစေခံများ ဖြစ်လေ့ရှိသည်။
* သဲကန္တာရတွင် ဖိလိပ္ပု နှင့်တွေ့သော အဲသယောပိ အမတ်ကဲ့သို့သော အချို့ မိန်းမလျှာ များမှာ အရေးကြီးအစိုးရတာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည်။

14
bible/kt/evangelism.md Normal file
View File

@ -0,0 +1,14 @@
# ဧဝံဂေလိဆရာ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဧဝံဂေလိဆရာ" သည်ယေရှုခရစ်တော်၏ သတင်းကောင်းကို အခြားသူများအားပြောပြသော သူဖြစ်သည်။
* "ဧဝံဂေလိဆရာ" ၏တိုက်ရိုက်အဓိပ္ပါယ်မှာ သတင်းကောင်းဟောပြောသောသူတစ်ယောက်ဖြစ်သည်။
* ယေရှုကိုကိုးစားခြင်းနှင့် အပြစ်အတွက်သူ့ရဲ့ယဇ်ပူဇော်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ခြင်း သတင်းကောင်းကို ဖြန့်ဝေဖို့ ယေရှုသည် သူ့တမန်တော်များကို စေလွှတ်ခဲ့သည်။
* ယုံကြည်သူများအားလုံးသည် ဒီသတင်းကောင်းကို ဝေငှဖို့ မိန့်ကြားခြင်းခံရကြသည်။
* အချို့ယုံကြည်သူများသည် အခြားသူများကို သတင်းကောင်း ထိထိရောက်ရောက်ဝေငှဖို့ အထူးဝိညာဉ်ဆုကျေးဇူးရကြသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် ဧဝံဂေလိဆုကျေးဇူးခံရသူများဖြစ်ပြီး သူတို့ကို "ဧဝံဂေလိဆရာများ" ဟုခေါ်သည်။
ဘာသာပြန်အကြံပြုချက်များ
## "ဧဝံဂေလိဆရာ" ဟူသည့်ဝေါဟာရကို သတင်းကောင်းဟောပြောသောသူ၊ သတင်းကောင်းသင်ကြားပေးသူ သို့မဟုတ် သတင်းကောင်းပြောကြားသောသူ ဟုလည်းပြန်ဆိုနိုင်သည်။

15
bible/kt/evil.md Normal file
View File

@ -0,0 +1,15 @@
# ဆိုးယုတ်သော၊ ဆိုးညစ်သော၊ ဆိုးညစ်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဆိုးယုတ်သော နှင့် ဆိုးညစ်သော ဟူသည့်ဝေါဟာရများသည် ဘုရားသခင်၏သန့်ရှင်းသောသဘောနှင့်အလိုတော်တို့ နှင့်ဆန့်ကျင်သော အရာအားလုံးကိုရည်ညွှန်းသည်။
* "ဆိုးယုတ်သော" သည်လူတစ်ယောက်၏ အကျင့်စရိုက် နှင့် "ဆိုးညစ်သော"ဟူသည်မှာ လူတစ်ယောက်၏ အပြုအမူကိုပို၍ ရည်ညွှန်းပြီး ဆင်တူသောအဓိပ္ပါယ်ရှိကြသည်။
* ဆိုးညစ်ခြင်းသည် လူများဆိုးညစ်သောအရာများပြုလုပ်သော အခြေအနေကို ရည်ညွှန်းထားပါသည်။
* ဆိုးယုတ်ခြင်း၏ရလဒ်များသည် လူများကို သတ်ခြင်း၊ ခိုးခြင်း၊ အသရေပျက်အောင်ပြောဆိုခြင်း သို့မဟုတ် ရက်စက်ခြင်း နှင့် ကြင်နာမှုမဲ့ခြင်းစသည့် အခြားသူများကို ညှဉ်းပန်းနှိပ်စက်မှုများတွင် တွေ့ရသည်။
## ဘာသာပြန်အကြံပြုချက်များ
* နောက်ခံအကြောင်းရင်းပေါ်မူတည်၍ "ဆိုးယုတ်သော နှင့် ဆိုးညစ်သော" ကို "ဆိုးသော၊ အပြစ်ရှိသော သို့မဟုတ် ကိုယ်ကျင့်တရားမကင်းစင်သော" ဟုဘာသာပြန်နိုင်သည်။
* "မကောင်းသော၊ မဖြောင့်မတ်သော သို့မဟုတ် ကိုယ်ကျင့်တရား မကောင်းသော" ဟုလည်းအခြားနည်းလမ်းဖြင့် ဘာသာပြန်နိုင်သည်။
* အသုံးပြုထားသော ဝေါဟာရများသည် ဦးတည်ထားသောဘာသာစကား၏ နောက်ခံနှင့် သဘာဝအတိုင်းကိုက်ညီဖို့လိုသည်။

15
bible/kt/exalt.md Normal file
View File

@ -0,0 +1,15 @@
# ချီးမြှောက်သည်၊ ချီးမြှောက်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ချီးမြှောက်ခြင်းသည် တစ်စုံတစ်ယောက်ကို အလွန်ချီးမွမ်းခြင်းနှင့် အလွန်အရိုအသေပေးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကို ရာထူးရာခံအမြင့်ပေးခြင်းကိုလည်း ဆိုလိုသည်။
* သမ္မာကျမ်းစာတွင် ချီးမြှောက်ခြင်း သည် ဘုရားသခင်ကိုချီးမြှောက်ရာတွင်သုံးလေ့ရှိသည်။
* လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို ချီးမြှောက်ပါက ဝါကြွားခြင်း သို့မဟုတ် မိမိကိုယ်ကို ဘဝင်မြင့်မြင့် ထင်မြင်ခြင်းဖြစ်သည်။
## ဘာသာပြန်အကြံပြုချက်များ
* ချီးမြှောက်ခြင်း တွင် အလွန်ချီးမွမ်းခြင်၊ အလွန်အရိုအသေပေးခြင်း၊ အမွှမ်းတင်ခြင်း သို့မဟုတ် အထင်ကြီး၍ပြောဆိုခြင်း တို့ပါဝင်သည်။
* အချို့အကြောင်းရင်းများတွင် မြင့်သောရာထူးတွင်ထားသည်၊ သာ၍ရိုသောမှုပေးသည် သို့မဟုတ် ဂုဏ်ယူစွာပြောသည် ဟုလည်းဘာသာပြန်နိုင်သည်။
* "မိမိကိုယ်ကို မချီးမြှောက်နှင့်" ဆိုသည့်စကားစုကို "မိမိကိုယ်ကိုအထင်မကြီးနှင့် သို့မဟုတ် ကိုယ့်ကိုယ်ကို အဝါကြွားနှင့်" ဟုလည်းပြန်နိုင်သည်။
* "ကိုယ့်ကိုယ်ကို ချီးမြှောက်သောသူများ" ဆိုသည့်စကားစုကို "မိမိကိုယ်ကိုယ်အကြောင်းဝါကြွားသောသူများ" ဟုလည်းပြန်နိုင်သည်။

18
bible/kt/exhort.md Normal file
View File

@ -0,0 +1,18 @@
# တိုက်တွန်းသွေးဆောင်သည်၊ တိုက်တွန်းသွေးဆောင်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"တိုက်တွန်းသွေးဆောင်သည်" သည်မှန်ကန်သောအရာကိုပြုလုပ်ဖို့ တစ်စုံတစ်ယောက်ကို အားပေးခြင်းနှင့်တိုက်တွန်းခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အားပေးခြင်းမျိုးကို တိုက်တွန်းသွေးဆောင်ခြင်း ဟုခေါ်သည်။
* တိုက်တွန်းသွေးဆောင်ခြင်း၏ရည်ရွယ်ချက်မှာ အပြစ်ကိုရှောင်ဖို့နှင့် ဘုရားသခင်အလိုတော်ကို လိုက်လျှောက်ဖို့ သွေးဆောင်ဖျားယောင်းခြင်း ဖြစ်သည်။
* သမ္မာသစ်ကျမ်းစာက အချင်းချင်း ကြမ်းတမ်းစွာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၌တိုက်တွန်းသွေးဆောင်ဖို့ ယုံကြည်သူများကိုသင်ပေးထားသည်။
ဘာသာပြန်အကြံပြုချက်များ
## နောက်ခံအကြောင်းအရာပေါ်မူတည်၍ တိုက်တွန်းသွေးဆောင်ခြင်း ကို စိတ်အားထက်သန်စွာတိုက်တွန်းသည်၊ ဖျားယောင်းသည် သို့မဟုတ် အကြံပေးသည် ဟုလည်းဘာသာပြန်နိုင်သည်။
## ဒီစကားလုံးကို ဘာသာပြန်သည့်အခါတွင် တိုက်တွန်းသွေးဆောင်သောသူသည် စိတ်ဆိုးသည့်အဓိပ္ပါယ်မပေါက်အောင်သိပြုရမည်ဖြစ်သည်။ အားအင်နှင့် အလေးအနက်ထားခြင်း သာရှိသင့်သည်၊ စိတ်ဆိုးသည့် သဘောမရည်ညွှန်းစေရ။
## အခြေအနေတော်တော်များများတွင် တိုက်တွန်းသွေးဆောင်ခြင်း ကို စိတ်အားတက်စေခြင်း၊ စိတ်ပြန်လည်အားပေးခြင်း သို့မဟုတ် တစ်ယောက်ယောက်ကို နှိမ့်သိမ့်ခြင်း စသည် အားပေးခြင်း နှင့်မတူအောင်ပြန်ဖို့လိုသည်။
## အများအားဖြင့် ဤစကားလုံးကို သတိပေးခြင်း သို့မဟုတ် မှားယွင်းသောအပြုအမူအတွက် တစ်စုံတစ်ယောက်ကို ပဲ့ပြင်ခြင်းစသည် ဆုံးမခြင်း နှင့်လည်းမတူအောင် ဘာသာပြန်ဖို့လိုသည်။

11
bible/kt/faith.md Normal file
View File

@ -0,0 +1,11 @@
# ယုံကြည်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ယေဘုယျအားဖြင့် "ယုံကြည်ခြင်း" ဟူသော ဝေါဟာရသည် တစ်စုံတစ်ဦးကို ယုံကြည်မှု (သို့) ယုံကြည်စိတ်ချမှုကို ရည်ညွန်းသည်။
* တစ်စုံတစ်ယောက်ကို "ယုံကြည်ခြင်းရှိ" ဆိုသည်မှာ ထိုသူ၏ပြောခြင်းနှင့် လုပ်ဆောင်မှုသည် မှန်ကန်ပြီး၊ အားကိုးထိုက်သည်ဟူ၍ ယုံကြည်ရန် ဖြစ်ပါသည်။
* "ယေရှု၌ ယုံကြည်ခြင်းရှိ" အဓိပ္ပါယ် မှာ ယေရှုအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ သွန်သင်ခြင်းအားလုံး ကိုယုံကြည်ဖို့ကိုဆိုလိုပါသည်။ အထူးသဖြင့် လူများတို့၏မိမိအပြစ်ကို သန့်ရှင်းစေရန်နှင့် သူတို့သည် မိမိတို့ အပြစ်တရား၏ပြစ််ဒဏ်မှ ကယ်တင်ရန် ယေရှုနှင့် ယဇ်ပူဇော်သောသူ၌ ခိုလုံခြင်းကို ဆိုလိုသည်။
*စစ်မှန်သောယုံကြည်ခြင်းး (သို့) ယေရှုကိုယုံကြည်ခြင်းသည် လူတစ်ဦး၏အသက်တာတွင်ကောင်းသောဝိညာဥ်အသီးအပွင့်များ (သို့) ပြုမူကျင့်ကြံပုံများ ဖြစ်ပေါ်စေရန် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအဓိက ဖြစ်သည်။
*တစ်ခါတစ်ရံ "ယုံကြည်ခြင်း" ဟူသောဝေါဟာရသည် ယေရှု၏သွန်သင်ခြင်းအကြောင်းအရာများကို ရည်ညွန်းရာတွင် "ယုံကြည်ခြင်း၏ သမ္မာတရားများ" ဟူ၍ ဖော်ပြသည်။
* ထိုကဲ့သို့သော "ယုံကြည်ခြင်းကိုစောင့်ရှောက်" (သို့) "ယုံကြည်ခြင်းကိုစွန့်လွှတ်ခြင်း၊" "ယုံကြည်ခြင်း" ဟူသော ဝေါဟာရသည် ယေရှုခရစ်တော်သင်ကြားပေးခဲ့သော အကြောင်းအရာများကို ယုံကြည်နေသောအခြေအနေကို ရည်ညွန်းသည်။

9
bible/kt/faithful.md Normal file
View File

@ -0,0 +1,9 @@
# သစ္စာရှိသော၊ သစ္စာတရား
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဘုရားသခင်ကို "သစ္စာရှိရန်" ဆိုသည်မှာ သူ၏သွန်သင်ခြင်းများအတိုင်း အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဤအရာဟာ ဘုရားသခင်ကိုနာခံခြင်းဖြင့် သစ္စာရှိရမည်ကိုဆိုလိုသည်။ သစ္စာရှိစွာနေထိုင်ခြင်းသည် "သစ္စာတရား" ဖြစ်သည်။
* သစ္စာရှိသောသူသည် ကတိတော်များကိုအမြဲစောင့်ရှောင်ရာတွင် ကိုးစားထိုက်သူဖြစ်၍ အခြားသောလူတို့အား မိမိတာဝန်ဝတ္တရားအတိုင်း လုပ်ဆောင်ပြီးမြောက်လေရှိသည်။
* အချိန်ကြာပြီးခက်ခဲသော်လည်း သစ္စာရှိသောသူသည် သူ၏တာဝန်ကိုလုံ့လဝီရိယဖြင့် လုပ်ဆောင်သည်။
* ဘုရားသခင်ကို သစ္စာရှိခြင်းဆိုသည်မှာ ဘုရားသခင်လုပ်စေချင်သောအရာကို ပြောင်းလဲခြင်းမရှိဘဲလက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသသည်။

9
bible/kt/faithless.md Normal file
View File

@ -0,0 +1,9 @@
# မယုံကြည်ထိုက်သော၊ သစ္စာမရှိသော၊ သစ္စာမဲ့ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"မယုံကြည်ထိုက်သော" ဟူသော ဝေါဟာရသည် ယုံကြည်ခြင်းမရှိသော (သို့) မယုံကြည်သော ဟူ၍ အဓိပ္ပါယ်ရှိသည်။
*ဤစကားလုံးသည် ဘုရားသခင်ကိုမယုံကြည်ခြင်းကို သူတို့၏ကိုယ်ကျင့်တရာအားဖြင့်မြင်နိုင်သည်ကို ဖော်ပြရာတွင်သုံးသည်။
* ဣသရေလလူမျိုးတို့သည် ဘုရားသခင်ကိုသစ္စာမရှိသောသူ၊ မနာခံသောသူများဟူ၍ ပရောဖတ်ယေရမိက စွပ်စွဲခဲ့သည်။
* ဣသရေလလူတို့သည် ရုပ်တုများကို ကိုးကွယ်ကြပြီး၊ ဘုရားသခင်ကို နာမခံ၊ မကိုးကွယ်သောလူမျိုးစု၏ ဓလေ့ထုံးတမ်း နောက်သို့လိုက်သွားကြသည်။

12
bible/kt/falsegod.md Normal file
View File

@ -0,0 +1,12 @@
# မှာယွင်းသောဘုရား၊ အခြားသောဘုရား၊ နတ်ဘုရား၊ နတ်ဘုရားမ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
မှာင်းယွင်းသောဘုရားဟူသည်မှာ စစ်မှန်သောဘုရားကို ကိုးကွယ်မည့်အစ မှားယွင်းသောဘရားကို ကိုးကွယ်နေခြင်းကို ဆိုသည်။ "နတ်ဘုရားမ" ဟူသည့်အသုံးအနှုန်းမှာ မှားယွင်သောနတ်ဘုရားမ ကိုရည်ညွန်းသည်။
* ဤမှားယွင်းသော နတ်ဘုရားများ (သို့) နတ်ဘုရားမများမှာ တည်ရှိနေခြင်းမရှိပါ။ ယေဟောဝါဘုရာသာလျှင် ဘုရားဖြစ်သည်။
*တစ်ခါတစ်ရံ၌၊ လူတို့သည် ရုပ်ဝထ္ထု ပစ္စည်း များကိုရုပ်တုလုပ်ပြီး သူတို့၏ မှားယွင်းသော ဘုရားများ၏ ပုံစံသင်္ကေတများအဖြစ်ပြလုပ်လျက် ကိုးကွယ်ကြသည်။
* သမ္မာကျမ်းစာ၌ ဘုရားသခင်၏လူများသည် မှားယွင်းသောဘုရားများကို ကိုးကွယ်ခြင်းဖြင့် နာခံခြင်းမှ လှည့်ကြလေရှိသည်။
* နတ်ဆိုးများသည် လူများအား သူတို့ကိုးကွယ်နေသောမှားယွင်းသောဘုရားများနှင့် ရုပ်တုများတွင်တန်ခိုးရှိနေသည်ဟူ၍ လှည့်စားလေ့ရှိသည်။
*ဗာလ၊ ဒေါဂုန်၊ မောလုတ် ဘုရားများမှာ များစွာသောမှားယွင်းသည့် ဘုရားများအနက်မှ၊ သမ္မာကျမ်းစာခေတ်၌ လူများကိုးကွယ်ခဲ့ကြသည့် နတ်ဘုရား သုံးပါးဖြစ်သည်။
*အာသရက်နှင့်အာတေမိ (ဒိုင်ယာနာ) တို့သည်ရှေးလူများကိုးကွယ်ခဲ့ကြသည့် နတ်ဘုရားမ နှစ်ပါးဖြစ်သည်။

10
bible/kt/favor.md Normal file
View File

@ -0,0 +1,10 @@
# မျက်နှာသာ၊ မျက်နှာသာရခြင်း၊ မျက်နှာသာရသော၊ မျက်နှာသာပေးခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"မျက်နှာသာ" ဆိုသည်မှာ အပြုသဘောဆောင်သူကို အကျိုးကျေးဇူးရှိခြင်းကို "မျက်နှာသာရခြင်း" ဟုဆိုလိုသည်။ "အပြုသဘောဆောင်သော" "သဘောကျသော" (သို့) "အကျိုးပြုသော" "မျက်နှာသာရသော" အရာတစ်ချို့ကိုဆိုသည်။
* "မျက်နှာသာပေးခြင်း" ဟူသည်မှာ လူအများမဟုတ်ဘဲ တစ်ချို့သောလူတို့ကိုသာ မျက်နှာသာလုပ်ပေးခြင်းကိုဆိုလိုသည်။ "မျက်နှာသာပေးခြင်း" ဆိုသည်မှာ တစ်ချိုးလူတို့ကိုသာ အမြဲတမ်းမျက်နှာသာလုပ်ခြင်းကိုဆိုလိုသည်။ မျက်နှာသာကို ချမ်းသာကြွယ်ဝသူများကိုသာပေးခြင်း (သို့) သူတို့အတွက်သာစဥ်စားခြင်းကို ဆိုလိုသည်။
*သခင်ယေရှုသည် ဘုရားသခင်နှင့်လူတို့၏မျက်နှာသာပေးခြင်းဖြင့် ကြီးပြင်းလာသည်။ ယေရှု၏ ကောင်းမွန်သော အပြုအမူ၊ အကျင့်ကိုအမြဲ အသိအမှတ်ပြုပေးခြင်းကို ဆိုလိုသည်။
* "မျက်နှာသာရခြင်း" ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို ထောက်ခံပေးခြင်းကိုဆိုလိုသည်။
* ဘုရင်သည် တစ်စုံတစ်ယောက်သောသူကို မျက်နှာသာပေးခြင်းသည် ထိုသူ၏တောင်းဆိုမှုကို သဘောတူသည်ဟူ၍ အဓိပ္ပါယ်ရသည်။

9
bible/kt/fear.md Normal file
View File

@ -0,0 +1,9 @@
# ကြောက်ရွှံ့ခြင်း၊ ကြောက်သည်၊ ထာဝရဘုရားကိုကြောက်ရွှံ့ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ကြောက်ရွှံ့ခြင်း" နှင့် "ကြောက်သည်" ဆိုသည်မှာ လူတစ်ယောက်သည် ကိုယ့်ကိုကိုယ် (သို့) အခြားသူများအား ခြိမ်းခြောက်မှုတစ်ခုခုရှိလာသောအခါ ထိုသူ၏ ခံစားချက်မကောင်းသော အရာကို ဆိုလိုခြင်းဖြစ်သည်။
* "ကြောက်ရွှံ့ခြင်း" ဟူသောစကားလုံးသည် အာဏာရှိသောသူတစ်ယောက်ကို ရိုသေခြင်း နှင့် လေးစားသမှုပြုခြင်းကို ဆိုလိုသည်။
* "ထာဝရဘုရားကိုကြောက်ရွှံ့ခြင်း" နှင့် ဆက်စပ်သော ဝေါဟာရဖြစ်သည့် "ဘုရားသခင်ကို ကြောက်ရွှံ့ခြင်း" နှင့် "အရှင်သခင်ကို ကြောက်ရွှံ့ခြင်း" သည် ဘုရားသခင်ကို ရိုသေလေးစားခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့် လေးစားမှုကို ပြသသောအရာကို ရည်ညွန်းသည်။
* ထာဝရဘုရားကိုကြောက်ရွှံ့သောသူသည် ပညာရှိလာမည်ဟု ကျမ်းစာက သွန်သင်ထားပါသည်။

14
bible/kt/fellowship.md Normal file
View File

@ -0,0 +1,14 @@
# မိတ်သာဟာရ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ယေဘုယျအားဖြင့် "မိတ်သာဟာရ" ဟူသည်မှာ စိတ်၀င်စားခြင်းများနှင့် အတွေ့ကြုံမျာကို ခင်မင်ရင်နှီးစွာမျှ‌‌‌‌‌‌ဝေတတ်သော လူအုပ်စုကြား ပြုမူခြင်းကို ရည်ညွန်းသည်။
* ကျမ်းစာထဲတွင် "မိတ်သာဟာရ" ဟူသော စကားစုသည် ပုံမှန်အားဖြင့် ခရစ်တော်၌ယုံကြည်သူများ၏ စည်းလုံးခြင်းကို ရည်ညွန်းထားပါသည်။
* ခရစ်ယာန် မိတ်သာဟာရ ဟူသည်မှာ ခရစ်တော်နှင့်သန့်ရှင်းသော ၀ိညာဥ်၏ဆက်နွယ်မူကြောင့် ယုံကြည်သူများနှင့် ဆက်နွယ်မူမျှဝေခြင်း ဖြစ်သည်။
* ကနဦး ခရစ်ယာန်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော် သွန်သင်ခြင်းကို နားထောင်ခြင်းနှင့် အတူတကွ ဆုတောင်းခြင်းအားဖြင့် သော်လည်းကောင်း၊ သူတို့ပိုင်ဆိုင်သောအရာများကို အတူတကွမျှဝေခြင်းနှင့် အစားအသောက်များကို အတူတကွသုံးဆောင်ခြင်းအားဖြင့် သူတို့၏ မိတ်သာဟာရကို ဖော်ပြခဲ့ကြသည်။
* ခရစ်ယာန်များသည် သူ၏ကားတိုင်၌ အသက်‌ပေးသေခြင်းကြောင့် ဘုရားသခင်နှင့် လူသားတွေအကြား အဟန့်အတားကို ချေဖျက်ပေးသောကြောင့် ယေရှု၌ ယုံကြည်မူထားရှိခြင်းအားဖြင့် ဘုရားသခင်နှင့် မိတ်သာဟာရ ဖွဲ့ကြသည်။
## ဘာသာပြန် အကြံပြုချက်
* "မိတ်သာဟာရ" ကို ဘာသာပြန်ရန် နည်းလမ်းမှာ "အတူတကွ မျှဝေခြင်း" (သို့ ) "ဆက်နွယ်ခြင်း" (သို့ ) "ပေါင်းဖော်ခြင်း" (သို့ ) "ခရစ်ယာန်အဖွဲ့အစည်း" ဟူ၍ ဘာသာပြန်နိုင်သည်။

8
bible/kt/filled.md Normal file
View File

@ -0,0 +1,8 @@
# ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း" ဟူသော စကားစုကို မြင်သာမှုရှိစေရန် ဖော်ပြချက်မှာ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ပိုင်ခွင့်ရှိသော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။
* ထိုဖော်ပြချက် "ပြည့်ဝသည်" ဟူသောစကားလုံး၏ အဓိပ္ပါယ်မှာ "ထိန်းချုပ်ခြင်းအားဖြင့်" ဟုဆိုသည်။
* လူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းကို လိုက်နာ၍ ဘုရားသခင်၏အလိုတော်ကို ပြည့်ဝစွာလုပ်ဆောင်နိုင်ရန် ဝိညာဉ်တော်၏မစမှုကို "ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း" ပင်ဖြစ်သည်။

11
bible/kt/flesh.md Normal file
View File

@ -0,0 +1,11 @@
# အသွေးအသား
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာထဲတွင် "အသွေးအသား" ဟူသော စကားလုံးကို လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာထဲမှ နူးညံ့သောအသားစ ဟူ၍ရည်ညွန်းဖော်ပြသည်။
* သမ္မာကျမ်းစာ၌ "အသွေးအသား"ဟူ၍အသုံးပြုသောအခါ လူသားများ (သို့) တိရစ္ဆာန်များကို တင်စာရာတွင် အသုံးပြုသည်။
*ဓမ္မသစ်ကျမ်းစာထဲတွင် "အသွေးအသား" ဟူသော စကားလုံးကို လူသားများ၏ အပြစ်သဘောသဘာဝကို ရည်ညွန်းသည်။ တစ်နည်းအားဖြင့် နှိုင်းယှဉ်လျှင် သူတို့၏ဝိညာဉ်ရေးရာ သဘောသဘာဝကိုဖော်ပြသည်။
* အချို့သောဖော်ပြချက်ထဲတွင် "ကိုယ်ပိုင်အသွေးအသား" ကို ဇီဝဗေဒနည်းအားဖြင့် တစ်စုံတစ်ယောက်သောသူနှင့် ဆက်နွယ်မှုရှိသည်ကိုဆိုလိုသည်။ ဥပမာ- မိဘများ၊ အမွှာများ၊ ကလေးများ (သို့) မြေးများ ဆက်နွယ်မှုကို ရည်ညွန်းသည်။
* "အသွေးအသား" ကိုဖော်ပြလျှင် တစ်စုံတစ်ယောက်သောသူ၏ မျိုးရိုး၊ ဘိုးဘေးများမှ ဆင်းသက်လာသောသူကို ရည်ညွန်းသည်။
* "တစ်လုံးတစ်ဝတည်းသောအသွေးအသား" ဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးတို့၏ လက်ထပ်ထိမ်းမြှားခြင်းတွင် ဖြစ်ပေါ်လာသော စည်းလုံးခြင်းကို ရည်ညွန်းခြင်းလည်းဖြစ်သည်။

10
bible/kt/foolish.md Normal file
View File

@ -0,0 +1,10 @@
# လူရူး လူမိုက်၊ မိုက်မဲသော၊ မိုက်မဲမှု
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"လူရူးလူမိုက်" ဟူသောစကားလုံးကို တစ်စုံတစ်ယောက်သောသူ၏ မှားယွင်းစွာ ရွေးချယ်မှုဖြစ်ပြီး အထူးသဖြင့် နားမခံမှုကို ရွေးချယ်ခြင်းဖြစ်သည်။ "မိုက်မဲသော" ဟူသော စကားလုံးကို တစ်စုံတစ်ယောက်၏ အမူအကျင့် ပညာအမျှော်အမြင်နည်းပါးခြင်းကို ဖော်ပြခြင်းဖြစ်သည်။
* သမ္မာကျမ်းစာထဲတွင် "လူရူးလူမိုက်" ဟူသောစကားလုံးကို တစ်စုံတစ်ဦး၏ ဘုရားသခင်အပေါ်နားမခံခြင်းနှင့် မယုံကြည်ခြင်း ကို ရည်ညွန်းသည်။ ထိုစကားလုံးသည် ပညာအမျှော်အမြင်ကြီးသောသူ ဘုရားသခင်၏စကားတော်ကို နာခံသောသူ၊ ယုံကြည်သောသူဟူသော စကားလုံးနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။
* ဒါဝိဒ်က ဘုရားသခင်၏ဖန်ဆင်းထားသော သက်သေများကို ငြင်းပယ်သောသူ၊ မယုံကြည်သောသူကို လူမိုက်နဲ့တူသည်ဟု ဆာလံကျမ်းထဲတွင် ဖော်ပြထားသည်။
* ဓမ္မာဟောင်းကျမ်းထဲတွင် ပါဝင်သော သုတ္တံကျမ်း၌လည်း မည်သည့်အရာသည် မိုက်မဲမူ့၊ မိုက်မဲသောသူသည် မည်သူနဲ့တူသည်ကို များစွာဖော်ပြထားပါသည်။
* မိုက်မဲမူ ဟူသောစကားလုံးကို ဖော်ပြရလျှင် ပညာမရှိသောကြောင့် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သည်ဟု ရည်ညွန်းထားသည်။ တခါတရံ၌ မိုက်မဲမူ ဟူသောအဓိပ္ပါယ်ထဲတွင် ပြုက်ရယ်ပြုဖွယ်ရာ (သို့) ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်ပေသည်။

10
bible/kt/forgive.md Normal file
View File

@ -0,0 +1,10 @@
# ခွင့်လွှတ်သည်၊ အပြစ်မှလွှတ်ခြင်း၊ ခွင့်လွှတ်ခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
တစ်စုံတစ်ယောက်သောသူကို ခွင့်လွှတ်နိုင်ရန် ဟူသောစကားလုံးသည် နာကြင်စေခဲ့ဖူးသောသူကို မနာလိုမုန်းတီးမှုမရှိခြင်းဖြစ်သည်။ "အပြစ်လွှတ်လိုက်ခြင်း" သည်လည်း တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
* တစ်စုံတစ်ဦးကို ခွင့်လွှတ်ခြင်းဟုဆိုရာတွင် သူ၏အမှားပြုခဲ့ဖူးသောအရာပေါ်တွင် ပြစ်ဒဏ်တစ်ခုကိုပေးလိုက်ခြင်းမျိုး မဟုတ်ပေ။
* ဤစကားစုကို ပုံဖော်ရမည်ဆိုလျှင် "ပယ်ဖျက်လိုက်သည်" တစ်နည်းအားဖြင့် "တစ်စုံတစ်ခုသော အကြွေးအတွက် ခွင့်လွှတ်လိုက်သည်" ဟူ၍ အသုံးပြုနိုင်သည်။
* လူအပေါင်းတို့သည် ယင်းတို့၏အပြစ်ရှိသမျှကို ဝန်ခံသောအချိန်၌ ကားတိုင်ပေါ်မှာသခင်ယေရူ၏ အသေခံလိုက်ခြင်းကို အခြေခံ၍ ဘုရားသခင်က ခွင့်လွှတ်ပေးလိုက်သည်။
* ယေရူခရစ်တော်က သူ၏တပည့်တော်များအား အခြားသူများကို သူခွင့်လွှတ်သကဲ့သို့ ခွင့်လွှတ်ပေးရန် သင်ကြားပေးသည်။

10
bible/kt/forsaken.md Normal file
View File

@ -0,0 +1,10 @@
# ကျောခိုင်းသည်၊ စွန့်ပစ်သည်၊ စွန့်ပစ်ခဲ့သည်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ကျောခိုင်းသည်" ဟူသောစကာလုံးသည် တစ်စုံတစ်ယောက်ကို စွန့်ပစ်သည် (သို့) တစ်စုံတစ်ရာကို အရှုံးပေးသည် ဟု အဓိပ္ပါယ်သက်ရောက်သည်။
* လူများက ဘုရားသခင်ကို "ကျောခိုင်းလိုက်သော" အချိန်သည် သူ့၏စကားကို နာမခံခြင်းအားဖြင့် မယုံကြည်နိုင်ခြင်းကို ဆိုလိုသည်။
* ဘုရားသခင်က လူများကို "ကျောခိုင်းလိုက်သည့်" အချိန်တွင် သူ၏ကူညီမစပေးမှုကို ရပ်တန့်လိုက်ခြင်းနှင့် နာကြင်မှုများကို ခွင့်ပြုပေးလိုက်ခြင်းတို့ဖြစ်သည်။ ဤအရာသည် နောင်တတရားနှင့် နောက်ပြန်လှည့်လာစေရန်ဖြစ်သည်။
* ဤစကားစုကို စွဲလမ်းစေသောအရာဝတ္ထုကို စွန့်ပစ်လိုက်ခြင်းမျိုးကိုလည်း အဓိပ္ပါယ်ပြန်နိုင်သည်။ ကျောခိုင်းခြင်း (သို့) ဘုရားသခင်၏သင်ကြားပေးခြင်းမှ သွေဖယ်ခြင်း စသည့်အရာများလည်းဖြစ်သည်။
* "စွန့်ပယ်သည်" ဟူသောစကားလုံးကို အတိတ်ကာလအချိန်အခါအနေဖြင့် "သင်ဟာစွန့်ပစ်ခံရဖူးသူ" (သို့) "တစ်စုံတစ်ယောက်၏မေ့ပစ်ခြင်းကို ခံရဖူးသူ" ဟူ၍ ပြန်ဆိုနိုင်သည်။

9
bible/kt/fulfill.md Normal file
View File

@ -0,0 +1,9 @@
# ပြည့်စုံစေသည်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ပြည့်စုံစေသည်" ဟူသောစကားလုံးသည် မျှော်လင့်ထားသောအရာတစ်စုံတစ်ခုကို ပြီးမြောက်စေရန် (သို့) ဖြစ်မြောက်စေရန် ဟု အဓိပ္ပါယ်ရသည်။
* ပရောဖတ်ပြုချက်များပြည့်စုံလာသည်ဟုဆိုရာတွင် ထိုဖြစ်ပျက်မည့်အရာကို ဘုရားသခင်က ပရောဖတ်စကားအားဖြင့် ကြိုတင်ဟောခဲ့ပြီးသားဖြစ်သည်။
* တစ်ဦးတစ်ယောက်က ကတိတစ်ခု ပြည့်ဝသည်ဆိုလျှင် ကတိတည်တဲ့အတိုင်း လုပ်ဆောင်သောသူဟု ဆိုရပေသည်။
* လုပ်ငန်းတာဝန်တစ်ခုခုကိုပြီးမြောက်စေရန် အလုပ်တစ်ခုကို ခွဲခန့်ထားဖို့ဖြစ်သည်။

11
bible/kt/gentile.md Normal file
View File

@ -0,0 +1,11 @@
# တစ်ပါးအမျိုးသား (သို့) ဟေလသလူ၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဂျူးအနွယ်ဝင်မဟုတ်သောသူ မှန်သမျှကို "တစ်ပါးအမျိုးသား" (သို့) ဟေလသလူ ဟုခေါ်သည်။ ထိုသူတို့သည် ယာကုပ်၏မျိုးနွယ်စုမှ ဆင်းသက်လာသူများ မဟုတ်ချေ။
* ကျမ်းစာထဲတွင် "အရေဖျားမလှီးသောသူများ" ဟူသည်မှာ တပါးအမျိုးသားများကိုဆိုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် အများစုသော တပါးအမျိုးသားများသည် ဣသရေလလူမျိုးများကဲ့သို့ ကလေးများကို အရေဖျားမလှီးပေးသောကြောင့်ဖြစ်သည်။
* အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဂျူးလူမျိုးများအား အထူးရွေးကောက်ထားခြင်းဖြစ်သည်။ သူတို့၏စိတ်ထဲတွင် ယင်း ဟေလသလူများသည် ဘုရားသခင်နှင့် မဆိုင်သောသူများဟု တွေးထင်ထားကြသည်။
* ဂျူးလူမျိုးများ၏ အခြားသောအမည်နာမများမှာ "ဣသရေလ" နှင့် "ဟေဗြဲ" ဟူ၍ သမိုင်းတစ်လျှောက်တွင် ကွဲပြားစွာ အသုံပြုထားသည်။ သူတို့သည် ဣသရေလလူမျိုးမဟုတ်သောသူမှန် သမျှကို တပါးအမျိုးသား ဟေလသလူမျိုးများ အဖြစ်ရည်ညွန်းထားကြသည်။
* ဟေလသဟုဆိုလျှင် ဂျူးမဟုတ်ပါ ဣသရေလမဟုတ်ပါ။
* ရိုးရာယဉ်ကျေးမှုအားဖြင့် ပြောရမည်ဆိုလျှင် ဂျူးလူမျိုးများသည် ဟေလသလူမျိုးများနှင့် အတူမစား မိတ်ဆွေအဖြစ်အတူမပေါင်းဖော်ကြပါ။ ထိုသို့သောအဖြစ်အပျက်သည် ကနဦးအသင်းတော်ကာလတွင်သာ ဖြစ်သည်။

10
bible/kt/gift.md Normal file
View File

@ -0,0 +1,10 @@
# လက်ဆောင် (ဆုကျေးဇူး)၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"လက်ဆောင်"ဟူသော စကားလုံးသည် လုံးလုံးလျားလျားပေးလိုက်ခြင်းဖြစ်သည်။ ထိုစကားလုံး လက်ဆောင်သည် တစ်စုံတစ်ခုသော အရာကို ပြန်ရမည်ဟူသော မျှော်လင့်ချက်မပါသော ပေးအပ်လိုက်ခြင်းမျိုး ဖြစ်သည်။
* ငွေ၊ အစားအစာ၊ အဝတ်အစား သို့ အခြားတန်ဖိုးရှိသော အရာများကို မရှိ၍မတတ်နိုင်သော ချို့တဲ့သူများအား ပေးလိုက်ခြင်းမျိုးသည်လည်း "လက်ဆောင်များ" ပင်ဖြစ်သည်။
* သမ္မာကျမ်းစာထဲတွင်လည်း ကိုယ်၌ပိုင်ဆိုင်ထားသောအရာ တစ်စုံတစ်ခုကို ဘုရားသခင်ထံ လှူဒါန်းလိုက်ခြင်း (သို့) ပေးအပ်လိုက် ခြင်းသည်လည်း လက်ဆောင်ပင် ဖြစ်သည်။
* ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ပေးသနားတော်မူသော ကယ်တင်ခြင်းသည်လည်း ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။
* ဓမ္မသစ်ကျမ်းစာ၌ဖော်ပြထားသော လက်ဆောင်ဟူသောစကားလုံးသည် ဝိညာဉ်ရေးရာစွမ်းရည်တစ်ခုဖြစ်၍ ခရစ်ယာန်များအနေဖြင့် ဘုရားသခင်ပေးထားသော ထိုလက်ဆောင် (သို့) ဆုကျေးဇူးများအားဖြင့် ပါဝင်ဆက်ကပ်ကြရန် ဖြစ်သည်။

10
bible/kt/glory.md Normal file
View File

@ -0,0 +1,10 @@
# ဘုန်းတော်၊ ခမ်းနားကြီးကျယ်သော၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ယေဘုယျအားဖြင့် "ဘုန်းတော်" ဟူသော စကားလုံး၏ အဓိပ္ပါယ်သည် ရိုသေလေးမြတ်ခြင်း၊ ပြည့်စုံခြင်း နှင့် အလွန်ကြီးမြတ်ခြင်းဖြစ်သည်။ "ဘုန်းတော်" ဟူသော စကားလုံးသည် အချိန်တိုင်းတွင် "ခမ်းနားကြီးကျယ်ခြင်း" ဖြစ်သည်။
* တစ်ခါတစ်ရံ၌ "ဘုန်းတော်" ဟူသော စကားလုံးသည် တစ်စုံတစ်ခု၏ ကြီးမားသောတန်ဖိုးနှင့် အရေးပါမှုကို ရည်ညွှန်းသည်။ အခြားသော အကြောင်းအရာများတွင် ထိုစကားလုံးကို ပြည့်စုံခြင်း၊ တောက်ပခြင်း နှင့် တရားမျှတခြင်းစသည်တို့ ဖြစ်သည်။
* ဥပမာအားဖြင့် သိုးထိန်းကြီး၏ဂုဏ်ကို ဖော်ပြတဲ့အခါမှာ ယင်းတို့၏သိုးများကို စိမ်းလန်းသောကျက်စားရာအရပ်၌ စားသောက်စေခဲ့သည်။
* အထူးသဖြင့် ဘုရားသခင်သည် စကြာဝဠာ၌ ရှိသောအရာမှန်သမျှထက် သာ၍ ကြီးမြတ်သည်ကို "ဘုန်းတော်"ဟူသော စကားလုံးဖြင့်သာ ဖော်ပြရသည်။ သူ၏သွင်ပြင်လက္ခဏာအလုံးစုံကို သူ၏ဘုန်းတော်နှင့် ပြည့်စုံခြင်းအားဖြင့်သာ ပေါ်လွင်စေသည်။
* "ဘုန်းတော်ထင်ရှားစေခြင်းထဲ၌" ဟူသော စကားလုံးသည် တစ်စုံတစ်ခုထဲတွင် ဝင့်ကြွားစရာအကြောင်းဖြစ်ရန် (သို့) ဂုဏ်ကျက်သရေဆောင်စေရန် ဖြစ်ပေသည်။

13
bible/kt/god.md Normal file
View File

@ -0,0 +1,13 @@
# ဘုရားသခင်၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာထဲတွင် ''ဘုရားသခင်'' ဟူသော​​ဝေါဟာရသည် ဘာမှမရှိသောအရာထဲမှ စကြာဝဠာကိုဖန်ဆင်းသူဟု ရည်ညွန်းထားသည်။ ဘုရားသခင်သည် အဖကဲ့သို့၎င်း၊ သားတော်ကဲ့သို့၎င်း၊ သန့်ရှင်းသောဝိညာဥ်ကဲ့သို့၎င်း၊ တည်ရှိသောဘုရားဖြစ်သည်။ ဘုရားသခင်၏အမည်နာမသည် "ယေဟောဝါ'' ဖြစ်သည်။
* ဘုရားသခင်သည် ဖန်ဆင်းခြင်းမတိုင်ခင်ကတည်းက အမြဲတမ်းတည်ရှိသောဘုရားဖြစ်သည်။ ဆက်လက်ပြီးတော့သူသည် အစဉ်အမြဲတည်ရှိပါလိမ့်မည်။
* သူသည်သာလျှင်စစ်မှန်သောဘုရားဖြစ်သဖြင့် ဤလောကတစ်ခုလုံးသာမက အရာခပ်သိမ်းကို အုပ်စီုးပိုင်ခွင့်အာဏာရှိသောဘုရားဖြစ်သည်။
* ဘုရားသခင်သည်ရာနှုန်းပြည့်မှန်ကန်သောသူ၊ ဥာဏ်ပညာနှင့်ပြည့်စုံသူ၊ သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြောင့်မတ်သူ၊ ဂရုဏာနှင့်ပြည့်စုံသောသူ၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောသူ ဖြစ်သည်။
* ဘုရားသခင်သည် ပဋိညာဉ်ပြုပေးသူဖြစ်သည်။ ကတိတော်ကိုပြည့်စုံစေသောသူလည်းဖြစ်သည်၊၊
* လူသားတွေကိုဖန်ဆင်းခဲ့ခြင်း၏အ‌ကြောင်းရင်းမှာ ဘုရားသခင်ကိုကိုးကွယ်ဖို့ ဖြစ်သည်။ အဲဒါကြောင့်ဘုရားသခင်ကိုကိုးကွယ်သင့်ရမည် ဖြစ်သည်။
* ဘုရားသခင်သည်သူ၏အမည်နာမကို ''ယေဟောဝါ''ဟုဖော်ပြခဲ့သည်။ အဓိပ္ပါယ်မှာ ''သူဖြစ်သည်'' သို့မဟုတ် ''ငါဖြစ်သည်" သို့မဟုတ် "တစ်ပါးတည်းတည်ရှိသည်၊" ဟူ၍ဖြစ်သည်။
* အသက်မဲ့သော ရုပ်ထုဆင်းတုတွေကို မှားယွင်းစွာကိုးကွယ်သောလူများကို သမ္မာကျမ်းစာက မှားယွင်းသော နတ်ဘုရားများဟုခေါ်သည်။

6
bible/kt/godly.md Normal file
View File

@ -0,0 +1,6 @@
# ဘုရားတရားကြည်ညိုသော၊ ဘုရားတရားကြည်ညိုခြင်း၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဘုရားတရားကြည်ညိုသော" ဟူသည်မှာ ဘုရားသခင်၏အလိုတော်နှင့်အညီ "ဘုရားတရား၌မွေ့လျော်ခြင်း" စသည်ဖြင့် အသုံးပြုဖော်ပြထားပါသည်။ * ဘုရားသခင်၏အလိုတော်နှင့်အညီနေထိုင်သောသူတစ်ယောက်ရဲ့ ၀ိညာဉ် အသီးများမှာ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ နှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်း တို့ ဖြစ်သည်။
* ဘုရားသခင်ကို ရိုသေသောသူ၏အသက်တာတွင် သန့်ရှင်းသော ၀ိညာဉ်တော်နဲ့ နာခံခြင်း ရှိသောသူဖြစ်သည်။

9
bible/kt/godthefather.md Normal file
View File

@ -0,0 +1,9 @@
# အဖဘုရား၊ ကောင်းကင် အဖ၊ အဘ၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
အဖဘုရားနှင့် ကောင်းကင် အဖဆိုသည့်စကားသည် ယေဟောဝါ ဘုရားကိုရည်ညွန်းပြီးတစ်ဆူတည်းသောဘုရားဖြစ်သည်။
* ဘုရားသခင်သည် အဖဘုရားသခင်ကဲ့သို့ ၎င်း၊ ဘုရားသခင်၏သားတော်ကဲ့သို့၎င်း၊ သန့်ရှင်းသော၀ိညာဉ်တော်ကဲ့သို့ ၎င်း၊ တည်ရှိသောဘုရားဖြစ်သည်။ ဤအရာသည် လျှို့ဝှက် နက်နဲသောအရာဖြစ်ပြီး ပြည့်စုံစွာနားလည်၍မရနိုင်ပါ။
* ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်(သခင်ယေရှု) ကိုကမ္ဘာမြေကြီးသို့စေလွတ်သည့်အခါ လူတွေအတွက်သူ၏သန့်ရှင်းသော၀ိညာဉ်တော်ကိုလည်းစေလွတ်ခဲ့သည်။
* အဖဘုရားသခင်၏သားတော်ကိုယုံကြည်သောသူမည်သူမဆိုဘုရားသခင်၏သားတစ်ယောက်ဖြစ်လာသည်ကို၎င်း ထိုလူတွေအထဲမှာ သန့်ရှင်းသော၀ိညာဉ်တော်အသက်ရှင်ဖို့ ရန်ဖြစ်သည်။ လူသားဖြစ်ခြင်းသည် နက်နဲသည့်အရာဖြင့်ပြီး လူသားတွေအပြည့်အ၀နားမလည်နိုင်သည့်အရာဖြစ်သည်။

14
bible/kt/good.md Normal file
View File

@ -0,0 +1,14 @@
# ကောင်းသော၊ ကောင်းမြတ်ခြင်း၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ကောင်းသော" ဆိုသည့်စကားလုံးဟာ အခြေနေနဲ့ အချိန်အခါပေါ်မူတည်၍ အဓိပ္ပါယ် ကွဲပြားခြားနားသည်။
* ယေဘုယျအားဖြင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ ရည်ရွယ်ချက်၊ အလိုတော်နှင့် အံ့ဝင်ခွင်ကျ ဖြစ်နေလျှင် အရာအားလုံးသည် ကောင်းမွန်၏။
* ကျေးဇူးပြုခြင်း၊ ထူးမြတ်ခြင်း၊ အကူအညီဖြစ်ခြင်း၊ ကောင်းမွန်ခြင်း၊ အကျိုးဖြစ်ထွန်းခြင်း နှင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်း အစရှိသော အဓိပ္ပါယ်တို့သည် "ကောင်းသော" အရာများဟူ၍ ဖြစ်သည်။
* မြေဩဇာကောင်းသောအရပ် (သို့) ဖြစ်ထွန်းသောအရပ်" ကို "ကောင်းသောမြေ" "ကောင်း၏" ဟူ၍ဖြစ်သည်။
* ပေါများသောကောက်ပဲသီးနှံကို ကောင်းသောကောက်ပဲသီးနှံ ဟုခေါ်သည်။
* ကောင်းသောလယ်သမားတစ်ဦးသည် သူ၏လုပ်ငန်းဆောင်တာအပေါ် ကျွမ်းကျင်မှုကို ထင်ရှားစေလျှင် သူသည် ကောင်းသောလယ်သမားဖြစ်သည်။
* ကျမ်းစာထဲတွင် ယေဘုယျအားဖြင့် "ကောင်းသော" ဆိုသည့် စကားလုံးကို ''အပြစ်''ဆိုသည့်စကားလုံးနှင့်မကြာခဏယှဥ်တွဲထားသည်။
*''ကောင်းမြတ်ခြင်း'' ဆိုသည့်ဝေါဟာရကိုအများအားဖြင့် အပြင်နဲ့ လက်တွေ့တွင် ကိုယ်ကျင့်တရားကောင်းခြင်း ပင်ဖြစ်သည်။
* ဘုရားသခင်၏ကောင်းမြတ်ခြင်းသည် လူတို့အား ဘုရားရှင်ပေးတော်မူသည့် ကောင်းကြီးများနှင့် အကျိုးရှိသောအရာများကို ရည်ညွှန်းပြောဆိုထားခြင်းဖြစ်သည်။ ၎င်းကို ဘုရားသခင်၏ပြည့်စုံသောအင်္ဂါရပ်များအဖြစ်လည်း ရည်ညွှန်းနိုင်သည်။

8
bible/kt/goodnews.md Normal file
View File

@ -0,0 +1,8 @@
# သတင်းကောင်း၊ ဧဝံဂေလိတရား၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဧဝံဂေလိတရား" စာကားလုံး၏အဓိပ္ပါယ်မှာ "သတင်းကောင်း" ဖြစ်ပြီး ယင်းသည် သတင်းစကားတစ်ခု (သို့) လူများဝမ်းမြောက်စရာ အကြောင်းနဲ့ လူများအတွက် အကျိုးရှိစေသောအရာကို ကြေငြာပေးသည်ကို ရည်ညွှန်းထားခြင်းဖြစ်သည်။
* သမ္မာကျမ်းစာထဲတွင် ထိုသတင်းစကားသည် ယေရူခရစ်တော် ကားတိုင်ပေါ်၌အသေခံပေးခြင်းအားဖြင့် ဘုရားသခင်ပေးတော်မူသော ကယ်တင်ခြင်းကို ရည်ညွှန်းထားခြင်းဖြစ်သည်။
* အင်္ဂလိပ်ကျမ်းစာအများစုတွင် သတင်းကောင်းကို ဧဝံဂေလိတရား ဟူ၍ မကြာခဏ သုံးနူန်းထားသည်။ ယေရူခရစ်၏ဧဝံဂေလိတရား၊ ဘုရားသခင်၏သတင်းစကား နှင့် ကောင်းကင်နိုင်ငံနှင့်ယှဉ်သော ဧဝံဂေလိတရားဟူသော စကားစုလိုက် အသုံးပြုပြန်ဆိုထားသည်။

9
bible/kt/grace.md Normal file
View File

@ -0,0 +1,9 @@
# ကျေးဇူးတော်၊ ကျေးဇူးကြီးမြတ်သော၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ကျေးဇူးတော်" ဟူသော စကားလုံးသည် "ကူညီသည်" ဟု ရည်ညွှန်း၍ ရပြီ ပေးကမ်းလိုက်သောသူ တစ်စုံတစ်ဦးက မည်သည့်အကျိုးအမြတ်မှ မမျှော်လင့်သောအရာဖြစ်သည်။ "ကျေးဇူးကြီးမြတ် သော" ဟူသည့် စကားလုံးသည် တစ်စုံတစ်ယောက်သောသူအား ကျေးဇူးတရားကို ပြသသည်ဟု ဖော်ပြထားသည်။
* ဘုရားသခင်ရဲ့ကျေးဇူးတော်သည် အပြစ်တရား၏လမ်း၌ ဆက်လျှောက်သော အပြစ်သားများကို ထိုလမ်းမှလွတ်မြောက်သွားစေရန် ဆုလက်ဆောင်သဖွယ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
* ကျေးဇူးတော်၏ အမြင်သဘောထားမှာ တစ်စုံတစ်ယောက်အပေါ်သို့ မှားယွင်းခဲ့ဖူးသောအရာ နာကြင်စေခဲ့ဖူးသောအရာကို ခွင့်လွှတ်ပေးနိုင်ခြင်း ကို ရည်ညွှန်းသည်။
* "ကျေးဇူးတော်ကို ရှာဖွေခြင်း" ဟုဆိုရာတွင် ဘုရားသခင်၏ ဂရုဏာတော်နှင့် ကူညီမှုကို ရရှိရန်ဟူ၍ဖော်ပြနိုင်သည်။ တစ်ခါတစ်ရံတွင် "တစ်စုံတစ်ယောက်က ဘုရားသခင်ကို ကြေနပ်စေသည်" ဟူ၍အဓိပ္ပါယ်သတ်မှတ်နိုင်သည်။

8
bible/kt/guilt.md Normal file
View File

@ -0,0 +1,8 @@
# အပြစ်ရှိ၊ အပြစ်ရှိခြင်းအကြောင်း၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"အပြစ်ရှိခြင်း၊" "ဩတ္တပ္ပစိတ်မသန့်ခြင်း၊" ဟူသောစကားလုံးသည် "အပြစ်ရှိခြင်း၊" "ဒုစရိုက်လက်၌ ရှိနေခြင်း" ကို ရည်ညွန်းသည်။
* အပြစ်ရှိခြင်းသည် ကိုယ်ကျင့်တရားမှားယွင်းခြင်း တစ်နည်းအားဖြင့် ဘုရားသခင်ကိုမနာခံခြင်းဖြစ်သည်။
* အပြစ်ရှိခြင်း၊ ဩတ္တပ္ပစိတ်မသန့်ခြင်း၏ ဆန့်ကျင်ဖက်အဓိပ္ပါယ်မှာ "အပြစ်ကင်းစင်ခြင်း" ဖြစ်သည်။

11
bible/kt/hades.md Normal file
View File

@ -0,0 +1,11 @@
# သေမင်းနိင်ငံ/ မရဏနိင်ငံ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာကလူသားများသေဆုံးပြီးနောက်၎င်းတို့၏ ဝိညာဥ်များ ရောက်ရှိသွားသော နေရာကို "သေမင်းနိုင်ငံ (သို့) မရာဏနိုင်ငံ" ဟုရည်ညွန်းဖေါ်ပြထားသည်။
* ဟေဗြဲဘာသာစကား "မရဏနိင်ငံ" ကို သေဆုံးသောဝိညာဥ်ရှိသောနေရာကို ဓမ္မဟောင်းကျမ်းတွင်တစ်ခါတစ်ရံ အသုံးပြုထားသည်ကိုတွေ့ရသည်။
* ဓမ္မသစ်ကျမ်းတွင် ဂရိဘာသာစကား "မရဏနိင်ငံ" ကို ဘုရားကိုတော််ပုန်ကန်ဆန့်ကျင်သောလူတို့၏ဝိညာဥ်များအတွက်နေရာအဖြစ်ရည်ညွန်းထားသည်။ ဤဝိညာဥ်များသည် မရဏနိင်ငံသို့ကျရောက်သွားသောဝိညာဥ််များဖြစ်သည်။ တစ်ခါတစ်ရံတွင် ခရစ်တော််ကိုယုံကြည်သောဝိညာဥ်များ"အ
ထက်အရပ်"ကောင်းကင်းရောက်သွားခြင်းနှင့်လည်းဆန့်ကျင်သည်။
* ဗျာဒိတ်ကျမ်းတွင်"မရဏနိုင်ငံ" ကို "သေခြင်း" ဟုသုံးနှုန်းထားသည်။ နောက်ဆုံးသောကာလတွင် မရဏ နှင့်သေခြင်း ကို ငရဲတည်ဟူသောမီးထဲသို့ပစ်ချခြင်းကိုခံရလိမ့်မည်။

18
bible/kt/heart.md Normal file
View File

@ -0,0 +1,18 @@
# စိတ်၊ စိတ်နှလုံး
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းတွင် "စိတ်" ကို လူတစ်ယောက်၏ အတွေး၊ စိတ်ခံစားမှု၊ ဆန္ဒ (သို့) အလိုကို ဖော်ပြရာ၌ အသုံးပြုသည်။
* ဘုရားသခင်စကားကို နားထောင်ရန်ငြင်းဆိုသော၊ ခေါင်းမာသောသူကို မာကျောသော နှလုံးရှိသူဟု ဖော်ပြသည်။
* "စိတ်နှလုံးအကြွင်းမဲ့" (သို့) "အကြွင်းမဲ" ဆိုသည်မှာ နောက်မဆုတ်ဘဲ စိတ်ဆန္ဒရှိစွာဖြင့် ဆက်ကပ်အပ်နှံခြင်းကို ဆိုလိုသည်။
* "စေတနာစိတ်ဖြင့်" ဆိုသည်မှာ လူတစ်ယောက်၏ဘဝတစ်ခုအတွက် အလုပ်ဖြစ်ရန် အလေးအနက်ထားလုပ်ဆောင်ပေးခြင်းဖြစ်သည်။
* "ကျိုးပဲ့သောစိတ်နှလုံး" ဟူသော ဝေါဟာရမှာ စိတ်နာကျင်မှုပြင်းထန်ပြီး ဝမ်းနည်းနေသောသူကို ဆိုလိုသည်။
ဘာသာပြန်အကြံပြုချက်များ
*ကိုယ်ခန္ဓာအစိတ်အပိုင်းများသည် "ဝမ်း" (သို့) "အသဲ" ဟူ၍ အသုံးပြုသည်။
* အချို့သော ဘာသာစကားများ၌ ဤအယူအဆများကို ဖော်ပြရန် စကားလုံးတခုတည်းသုံးပြီးနောက် စကားလုံးအားဖြင့် အခြားအရာများကို ဖော်ပြသည်။
* အကယ်၍ "စိတ်နှလုံး" (သို့) အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ၌ ဤဆိုလိုရင်းမရှိလျှင် အချို့သော ဘာသာစကားများက "အတွေး" (သို့) "ခံစားချက်" (သို့) ဆန္ဒဟူ၍ သုံးကြသည်။
* "စေတနာစိတ်ဖြင့်" ဟူ ဖော်ပြရာ၌ "အလေးအနက်ထား၍ ဆက်ဆံသည်" (သို့) "သေချာစွာစဉ်းစားပေးသည်" ဟု ပြန်ဆိုနိုင်ပါသည်။
* "မာကျောသောစိတ်နှလုံး" ကို "ခေါင်းမာမာပုန်ကန်သော" (သို့) "နာခံရန် ငြင်းဆန်သော" (သို့) အစဉ်မပြတ်ဘုရားသခင်ကို မနာခံသောဟူ၍ ပြန်ဆိုနိုင်ပါသည်။
* "ကျိုးပဲ့သောစိတ်နှလုံး" ၊ အလွန်ဝမ်းနည်းသော" (သို့) "နက်ရှိုင်းစွာနာကျင်ခံစား" ဟု ထည့်သွင်းပြန်ဆိုနိုင်ပါသည်။

16
bible/kt/heaven.md Normal file
View File

@ -0,0 +1,16 @@
# ကောင်းကင်ဘုံ၊ ကောင်းကင်၊ ကောင်းကင်ဘုံများ
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဘုရားသခင်ရှိသောနေရာကို "ကောင်းကင်ဘုံ" ဟုရည်ညွှန်းသည်။ အကြောင်းအရာပေါ်မူတည်၍ "ကောင်းကင်" ဟုသောစကာလုံးသည်လည်း ခေါ်နိုင်ပါသည်။
* "ကောင်းကင်ဘုံ" ဆိုသော ဝေါဟာရမှာ မြေပေါ်မှ အထက်သို့ မြင်ရသမျှသော အရာများဖြစ်သော နေ၊ လ၊ ကြယ် တို့ကိုလည်း ရည်ညွန်းသည်။ မြေကြီးပေါ်မှ တိုက်ရိုက်မမြင်ရသော အလွန်ဝေးသော ဂြိုလ်များလည်း ပါဝင်သည်။
* "ကောင်းကင်" သည် မိုးတိမ်များနှင့် ကျွန်ုပ်တို့ရှူသောလေများရှိသည့် အပြာရောင် ကောင်းကင်ကျယ်ကိုရည်ညွန်းသည်။ နေ နှင့် လ ကိုလည်း "အထက် မိုးကောင်းကင်" ဟု ပြောလေ့ရှိသည်။
* သမ္မာကျမ်းစာတွင် "ကောင်းကင်ဘုံ" ကို "ကောင်းကင်" (သို့) "ဘုရားသခင်ရှိသောနေရာဟု ရည်ညွှန်းသည်။
* "ကောင်ကင်ဘုံ" ကိုတင်စာသောအားဖြင့်အသုံးပြုသောအခါ ဘုရားသခင်ကို ရည်ညွန်းသည့် ပုံဆောင်ချက်အနေဖြင့်လည်း အသုံးပြုသည်။ ဉပမာ- အားဖြင့် ရှင်မဿဲက "ကောင်းကင်နိုင်ငံတော်" ဟု ရေးသည့်အခါ "ဘုရားသခင်နိုင်ငံတော်" ကို ရည်ညွန်းခြင်းဖြစ်သည်။
ဘာသာပြန်အကြံပြုချက်များ
* "ကောင်းကင်ဘုံ" ကိုပုံဆောင်ချက်အဖြစ် သုံးရာတွင် "ဘုရားသခင်" ဟု ပြန်ဆိုနိုင်သည်။
* ရှင်မဿဲကျမ်းတွင် "ကောင်းကင်နိုင်ငံတော်" ဟုအသုံပြုသောအခါ "ကောင်းကင်ဘုံ" ဟူသော စကားလုံးကိုအသုံးပြုသည်။
* "ကောင်းကင်ဘုံများ" (သို့) "ကောင်းကင်ကိုယ်များ" များကို နေ၊ လ၊ ကြယ်များ (သို့) "စကြာဝဠာရှိကြယ်များအားလုံး" ဟု ပြန်ဆိုနိုင်သည်။
* "ကောင်းကင်ကြယ်များ" ဟူသော စကားစုမှာ "မိုးပေါ်ရှိကြယ်များ" (သို့) "အာကာသဟင်းလင်းပြင်ရှိကြယ်စု" (သို့) "စင်္ကြာဝဠာရှိကြယ်များ" ဟု ပြန်ဆိုနိုင်ပါသည်။

8
bible/kt/hebrew.md Normal file
View File

@ -0,0 +1,8 @@
# ဟေဗြဲဘာသာ၊ ဟေဗြဲလူ၊ ဟေဗြဲပြည်၊ ဟေဗြဲလုလင်၊ ဟေဗြဲဘာသာစကား၊ ဟေဗြဲအမျိုးသား
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဟေဗြဲလူမျိုးသာ ဣဇက်နှင့် ယာကုပ်အမျိုးအားဖြင့် အာဗြံဟံမှ ဆင်းသက်သော မျိုးနွယ်စုဖြစ်သည်။ အာဗြံဟံသည် သမ္မာကျမ်းစာတွင် ပထမဆုံး "ဟေဗြဲလူ" ဟုအခေါ်ခံရသူဖြစ်သည်။
* "ဟေဗြဲ" သည် ဟေဗြဲလူများပြောသော ဘာသာစကားကို ရည်ညွန်းသည်။ ဓမ္မဟောင်းကျမ်းကိုရေးသော မူလဘာသာစကားမှာ "ဟေဗြဲဘာသာစကား" ဖြစ်သည်။
* ကျမ်းစာတွင် အချို့သောနေရာများ၌ "ဟေဗြဲလူမျိုးများ" ကို "ယုဒလူမျိုးများ" (သို့) "ဣသရေလလူမျိုးများ" ဟူ၍လည်းခေါ်သည်။ ဤအခေါ်အဝေါ်သုံးမျိုးသည် လူမျိုးစုတစ်ခုတည်းကိုသာ အတူတူရည်ညွန်းကြောင်း ကျမ်းပိုဒ်များတွင် ဆက်လက်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။

15
bible/kt/hell.md Normal file
View File

@ -0,0 +1,15 @@
# ငရဲ၊ ထာဝရမီး၊ မီးအိုင်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ငရဲသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ယေရှု၏ အသေခံခြင်းဖြင့် ကယ်တင်ခြင်းသတင်းကို ပြငြင်းပယ်သောသူများကို ဘုရားသခင်အပြစ်ဒဏ်ပေးသောနေရာသည် "မီးအိုင်" ဟုလည်း ခေါ်သည်။
* ငရဲဆိုသည်မှာ မီးလောင်ကျွမ်းနေသောနေရာ၊ ပြင်းပြစွာဝေဒနာခံခြင်းနေရာဖြစ်သည်။
* စာတန်နှင့် သူ၏နောက်လိုက်နတ်ဆိုးများကို ငရဲမီးအိုင်ထဲမှာ ထာဝရအပြစ်ပေးခြင်းခံရမည်။
* ယေရှုအသေခံပေးသောအမှုကို မယုံကြည့်ခြင်းသည် သူတို့၏အပြစ်အတွက် ကယ်တင်ရန်မကိုးစားသောကြောင့် ငရဲမီးထဲတွင်ထာဝရနေရမည်ဖြစ်သည်။
ဘာသာပြန်အကြံပြုချက်များ
* ဤဝေါဟာရကို မတူညီသောအကြောင်းအရာများအပေါ်မူတည်၍ အမျိုးမျိုးပြန်ဆိုရေးသားကြသည်။
* အချို့သောဘာသာစကားများ၌ မီးအိုင်ဟု သုံး၍မရပေ။ အကြောင်းမှာ "အိုင်" ဟုဆိုလျှင် "ရေ" ကို ရည်ညွန်းသောကြောင့်ဖြစ်သည်။
* "ငရဲ" ဟူသော ဝေါဟာရကို "ဒုက္ခခံရာအရပ်" (သို့) "အမှောင် နှင့် နာကျင်ခံရာ ထာဝရနေရာ" ဟူ၍ ပြန်ဆိုနိုင်သည်။
* "မီးအိုင်" ဟူသော ဝေါဟာရကို "မီးပင်လယ်" (သို့) "ကြီးမာသောမီး" ဟု ပြန်ဆိုနိုင်သည်။

13
bible/kt/highpriest.md Normal file
View File

@ -0,0 +1,13 @@
# ယဇ်ပုရောဟိတ်မင်း၊ ယဇ်ပုရောဟိတ်၊
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ယဇ်ပုရောဟိတ်မင်း" ဟူသောဝေါဟာရသည် အခြားသော ဣသရေလ ယဇ်ပုရောဟိတ် အားလုံးကို တစ်နှစ်ဦးဆောင်ရန် အထူးခန့်အပ်ခံရသော ယဇ်ပုရောဟိတ်ကို ရည်ညွန်းသည်။
* ယဇ်ပုရောဟိတ်မင်းတွင် အထူးတာဝန်ဝတ္တရားများရှိသည်။ တစ်နှစ်တစ်ကြိမ် ဗိမ္မာန်တော်၏ အသန့်ရှင်းဆုံးနေရာကိုဝင်ပြီး ယဇ်ပူဇော်ပေးရန် ခွင့်ပြုခံရသူဖြစ်သည်။
* ဣသရေလလူမျိုးများ၌ ယဇ်ပုရောဟိတ်များစွာရှိသော်လည်း ယဇ်ပုရောဟိတ်မင်းတပါးသာရှိသည်။
* ယေရှုအဖမ်းခံရသောအချိန်၌ ကယာဖသည် တရားဝင်ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ ကယာဖ၏ ယောက္ခမ အန္နကို တစ်ခါတစ်ရံတွေ့ရသည်။ အကြောင်းမှာ သူသည် အရင်ကယဇ်ပုရောဟိတ်မင်းဖြစ်ပြီးလူများအပေါ်တန်ခိုးနှင့် အာဏာရှိသေးသောကြောင့် ဖြစ်နိုင်သည်။
ဘာသာပြန်အကြံပြုချက်များ
* "ယဇ်ပုရောဟိတ်မင်း' ကို "ယဇ်ပုရောဟိတ်ချုပ်" (သို့) "အဆင့်မြင့်ယဇ်ပုရောဟိတ်" ဟု၍ပြန်ဆိုနိုင်ပါသည်။
* ဤဝေါဟာရကို ပြန်ဆိုရာ၌ "ယဇ်ပုရောဟိတ်အကြီးအကဲ" နှင့် မတူကြောင်းရှင်းလင်းစေပါ။

16
bible/kt/holy.md Normal file
View File

@ -0,0 +1,16 @@
# သန့်ရှင်းသော၊ သန့်ရှင်းခြင်း
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သန့်ရှင်းသော၊ သန့်ရှင်းခြင်းဆိုသော ဝေါဟာရသည် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာဖြစ်ပြီး အပြစ်အနာအဆာကင်းခြင်းကိုဆိုလိုသည်။
* ဘုရားသခင်တစ်ပါးတည်းသာလျှင် လုံးဝသန့်ရှင်းသည်။ ဘုရားသခင်သည် လူနှင့်အရာ အားလုံးကို သန့်ရှင်းစေသည်။
* သန့်ရှင်းသောသူသည် ဘုရားသခင်နှင့်ဆိုင်ပြီး ဘုရားကိုအစေခံရန်နှင့် ဘုရားဘုန်းထင်ရှားရန်ဟူသော ရည်ရွယ်ချက်ဖြင့် သီးသန့်နေခြင်းဖြစ်သည်။
* ဘုရားသခင်ကို ယဇ်ပူဇော်သောယဇ်ပလ္လင်အစရှိသောအရာများကို ဘုရား၏ဘုန်းတော်နှင့် ဘုရားအသုံးပြုရန် သန့်ရှင်းရမည်ဟု ဘုရားသခင် အတိအလင်းပြောထားသည်။
* ဘုရားသခင်သည် သန့်ရှင်းသောကြောင့်လူသည် ဘုရား၏ အနားသို့ မချဉ်းကပ်နိုင်ပါ။ လူသည်အပြစ်အနာအဆာနှင့် မကင်းသောကြောင့် ဘုရားက ခွင့်ပြုမှသာ ဘုရားအနားသို့ ချဉ်းကပ်နိုင်သည်။
* ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ကို အစေခံရန် ယဇ်ပုရောဟိတ်များကို သီးသန့်ရွေးချယ်ထားသည်။ သူတို့သည် ဘုရားသခင်ထံချဉ်းကပ်ရန် လုပ်ထုံးလုပ်နည်းအရ သန့်စင်ခြင်းခံရသည်။
* ဘုရားသခင်သည် သူထင်ရှားသောနေရာများဖြစ်သည့် ဗိမ္မာန်တော်အစရှိသောအချို့နေရာများကိုလည်း သီးသန့်ထားရှိသည်။
ဘာသာပြန်အကြံပြုချက်များ
* "သန့်ရှင်းခြင်း" ကို ပြန်ဆိုရာ၌ "ဘုရားသခင်အတွက် သီးခြားထားခြင်း" (သို့) "ဘုရားသခင်နှင့် သက်ဆိုင်ခြင်း" (သို့) "အပြည့်အဝဖြူစင်ခြင်း" (သို့) "စုံလင်သည့်အပြစ်မဲ့ခြင်း" (သို့) "အပြစ်နှင့် ကင်းကင်းနေခြင်း" တို့ကိုလည်း ထည့်သွင်းပြန်ဆိုနိုင်ပါသည်။
* "သန့်ရှင်းရန်ပြုလုပ်သည်" ဟူသော စကားကို "သန့်ရှင်းစင်ကြယ်စေသည်" ဟူသော အင်္ဂလိပ်စကားလုံးဖြင့် မကြာခဏအသုံးပြုသည်။ "သီးခြားဖြစ်စေသည်" ဟူလည်း ပြန်ဆိုနိုင်သည်။

12
bible/kt/holyone.md Normal file
View File

@ -0,0 +1,12 @@
# သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်၏ သန့်ရှင်းသောသူ၊ သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"သန့်ရှင်းတော်မူသောသူ" ဟူသော ဝေါဟာရမှာ သမ္မာကျမ်းစာတွင် အမြဲတမ်းဘုရားသခင်ကိုသာ အများဆုံး ရည်ညွန်းအသုံးပြုသည်။
* ဓမ္မဟောင်းကျမ်းတွင် ဘွဲ့နာမကို "ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား" ဟု မကြာခဏတွေ့ရသည်။
* ဓမ္မဟောင်းကျမ်း၌ ယေရှုကို "သန့်ရှင်းတော်မူသောဘုရား" ဟု ရည်ညွန်းခေါ်ဆိုသည်။
* တစ်ခါတစ်ရံ သမ္မာကျမ်းစာတွင် ကောင်းကင်တမန်ကိုလည်း "သန့်ရှင်းတော်မူသောသူ" ဟု ရည်ညွန်းခေါ်ဆိုသည်။
ဘာသာပြန်အကြံပြုချက်
* စာသားအရ တိုက်ရိုက်အသုံးအနှုန်းမှာ "သန့်ရှင်းသောသူ" ဖြစ်သည်။

16
bible/kt/holyplace.md Normal file
View File

@ -0,0 +1,16 @@
# အလွန်သန့်ရှင်းရာဌာန၊ သန့်ရှင်းသောအရပ်ဌာနတော်၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ်၊ သန့်ရှင်းရာဌာန၊ ဗိမ္မာန်တော်၊ လောကီသန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားရှေ့တော်သန့်ရှင်းသောအရပ်ဌာန၊ တဲတော်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
သမ္မာကျမ်းစာ၌ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနသည် တဲတော် (သို့) ဗိမ္မာန်တော်အဆောက်အဦး၏ အပိုင်း ၂ ပိုင်းကို ရည်ညွန်းသည်။
* သန့်ရှင်းရာဌာနသည် ပထမအခန်းဖြစ်ပြီး နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်နှင့် ရှေ့တော်မုံ့တင်ထားသော စားပွဲတို့ရှိသည်။
* အသန့်ရှင်းဆုံးအခန်းသည် ဒုတိယအခန်း၊ အတွင်းဆုံးအခန်းဖြစ်ပြီး ပဋိဉာဉ်သေတ္တာရှိသည်။
* ခပ်ထူထူလေးလံသော ကုလားကာတခုဖြင့် အတွင်းခန်းနှင့် အပြင်ခန်းကို ခြားထားသည်။
* ယဇ်ပုရောဟိတ်မင်းတဦးသာလျှင် အသန့်ရှင်းဆုံးအခန်းသို့ ဝင်ခွင့်ရှိသည်။
* တစ်ခါတရံတွင် တဲတော် (သို့) ဗိမ္မာန်တော်၏ အဆောက်အဦးနှင့် ခြံဝင်း ၂ ခုစလုံးကို "သန့်ရှင်းရာဌာန" ဟု ရည်ညွန်းခေါ်ဆိုသည်။
ဘာသာပြန်အကြံပြုချက်များ
* "သန့်ရှင်းရာဌာန" ဟူသော ဝေါဟာရကို "ဘုရားသခင်အတွက် သီးသန့်အခန်း" (သို့) "ဘုရားသခင်နှင့်တွေ့ဆုံရန် အထူးသီးသန့်အခန်း" (သို့) "ဘုရားနှင့်တွေ့ဆုံရန်အလွန်အရေးပါဆုံးအခန်း" ဟု ပြန်ဆိုနိုင်ပါသည်။
* "အသန့်ရှင်းဆုံးအခန်း" ဟူသော ဝေါဟာရကို "ဘုရားသခင်အတွက် အထူးသီးသန့်ထားသောအခန်း" (သို့) "ဘုရားသခင်နှင့်တွေ့ဆုံရန်အတွက် အထူးအရေးပါသောအခန်း" ဟု ပြန်ဆိုနိုင်ပါသည်။
* အကြောင်းအရာပေါ်မူတည်၍ ယေဘုယျအားဖြင့် "ဆက်ကပ်ထားသောနေရာ" (သို့) "ဘုရားသခင်သီးသန့်ထားသောနေရာ" (သို့) "အပန်းဖြေရာမှစသော အမျိုးမျိုးရှိသော ဗိမ္မာန်တော်တွင်းရှိ သန့်ရှင်းသောနေရာ" (သို့) "ဘုရားသခင်၏ သန့်ရှင်းသောဗိမ္မာန်တော်ဝင်း" ဟု ထည့်သွင်းပြန်ဆိုနိုင်ပါသည်။

15
bible/kt/holyspirit.md Normal file
View File

@ -0,0 +1,15 @@
# သန့်ရှင်းသော ဝိညာဥ်တော်၊ ဘုရားသခင်၏ ဝိညာဥ်တော်၊ ဝိညာဉ်ပကတိ၊ ဘုရားသခင်၏ ဝိညာဉဥ်တော်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤဝေါဟာရများအားလုံးသည် "ဘုရားသခင်" ဖြစ်သော "သန့်ရှင်းသောဝိညာဥ်တော်" ကို ရည်ညွန်းသည်။ တစ်ဆူတည်းသော စစ်မှန်သော ဘုရားသခင်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်အဖြစ် ထာဝရတည်ရှိသည်။
* သန့်ရှင်းသော ဝိညာဥ်တော်ကို "ထိုဝိညာဥ်တော်" နှင့် "ယာဝေဘုရား၏ ဝိညာဉ်တော်" နှင့် "သမ္မာတရား၏ဝိညာဉ်တော်" ဟုလည်း ရည်ညွန်းခေါ်ဆိုသည်။
* သန့်ရှင်းသော ဝိညာဥ်တော်သည် ဘုရားဖြစ်သောကြောင့်သူသည် လုံးဝ ဉဿုံသန့်ရှင်းပြီး အနှိုင်းမဲ့ဖြူစင်သည် သူ၏ သဘာဝအဖြစ်တော်နှင့် သူလုပ်သမျှအရာအားလုံးသည် အကျင့်သိက္ခာနှင့် ပြည့်စုံသည်။
* ခမည်းတော်၊ သားတော်တို့နှင့် အတူ သန့်ရှင်းသောဝိညာဥ်တော်သည် ကမ္ဘာကို ဖန်ဆင်းခြင်း၌ လှုပ်ရှာပါဝင်သည်။
* ဘုရားသခင်၏ သားတော်ယေရှုကောင်းကင်သို့ ပြန်ကြွသွားသောအခါ ဘုရားသခင်က သူ၏လူတို့ကို ဦးဆောင်၊ သွန်သင်၊ နှစ်သိမ့်ရန်နှင့် ဘုရားသခင်အလိုတော်ကို ဆောင်နိုင်စွမ်းရှိရန် သန့်ရှင်းသောဝိညာဥ်တော်ကို စေလွှတ်ခဲ့သည်။
* သန့်ရှင်းသောဝိညာဥ်တော်က ယေရှုကို လမ်းပြပို့ဆောင်ပြီး ယေရှုကို ယုံကြည်သောသူများကိုလည်း လမ်းပြပို့ဆောင်သည်။
ဘာသာပြန်အကြံပြုချက်များ
* ဤဝေါဟာရကို ရိုးစင်းစွာဖြင့် "သန့်ရှင်းသော" နှင့် "ဝိညာဉ်တော်" ဟု ပြန်ဆိုနိုင်သည်။
* ဤဝေါဟာရကို ပြန်ဆိုရာ၌ "သန့်စင်သောဝိညာဥ်တော်" (သို့) "သန့်ရှင်းသော ဝိညာဥ်တော်" (သို့) "ဝိညာဥ်တော်ဘုရား" ဟု ထည့်သွင်းပြန်ဆိုနိုင်သည်။

15
bible/kt/honor.md Normal file
View File

@ -0,0 +1,15 @@
# ဂဏ်သိက္ခာ၊ ဂုဏ်၊ ဂုဏ်ပြုရန်
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
"ဂုဏ်သိက္ခာ၊ ဂုဏ်" ဟူသောဝေါဟာရသည် တစ်စုံတစ်ယောက်ကို လေးစား၊ အထင်ကြီး၊ ကြောက်ရွံ့ရိုသေခြင်းဖြစ်သည်။
* ဘုရင် (သို့) ဘုရားသခင် အစရှိသော အဆင့်မြင့်သူ၊ အရေးပါသောသူကို ဂုဏ်ပြုခြင်းရန် အသုံးပြုသည်။
* ဘုရားသခင်က ယုံကြည်သူများကို ကိုယ့်ကိုကိုယ်မချီးမြှောက်ဘဲ အချင်းချင်း ရိုသေလေးစားရန် လမ်းညွန်သည်။
* လေးစားခြင်းနှင့်နာခံခြင်းသည် သားသမီးများက မိဘကိုရိုသေခြင်းဖြစ်သည်ဟုသွန်တင်ထားသည်။
* "ဂုဏ်" နှင့် "ဘုန်းအသရေ" ကိုအထူးသဖြင့် ယေရှုကို ချီးမွမ်းသည့်အခါတွင် သုံးလေ့ရှိသည်။ တူညီသောအရာတစ်ခုကို နည်း ၂ မျိုးသုံး၍ ရည်ညွန်းခြင်းဖြစ်သည်။
* ဘုရားသခင်ကို ချီးမြှောက်ခြင်းသည် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းပါဝင်သည်။ ဘုရားသခင်ကို နာခံခြင်းဖြင့် ဘုရားသခင်ကို လေးစားကြောင်းပြသည်။ ဤသို့အသက်ရှင်ခြင်းဖြင့် ဘုရားသခင်မည်မျှ ကြီးမြတ်ကြောင်းကို ပြသသည်။
ဘာသာပြန်အကြံပြုချက်များ
* "ဂုဏ" ဆိုရာ၌ "လေးစားခြင်း" (သို့) "အထင်ကြီးခြင်း" (သို့) "မြင့်မားစွာအလေးထားမှု" တို့ကို ထည့်သွင်းပြန်ဆိုနိုင်သည်။
* "ချီးမြှောက်ရန်" ဟူသော ဝေါဟာရကို "အထူးလေးစားကြောင်းပြရန်" (သို့) "ချီးမွမ်းစရာအကြောင်းဖြစ်ရန်" (သို့) "မြင့်မားစွာအလေးထားမှုပြရန်" (သို့) "မြင့်မားစွာတန်ဘိုးထားခြင်း" ဟု ပြန်ဆိုနိုင်ပါသည်။

Some files were not shown because too many files have changed in this diff Show More