my_tw/bible/kt/faith.md

3.1 KiB

ယုံကြည်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ယေဘုယျအားဖြင့် "ယုံကြည်ခြင်း" ဟူသော ဝေါဟာရသည် တစ်စုံတစ်ဦးကို ယုံကြည်မှု (သို့) ယုံကြည်စိတ်ချမှုကို ရည်ညွန်းသည်။

  • တစ်စုံတစ်ယောက်ကို "ယုံကြည်ခြင်းရှိ" ဆိုသည်မှာ ထိုသူ၏ပြောခြင်းနှင့် လုပ်ဆောင်မှုသည် မှန်ကန်ပြီး၊ အားကိုးထိုက်သည်ဟူ၍ ယုံကြည်ရန် ဖြစ်ပါသည်။
  • "ယေရှု၌ ယုံကြည်ခြင်းရှိ" အဓိပ္ပါယ် မှာ ယေရှုအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ သွန်သင်ခြင်းအားလုံး ကိုယုံကြည်ဖို့ကိုဆိုလိုပါသည်။ အထူးသဖြင့် လူများတို့၏မိမိအပြစ်ကို သန့်ရှင်းစေရန်နှင့် သူတို့သည် မိမိတို့ အပြစ်တရား၏ပြစ််ဒဏ်မှ ကယ်တင်ရန် ယေရှုနှင့် ယဇ်ပူဇော်သောသူ၌ ခိုလုံခြင်းကို ဆိုလိုသည်။ *စစ်မှန်သောယုံကြည်ခြင်းး (သို့) ယေရှုကိုယုံကြည်ခြင်းသည် လူတစ်ဦး၏အသက်တာတွင်ကောင်းသောဝိညာဥ်အသီးအပွင့်များ (သို့) ပြုမူကျင့်ကြံပုံများ ဖြစ်ပေါ်စေရန် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအဓိက ဖြစ်သည်။ *တစ်ခါတစ်ရံ "ယုံကြည်ခြင်း" ဟူသောဝေါဟာရသည် ယေရှု၏သွန်သင်ခြင်းအကြောင်းအရာများကို ရည်ညွန်းရာတွင် "ယုံကြည်ခြင်း၏ သမ္မာတရားများ" ဟူ၍ ဖော်ပြသည်။
  • ထိုကဲ့သို့သော "ယုံကြည်ခြင်းကိုစောင့်ရှောက်" (သို့) "ယုံကြည်ခြင်းကိုစွန့်လွှတ်ခြင်း၊" "ယုံကြည်ခြင်း" ဟူသော ဝေါဟာရသည် ယေရှုခရစ်တော်သင်ကြားပေးခဲ့သော အကြောင်းအရာများကို ယုံကြည်နေသောအခြေအနေကို ရည်ညွန်းသည်။