my_tw/bible/kt/command.md

2.6 KiB

အမိန့်ပေးသည်၊ အမိန့်ပေးခြင်း၊ ပညတ်ချက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အမိန့်ပေးခြင်း" ဆိုသည်မှာလူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ဆောင်စေခြင်းဖြစ်သည်။ လူတစ်ယောက်ဆီ လုပ်ဆောင်ရန်ပေးထားခြင်းကို အမိန့်ပေးသည်၊ ပညတ်ပေးသည်ဟုခေါ်ဆိုသည်။

  • အခြေခံအားဖြင့် တူညီသောအဓိပ္ပာယ်ရှိသော်လည်း "ပညတ်ချက်" ဟူသောစကားမှာပိုပြီး ပုံစံတကျရှိပြီး အမြဲတည်သောအရာဖြစ်သည်။ ဥပမာ- ပညတ်တော် (၁ဝ)ပါးဖြစ်သည်။
  • ပညတ်ချက်သည် အပေါင်းလက္ခဏာဆောင်နိုင်သလို( မိဘကိုရိုသေလော့) အနုတ်လက္ခဏာ (သူ့ဥစ္စာမခိုးနှင့်) စသည်ဖြင့်ရှိတတ်သည်။
  • "အမိန့်နာခံသည်" ဆိုသည်မှာ "တစ်စုံတစ်ခုကိုထိန်းချုပ်ခြင်း"၊ "တစ်စုံတစ်ယောက်ကို ဦးဆောင်ဦးရွက်ပြုခြင်း" ဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • "ဥပဒေ" ဟူသောစကားနှင့်မတူညီစေရန် ဘာသာပြန်ဆိုသင့်သည်။ "ဒီဂရီ"၊"အဆင့်" စသည်တို့နှင့်လည်း နှိုင်းယှဉ်ဘာသာပြန်ဆိုသင့်သည်။
  • အချို့ဘာသာပြန်သူများသည် အမိန့်နှင့် ပညတ်ချက်ကို တူညီသောစကားဖြင့်သာ ဘာသာပြန်ဆိုချင်ကြသည်။
  • အချို့က ပိုပြီးကြာရှည်ခံ၊ ပုံစံတကျရှိပြီး ဘုရားကသတ်မှတ်ထားသောပညတ်ချက်ကို အထူးစကားလုံးဖြင့် ဘာသာပြန်ဆိုလိုကြပါသည်။