my_tw/bible/kt/evil.md

2.8 KiB

ဆိုးယုတ်သော၊ ဆိုးညစ်သော၊ ဆိုးညစ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဆိုးယုတ်သော နှင့် ဆိုးညစ်သော ဟူသည့်ဝေါဟာရများသည် ဘုရားသခင်၏သန့်ရှင်းသောသဘောနှင့်အလိုတော်တို့ နှင့်ဆန့်ကျင်သော အရာအားလုံးကိုရည်ညွှန်းသည်။

  • "ဆိုးယုတ်သော" သည်လူတစ်ယောက်၏ အကျင့်စရိုက် နှင့် "ဆိုးညစ်သော"ဟူသည်မှာ လူတစ်ယောက်၏ အပြုအမူကိုပို၍ ရည်ညွှန်းပြီး ဆင်တူသောအဓိပ္ပါယ်ရှိကြသည်။
  • ဆိုးညစ်ခြင်းသည် လူများဆိုးညစ်သောအရာများပြုလုပ်သော အခြေအနေကို ရည်ညွှန်းထားပါသည်။
  • ဆိုးယုတ်ခြင်း၏ရလဒ်များသည် လူများကို သတ်ခြင်း၊ ခိုးခြင်း၊ အသရေပျက်အောင်ပြောဆိုခြင်း သို့မဟုတ် ရက်စက်ခြင်း နှင့် ကြင်နာမှုမဲ့ခြင်းစသည့် အခြားသူများကို ညှဉ်းပန်းနှိပ်စက်မှုများတွင် တွေ့ရသည်။

ဘာသာပြန်အကြံပြုချက်များ

  • နောက်ခံအကြောင်းရင်းပေါ်မူတည်၍ "ဆိုးယုတ်သော နှင့် ဆိုးညစ်သော" ကို "ဆိုးသော၊ အပြစ်ရှိသော သို့မဟုတ် ကိုယ်ကျင့်တရားမကင်းစင်သော" ဟုဘာသာပြန်နိုင်သည်။
  • "မကောင်းသော၊ မဖြောင့်မတ်သော သို့မဟုတ် ကိုယ်ကျင့်တရား မကောင်းသော" ဟုလည်းအခြားနည်းလမ်းဖြင့် ဘာသာပြန်နိုင်သည်။
  • အသုံးပြုထားသော ဝေါဟာရများသည် ဦးတည်ထားသောဘာသာစကား၏ နောက်ခံနှင့် သဘာဝအတိုင်းကိုက်ညီဖို့လိုသည်။