my_tw/bible/kt/discipline.md

3.6 KiB

ဆုံးမသွန်သင်ခြင်း၊ ကိုယ့်ကိုကိုယ်ဆုံးမခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'ဆုံးမသွန်သင်ခြင်း' ဆိုသည်မှာ စံပြုထားသောအပြုအမူ ရရန်အတွက် သတ်မှတ်ထားသော စည်းမျဥ် စည်းကမ်းနှင့်အညီ သွန်သင်လေ့ကျင့်ပေးခြင်းကို ဆိုလိုသည်။

  • မိဘများသည် သားသမီးများကို စံပြုထိုက်သော အမူအကျင့်အားဖြင့် ဆုံးမသွန်သင်ခြင်းနှင့် တိုက်ရိုက် ပုံတူကူး၍သော်လည်းကောင်း၊ သင်ကြားခြင်းအားဖြင့်သော်လည်းကောင်း နာခံမှုရှိရန် သင်ယူတက်ကြသည်။
  • တနည်းအားဖြင့် ဘုရားသခင်သည် သူ၏သားသမီးများကို သူတို့၏ဘဝအသက်တာ၌ ဝိညာဉ်အသီးအပွင့်များ သီးပွင့်စေရန်၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း နှင့် စိတ်ရှည်ခြင်းရှိရန် ဆုံးမသွန်သင်ပါသည်။
  • ဆုံးမသွန်သင်ခြင်းတွင် ဘုရားသခင်နှင့်အတူ အသက်ရှင်နေထိုင်တက်ရန် သင်ပေးသကဲ့သို့ ဘုရားသခင်မကြိုက်သော အပြုအမူများ ပြုလုပ်ပါက ဘုရားသခင်၏ဆုံးမသွန်သင်ခြင်းကို ခံရမည်ကိုလည်း ဖော်ပြဆုံးမပါသည်။
  • မိမိကိုယ်ကို ဆုံးမသွန်သင်ခြင်းတွင် စံပြုထိုက်သော ဘ၀အသက်တာနှင့်ဝိညာဉ်ရေးရာ ရှင်သန်မှုကို မိမိကိုယ်တိုင် လိုက်လျှောက်ရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။

ဘာသာပြန်အကြံပြချက်

  • ရေခံမြေခံပေါ်မူတည်၍ 'ဆုံးမသွန်သင်ခြင်း'ကို 'လေ့ကျင့်ပေးခြင်းနှင့်ပြုပြင်ခြင်း' သို့မဟုတ် 'ကိုယ်ကျင့်တရားအတွက်လမ်းညွှန်မှု' သို့မဟုတ် 'အမှားများအတွက်အပြစ်ပေးခြင်း' ဟု ခေါ်ဆိုနိုင်သည်။
  • နာမ် စကားလုံးအရ 'ဆုံးမခြင်း' ကို 'ကိုယ်ကျင့်တရားအတွက်လေ့ကျင့်ပေးခြင်း" သို၌မဟုတ် "အပြစ်ပေးခြင်း" သို့မဟုတ် "ကိုယ်ကျင့်တရားအတွက် အမှားပြင်ဆင်ခြင်း" သို့မဟုတ် 'ကိုယ်ကျင့်တရာအတွက်လမ်းညွှန်မှု"ဟု ခေါ်ဆိုနိုင်ပါသည်။