my_tw/bible/kt/consecrate.md

2.6 KiB

ဆက်ကပ်အပ်နှံခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဆက်ကပ်အပ်နှံခြင်း" ဆိုသည်မှာ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ဘုရားအမှုတော်အတွက် ဆက်ကပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆက်ကပ်အပ်နှံခံရသော သူသည် သန့်ရှင်းပြီး ဘုရားအတွက်ဖြစ်သည်ဟု ယူဆပါသည်။

  • ဤစကားလုံးသည် "သန့်ရှင်းခြင်း၊ ရွေးချယ်ထားခြင်း" ဖြစ်သော်လည်း ဘုရားအမှုတော်ဆောင်ရွက်ရန်အတွက် တရားဝင်ရွေးချယ်ထားသည့် အဓိပ္ပာယ်သက်ရောက်ပါသည်။
  • ဘုရားထံဆက်ကပ်သောအရာများမှာ "ယဇ်ပူဇော်မည့် တိရစ္ဆာန်၊ ယဇ်ပလ္လင်၊ တဲတော်" စသည်တို့ဖြစ်သည်။
  • ဘုရားထံဆက်ကပ်ထားသူများတွင် ဘုန်းကြီး၊ ဣသရေလလူမျိုး၊ သားဦး စသည်တို့ဖြစ်သည်။
  • တစ်ခါတစ်ရံတွင် ဤစကားသည် ဘုရားအတွက်ဆက်ကပ်ထားခြင်းကြောင့်ဆက်ကပ်ပါဝင်ရဆိုရာ "သန့်ရှင်းရမည်၊ လက်ခံနိုင်ဖွယ်ဖြစ်ရမည်" ဟူသော အဓိပ္ပာယ်လည်းရှိပါသည်။

ဘာသာပြန်အကြံပြုချက်များ

ဆက်ကပ်သည်ဆိုသောစကားကို ဘာသာပြန်ရာတွင် "ဘုရားအမှုတော်အတွက်ရွေးချယ်ထားသည်၊ ဘုရားအမှုတော်အတွက်သန့်ရှင်းထားသည်" ဟုဘာသာပြန်ဆိုနိုင်သည်။

  • "သန့်ရှင်းခြင်း၊ စင်ကြယ်စေခြင်း" ဟူသောစကားများကိုလည်း ဂရုတစိုက်ဘာသာပြန်ဆိုသင့်သည်။