my_tw/bible/kt/disciple.md

3.4 KiB

တပည့်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"တပည့်" ဆိုသည်မှာ အချိန်ယူပြီး ဆရာထံမှ ဆရာ၏ပညာများနှင့်အတူ အမူအကျင့်များကို လေ့လာသင်ကြားမှုခံယူသူကို "တပည့်"ဟု ခေါ်သည်။

  • လူအများက သခင်ယေရှု၏ အနောက်သို့လိုက်၍၊ သခင်ယေရှ သင်ကြားခြင်းကို နားထောင်ခြင်း၊ နာခံလိုက်လျှောက်ခြင်း စသည် လူများကို တပည့်များဟု ခေါ်သည်။
  • နှစ်ခြင်းဆရာယောဟန်တွင်လည်း နောက်လိုက်တပည့်များ ရှိသည်။
  • သခင်ယေရှု၏သာသနာပြုခြင်းတွင် တပည့်အတော်များများသည် ယေရှု၏နောက်သို့လိုက်ပြီး သင်ကားပေးခြင်းများကို နားထောင်ခံယူခဲ့ကြသည်။
  • သခင်ယေရှုက သူ၏အနီးကပ်တပည့်များအဖြင့် လူ (၁၂) ဦးကို ရွေးချယ်ခဲ့ပြီး၊ ထိုတပည့်များသည် သခင်ယေရှ၏တမန်တော်များ ဖြစ်လာခဲ့သည်။ *သခင်ယေရှ၏ တမန်တော် (၁၂) ကို သခင်ယေရှ၏ "တပည့်တော်များ" သို့မဟုတ် "တမန်တော် ၁၂ ပါး" အဖြစ် သိလာကြသည်။
  • သခင်ယေရှကောင်းကင်သို့ မတက်ကြွမှီ၊ သူ၏တပည့်တော်များအား လူအများကို သခင်ယေရှ၏နောက်လိုက် တပည့်များ ဖြစ်လာစေရန် မည်သို့ပြုမူပြောဆိုရမည်ကို သင်ကြားပေးခဲ့သည်။
  • သခင်ယေရှုကို ယုံကြည်သောသူ ဣှင့် သခင်ယေရှု စကားကို နားထောင်လိုက်လျောက်သောသူတိုင်ကို သခင်ယေရှ၏ တပည့်ဟု ခေါ်ဆိုနိုင်သည်။

ဘာသာပြန် အကြံပြုချက် *"တပည့်" ဆိုသည့်စကားလုံးကို "နောက်လိုက်" သို၌မဟုတ် "ကျောင်းသား" သို့မဟုတ် "သင်ကြားခံသူ" သို့မဟုတ် 'သင်ယူသူ" ဟု ခေါ်ဆိုနိုင်ပါသည်။

  • ဤသို့ဆိုရာတွင် အခန်းထဲတွင် စာသင်ကြားနေခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။
  • ဤ ပြန်ဆိုမှုတွင် 'တမန်တော်' နှင့် တပည့် ကွာခြားသည်ကို ကွဲပြားစေလိုပါသည်။