my_tw/bible/kt/holyplace.md

3.9 KiB

အလွန်သန့်ရှင်းရာဌာန၊ သန့်ရှင်းသောအရပ်ဌာနတော်၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ်၊ သန့်ရှင်းရာဌာန၊ ဗိမ္မာန်တော်၊ လောကီသန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားရှေ့တော်သန့်ရှင်းသောအရပ်ဌာန၊ တဲတော်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာ၌ သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနသည် တဲတော် (သို့) ဗိမ္မာန်တော်အဆောက်အဦး၏ အပိုင်း ၂ ပိုင်းကို ရည်ညွန်းသည်။

  • သန့်ရှင်းရာဌာနသည် ပထမအခန်းဖြစ်ပြီး နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်နှင့် ရှေ့တော်မုံ့တင်ထားသော စားပွဲတို့ရှိသည်။
  • အသန့်ရှင်းဆုံးအခန်းသည် ဒုတိယအခန်း၊ အတွင်းဆုံးအခန်းဖြစ်ပြီး ပဋိဉာဉ်သေတ္တာရှိသည်။
  • ခပ်ထူထူလေးလံသော ကုလားကာတခုဖြင့် အတွင်းခန်းနှင့် အပြင်ခန်းကို ခြားထားသည်။
  • ယဇ်ပုရောဟိတ်မင်းတဦးသာလျှင် အသန့်ရှင်းဆုံးအခန်းသို့ ဝင်ခွင့်ရှိသည်။
  • တစ်ခါတရံတွင် တဲတော် (သို့) ဗိမ္မာန်တော်၏ အဆောက်အဦးနှင့် ခြံဝင်း ၂ ခုစလုံးကို "သန့်ရှင်းရာဌာန" ဟု ရည်ညွန်းခေါ်ဆိုသည်။

ဘာသာပြန်အကြံပြုချက်များ

  • "သန့်ရှင်းရာဌာန" ဟူသော ဝေါဟာရကို "ဘုရားသခင်အတွက် သီးသန့်အခန်း" (သို့) "ဘုရားသခင်နှင့်တွေ့ဆုံရန် အထူးသီးသန့်အခန်း" (သို့) "ဘုရားနှင့်တွေ့ဆုံရန်အလွန်အရေးပါဆုံးအခန်း" ဟု ပြန်ဆိုနိုင်ပါသည်။
  • "အသန့်ရှင်းဆုံးအခန်း" ဟူသော ဝေါဟာရကို "ဘုရားသခင်အတွက် အထူးသီးသန့်ထားသောအခန်း" (သို့) "ဘုရားသခင်နှင့်တွေ့ဆုံရန်အတွက် အထူးအရေးပါသောအခန်း" ဟု ပြန်ဆိုနိုင်ပါသည်။
  • အကြောင်းအရာပေါ်မူတည်၍ ယေဘုယျအားဖြင့် "ဆက်ကပ်ထားသောနေရာ" (သို့) "ဘုရားသခင်သီးသန့်ထားသောနေရာ" (သို့) "အပန်းဖြေရာမှစသော အမျိုးမျိုးရှိသော ဗိမ္မာန်တော်တွင်းရှိ သန့်ရှင်းသောနေရာ" (သို့) "ဘုရားသခင်၏ သန့်ရှင်းသောဗိမ္မာန်တော်ဝင်း" ဟု ထည့်သွင်းပြန်ဆိုနိုင်ပါသည်။