my_tw/bible/kt/blasphemy.md

2.3 KiB

မထီမဲ့မြင်ပြုသည်၊ မထီမဲ့မြင်ပြုသော၊ ပုတ်ခတ်ပြောဆိုသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာတွင် မထီမဲ့မြင်ပြုခြင်း ဆိုသည်မှာ ဘုရား သို့မဟုတ် လူကို စကားအားဖြင့်လွန်စွာ ပြစ်မှားပြောဆိုခြင်းဖြစ်သည်။ ပုတ်ခတ်ပြောဆိုခြင်းဖြင့် လူတစ်ယောက်ကို အခြားသူများ အဆိုးမြင်သွားစေပါသည်။

  • ဘုရားကို ပုတ်ခတ်ပြောဆိုခြင်းဆိုသည်မှာ မမှန်သောစကား၊ ရိုင်းပြသောအမူအရာဖြင့် စော်ကားခြင်းဖြစ်သည်။
  • မိမိသည် ဘုရားဖြစ်သည်ဟုပြောခြင်း၊ အခြားသောဘုရားတစ်ပါးပါးရှိသည် ဟုပြောဆိုခြင်းသည်လည်း ပုတ်ခတ်စော်ကားခြင်းပင်ဖြစ်သည်။
  • အချို့အင်္ဂလိပ်ဘာသာများတွင် သွားပုတ်လေလွင့်ပြောခြင်းဟုလည်း သုံးနှုန်းထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို မဟုတ်မမှန်မကောင်းပြောခြင်း၊ ဘုရားကိုမရိုသေခြင်း၊ ပုတ်ခတ်ပြောဆိုသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • အခြားသူများကိုမှားယွင်းစွာပြောဆိုခြင်း၊ သွားပုတ်လေလွင့်ပြောခြင်း၊ မမှန်သတင်းလွှင့်ခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။