my_tw/bible/kt/clean.md

3.1 KiB

သန့်ရှင်းသည်၊ သန့်စင်သည်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သန့်စင်သည် ဟူသောစကားမှာ "ညစ်ပေခြင်း"၊ စွန်းထင်းခြင်း" မရှိခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် "သန့်ရှင်းခြင်း"၊ စင်ကြယ်ခြင်း" သို့မဟုတ် "အပြစ်မှကင်းခြင်း" စသည်ဖြင့် ခိုင်းနှိုင်းအသုံးပြုလေ့ရှိသည်။

  • "သန့်စင်စေခြင်း" သည် တစ်စုံတစ်ခုကို "သန့်ရှင်းစေရန်ပြုလုပ်သော" ဖြစ်စဉ်ဖြစ်သည်။ လျှော်ဖွတ်သည်၊ သန့်စင်သည်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • ဓမ္မဟောင်းကျမ်းစာတွင် မည်သည့်တိရိစ္ဆာန်က သန့်ရှင်းသည်၊ မည်သည့်တိရိစ္ဆာန်က မသန့်ရှင်းသည် ကိုဘုရားက ဣသရေလလူမျိုးကိုပြောပြထားသည်။ သန့်ရှင်းသောတိရိစ္ဆာန်များကိုသာ စားသုံးခြင်း၊ ယဇ်ပူဇော်ခြင်းများ ပြုလုပ်နိုင်သည်။ ဤနေရာတွင် သန့်ရှင်းသည်ဟူသောအဓိပ္ပာယ်မှာ ယဇ်ပူဇော်ရန်ဘုရားက လက်ခံထားသည် ဟူသောအဓိပ္ပာယ်ရှိသည်။
  • အရေပြားရောဂါရှိသူသည်လည်း ရောဂါပျောက်ကင်းပြီး မကူးစက်နိုင်တော့သည်အထိပျောက်ကင်းမှသာ သန့်စင်သည်ဟုမှတ်ယူခဲ့ကြသည်။ အရေပြားသန့်စင်ရာတွင် စင်ကြယ်သည်ဟုယဇ်ပုရောဟိတ်က ကြေငြာမှသာ သန့်စင်သည့်အဖြစ်ကိုရောက်ရှိပါသည်။
  • တစ်ခါတစ်ရံတွင် ကိုယ်ကျင့်တရားသန့်ရှင်းခြင်းဟုလည်း ပုံပမာခိုင်းနှိုင်းအသုံးပြုလေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • အသုံးပြုလေ့ရှိသော "သန့်ရှင်းခြင်း"၊ "သန့်စင်ခြင်း" စသည့်စကားလုံးများဖြင့် အသုံးပြုဘာသာပြန်ဆိုသင့်သည်။