my_tw/bible/kt/holy.md

3.8 KiB

သန့်ရှင်းသော၊ သန့်ရှင်းခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သန့်ရှင်းသော၊ သန့်ရှင်းခြင်းဆိုသော ဝေါဟာရသည် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာဖြစ်ပြီး အပြစ်အနာအဆာကင်းခြင်းကိုဆိုလိုသည်။

  • ဘုရားသခင်တစ်ပါးတည်းသာလျှင် လုံးဝသန့်ရှင်းသည်။ ဘုရားသခင်သည် လူနှင့်အရာ အားလုံးကို သန့်ရှင်းစေသည်။
  • သန့်ရှင်းသောသူသည် ဘုရားသခင်နှင့်ဆိုင်ပြီး ဘုရားကိုအစေခံရန်နှင့် ဘုရားဘုန်းထင်ရှားရန်ဟူသော ရည်ရွယ်ချက်ဖြင့် သီးသန့်နေခြင်းဖြစ်သည်။
  • ဘုရားသခင်ကို ယဇ်ပူဇော်သောယဇ်ပလ္လင်အစရှိသောအရာများကို ဘုရား၏ဘုန်းတော်နှင့် ဘုရားအသုံးပြုရန် သန့်ရှင်းရမည်ဟု ဘုရားသခင် အတိအလင်းပြောထားသည်။
  • ဘုရားသခင်သည် သန့်ရှင်းသောကြောင့်လူသည် ဘုရား၏ အနားသို့ မချဉ်းကပ်နိုင်ပါ။ လူသည်အပြစ်အနာအဆာနှင့် မကင်းသောကြောင့် ဘုရားက ခွင့်ပြုမှသာ ဘုရားအနားသို့ ချဉ်းကပ်နိုင်သည်။
  • ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ကို အစေခံရန် ယဇ်ပုရောဟိတ်များကို သီးသန့်ရွေးချယ်ထားသည်။ သူတို့သည် ဘုရားသခင်ထံချဉ်းကပ်ရန် လုပ်ထုံးလုပ်နည်းအရ သန့်စင်ခြင်းခံရသည်။
  • ဘုရားသခင်သည် သူထင်ရှားသောနေရာများဖြစ်သည့် ဗိမ္မာန်တော်အစရှိသောအချို့နေရာများကိုလည်း သီးသန့်ထားရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • "သန့်ရှင်းခြင်း" ကို ပြန်ဆိုရာ၌ "ဘုရားသခင်အတွက် သီးခြားထားခြင်း" (သို့) "ဘုရားသခင်နှင့် သက်ဆိုင်ခြင်း" (သို့) "အပြည့်အဝဖြူစင်ခြင်း" (သို့) "စုံလင်သည့်အပြစ်မဲ့ခြင်း" (သို့) "အပြစ်နှင့် ကင်းကင်းနေခြင်း" တို့ကိုလည်း ထည့်သွင်းပြန်ဆိုနိုင်ပါသည်။
  • "သန့်ရှင်းရန်ပြုလုပ်သည်" ဟူသော စကားကို "သန့်ရှင်းစင်ကြယ်စေသည်" ဟူသော အင်္ဂလိပ်စကားလုံးဖြင့် မကြာခဏအသုံးပြုသည်။ "သီးခြားဖြစ်စေသည်" ဟူလည်း ပြန်ဆိုနိုင်သည်။