my_tw/bible/kt/ephod.md

2.1 KiB

သင်တိုင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သင်တိုင်း သည်ဣသရေလယဇ်ပရောဟိတ်များဝတ်ဆင်သော ခါးစည်းကဲ့သို့သော အဝတ်ဖြစ်သည်။ အရှေ့ပိုင်းနှင့်အနောက်ပိုင်းဟူ၍ နှစ်ပိုင်းရှိပြီး ပခုံးတွင်ဆက်ထားပြီး ခါးတွင်အဝတ်ခါးပတ်ဖြင့်ချည်ထားရသည်။

  • သာမန်ယဇ်ပရောဟိတ်များဝတ်ဆင်သော သင်တိုင်း အမျိုးအစားသည် သပိတ်သက်သက်ဖြင့်ပြုလုပ်ထားသည်။
  • ယဇ်ပရောဟိတ်မင်း များဝတ်ဆင်သော သင်တိုင်းမှာ ရွှေရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် အနီရောင်ချည်တို့ဖြင့် အလှဆင်ထားသည်။
  • သင်တိုင်း၏အရှေ့ပိုင်းတွင် ယဇ်ပရောဟိတ်မင်း များ၏ရင်ဖုံးကို တပ်ဆင်ထားသည်။ ရင်ဖုံးအနောက်ဘက်တွင် အချို့ကိစ္စများတွင် ဘုရားသခင်၏အလိုတော်ကိုသိဖို့မေးမြန်းရာတွင်အသုံးပြုသည့် ဥရိမ်နှင့်သုမိမ်ကိုထားသည်။
  • တရားသူကြီး ဂိဒေါင်မှ သင်တိုင်းကိုရွှေဖြင့် မှားယွင်းစွာပြုလုပ်ခဲ့ရာ ၎င်းကို ဣသရေလလူမျိုးများ ရုပ်တုအဖြစ်ကိုးကွယ်ခဲ့ကြသည်။