my_tw/bible/kt/foolish.md

2.9 KiB

လူရူး လူမိုက်၊ မိုက်မဲသော၊ မိုက်မဲမှု

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"လူရူးလူမိုက်" ဟူသောစကားလုံးကို တစ်စုံတစ်ယောက်သောသူ၏ မှားယွင်းစွာ ရွေးချယ်မှုဖြစ်ပြီး အထူးသဖြင့် နားမခံမှုကို ရွေးချယ်ခြင်းဖြစ်သည်။ "မိုက်မဲသော" ဟူသော စကားလုံးကို တစ်စုံတစ်ယောက်၏ အမူအကျင့် ပညာအမျှော်အမြင်နည်းပါးခြင်းကို ဖော်ပြခြင်းဖြစ်သည်။

  • သမ္မာကျမ်းစာထဲတွင် "လူရူးလူမိုက်" ဟူသောစကားလုံးကို တစ်စုံတစ်ဦး၏ ဘုရားသခင်အပေါ်နားမခံခြင်းနှင့် မယုံကြည်ခြင်း ကို ရည်ညွန်းသည်။ ထိုစကားလုံးသည် ပညာအမျှော်အမြင်ကြီးသောသူ ဘုရားသခင်၏စကားတော်ကို နာခံသောသူ၊ ယုံကြည်သောသူဟူသော စကားလုံးနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။
  • ဒါဝိဒ်က ဘုရားသခင်၏ဖန်ဆင်းထားသော သက်သေများကို ငြင်းပယ်သောသူ၊ မယုံကြည်သောသူကို လူမိုက်နဲ့တူသည်ဟု ဆာလံကျမ်းထဲတွင် ဖော်ပြထားသည်။
  • ဓမ္မာဟောင်းကျမ်းထဲတွင် ပါဝင်သော သုတ္တံကျမ်း၌လည်း မည်သည့်အရာသည် မိုက်မဲမူ့၊ မိုက်မဲသောသူသည် မည်သူနဲ့တူသည်ကို များစွာဖော်ပြထားပါသည်။
  • မိုက်မဲမူ ဟူသောစကားလုံးကို ဖော်ပြရလျှင် ပညာမရှိသောကြောင့် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်သည်ဟု ရည်ညွန်းထားသည်။ တခါတရံ၌ မိုက်မဲမူ ဟူသောအဓိပ္ပါယ်ထဲတွင် ပြုက်ရယ်ပြုဖွယ်ရာ (သို့) ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်ပေသည်။