my_tw/bible/kt/body.md

4.1 KiB

ခန္ဓာကိုယ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ခန္ဓာကိုယ်ဆိုသည်မှာ လူ၊ တိရစ္ဆာတို့၏ ကိုယ်ထည်ဖြစ်သည်။ ဤစကားကို ပုံပမာအနေဖြင့် အရာဝတ္ထု သို့မဟုတ် အဖွဲ့ဝင်များပါဝင်သောအဖွဲ့တစ်ခုလုံးကို ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။

  • ခန္ဓာကိုယ် ဆိုသည်မှာ လူ၊ တိရစ္ဆာန်၏ အသေကောင်ကိုရည်ညွှန်းလေ့ရှိသည်။ တစ်ခါတစ်ရံ အလောင်း၊ လူသေ ဟုလည်းရည်ညွှန်းအသုံးပြုသည်။
  • နောက်ဆုံးပဿခါပွဲ၌ ယေရှုပြောသော "ဤမုန့်ကား ငါ၏ကိုယ်ဖြစ်သည်" ဆိုသည်မှာ သူတို့၏အပြစ်ကြောင့် ချိုးဖဲ့ကြေမွခြင်း(သတ်ခြင်း)ခံရမည့် "ယေရှု၏ခန္ဓာကိုယ်" ကို ရည်ညွှန်းခြင်းဖြစ်သည်။
  • သမ္မာကျမ်းစာတွင် ခရစ်ယာန်များကို ခရစ်တော်၏ကိုယ် ဖြစ်သည်ဟုရည်ညွှန်းကြသည်။
  • ကိုယ်ခန္ဓာ၌ အစိတ်အပိုင်းများရှိသကဲ့သို့ ခရစ်တော်၏ကိုယ်၌လည်း အစိတ်အပိုင်းများစွာရှိပါသည်။
  • ယုံကြည်သူတစ်ယောက်စီတိုင်းသည် ခရစ်တော်၏ကိုယ်အစိတ်အပိုင်းဖြစ်ပြီး ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
  • ခရစ်တော်သည် ဦးခေါင်းဖြစ်ပြီး ယုံကြည်သူများသည် ကိုယ်ဖြစ်သည်။ ဦးခေါင်းသည် ကိုယ်ခန္ဓာကို ညွှန်ကြားသကဲ့သို့ ခရစ်တော်သည်လည်း ခရစ်ယာန်များကို လမ်းညွှန်ပြသသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို ဘာသာပြန်ရာ၌ ခန္ဓာကိုယ်နှင့်သက်ဆိုင်သောစကားလုံးကိုသာရွေးချယ်သင့်သည်။ ရိုင်းပြသောစကားလုံးမဖြစ်စေရန် သတိပြုရမည်။
  • အချို့သောဘာသာစကားများတွင် ယုံကြည်သူ ဟုပြောဆိုရာတွင် ခရစ်တော်၏ဝိညာဉ်ခန္ဓာ ဟုသုံးခြင်းက ပိုတိကျမှန်ကန်သည်။
  • ခရစ်တော်ပြောသော ဤအရာသည်ငါ၏ကိုယ်ဖြစ်သည် ဟူသောစကားကို လိုအပ်ပါကထပ်မံရှင်းပြပေးသင့်သည်။
  • အချို့ဘာသာများတွင် လူသေဟူသောအသုံးအနှုန်းအတွက်စကားသပ်သပ်ရှိသည်။ ဥပမာ အလောင်း၊ တိရစ္ဆာန်အသေကောင်။ လူများ နားလည်လက်ခံနိုင်သောအသုံးအနှုန်းဖြစ်သင့်သည်။