my_tw/bible/kt/exalt.md

2.7 KiB

ချီးမြှောက်သည်၊ ချီးမြှောက်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ချီးမြှောက်ခြင်းသည် တစ်စုံတစ်ယောက်ကို အလွန်ချီးမွမ်းခြင်းနှင့် အလွန်အရိုအသေပေးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကို ရာထူးရာခံအမြင့်ပေးခြင်းကိုလည်း ဆိုလိုသည်။

  • သမ္မာကျမ်းစာတွင် ချီးမြှောက်ခြင်း သည် ဘုရားသခင်ကိုချီးမြှောက်ရာတွင်သုံးလေ့ရှိသည်။
  • လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို ချီးမြှောက်ပါက ဝါကြွားခြင်း သို့မဟုတ် မိမိကိုယ်ကို ဘဝင်မြင့်မြင့် ထင်မြင်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ချီးမြှောက်ခြင်း တွင် အလွန်ချီးမွမ်းခြင်၊ အလွန်အရိုအသေပေးခြင်း၊ အမွှမ်းတင်ခြင်း သို့မဟုတ် အထင်ကြီး၍ပြောဆိုခြင်း တို့ပါဝင်သည်။
  • အချို့အကြောင်းရင်းများတွင် မြင့်သောရာထူးတွင်ထားသည်၊ သာ၍ရိုသောမှုပေးသည် သို့မဟုတ် ဂုဏ်ယူစွာပြောသည် ဟုလည်းဘာသာပြန်နိုင်သည်။
  • "မိမိကိုယ်ကို မချီးမြှောက်နှင့်" ဆိုသည့်စကားစုကို "မိမိကိုယ်ကိုအထင်မကြီးနှင့် သို့မဟုတ် ကိုယ့်ကိုယ်ကို အဝါကြွားနှင့်" ဟုလည်းပြန်နိုင်သည်။
  • "ကိုယ့်ကိုယ်ကို ချီးမြှောက်သောသူများ" ဆိုသည့်စကားစုကို "မိမိကိုယ်ကိုယ်အကြောင်းဝါကြွားသောသူများ" ဟုလည်းပြန်နိုင်သည်။