my_tw/bible/kt/fear.md

1.9 KiB

ကြောက်ရွှံ့ခြင်း၊ ကြောက်သည်၊ ထာဝရဘုရားကိုကြောက်ရွှံ့ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကြောက်ရွှံ့ခြင်း" နှင့် "ကြောက်သည်" ဆိုသည်မှာ လူတစ်ယောက်သည် ကိုယ့်ကိုကိုယ် (သို့) အခြားသူများအား ခြိမ်းခြောက်မှုတစ်ခုခုရှိလာသောအခါ ထိုသူ၏ ခံစားချက်မကောင်းသော အရာကို ဆိုလိုခြင်းဖြစ်သည်။

  • "ကြောက်ရွှံ့ခြင်း" ဟူသောစကားလုံးသည် အာဏာရှိသောသူတစ်ယောက်ကို ရိုသေခြင်း နှင့် လေးစားသမှုပြုခြင်းကို ဆိုလိုသည်။
  • "ထာဝရဘုရားကိုကြောက်ရွှံ့ခြင်း" နှင့် ဆက်စပ်သော ဝေါဟာရဖြစ်သည့် "ဘုရားသခင်ကို ကြောက်ရွှံ့ခြင်း" နှင့် "အရှင်သခင်ကို ကြောက်ရွှံ့ခြင်း" သည် ဘုရားသခင်ကို ရိုသေလေးစားခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့် လေးစားမှုကို ပြသသောအရာကို ရည်ညွန်းသည်။
  • ထာဝရဘုရားကိုကြောက်ရွှံ့သောသူသည် ပညာရှိလာမည်ဟု ကျမ်းစာက သွန်သင်ထားပါသည်။