my_tw/bible/kt/apostle.md

2.6 KiB

တမန်တော်၊ တမန်တော်ဖြစ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တမန်တော်များသည် ဘုရားသခင်နှင့်ဘုရားသခင်နိုင်ငံတော်အကြောင်းဟောပြောရန် ယေရှုစေလွှတ်သောသူများဖြစ်သည်။ တမန်တော်ဖြစ်ခြင်းဆိုသောစကားမှာ တမန်တော်အဖြစ်ရွေးချယ်ခန့်အပ်ခံရသောသူများကိုဆိုလိုခြင်းဖြစ်သည်။

  • တမန်တော်၏အဓိပ္ပာယ်မှာ အထူးရည်ရွယ်ချက်တစ်ခုအတွက်စေလွှတ်ခံရသောသူ ဟူ၍ဖြစ်သည်။
  • ယေရှု၏အရင်းနှီးဆုံး တပည့်တော် (၁၂) ပါးမှာ ပထမဆုံးသောတမန်တော်များဖြစ်သည်။ ပေါလုနှင့် ယာကုပ်ကဲ့သို့သောသူများသည်လည်း တမန်တော်ဖြစ်လာကြသည်။
  • ဘုရားသခင်၏တန်ခိုးတော်အားဖြင့် တမန်တော်များသည် ဧဝံဂေလိဟောခြင်း၊ လူများကိုကုသပေးခြင်း၊ လူထဲမှ နတ်ဆိုးများနှင်ထုတ်ခြင်းစသည်တို့ကို ရဲဝံ့စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။

ဘာသာပြန်အကြံပြုချက်များ

  • တမန်တော်ဟူသောစကားလုံးကို စေလွှတ်ခံရသောသူ၊ စေလွှတ်ခံရသူ၊ ဘုရားသခင်အကြောင်းဟောပြောရန်ခေါ်ခြင်းခံရသောသူ ဟုဘာသာပြန်ဆိုနိုင်သည်။
  • တမန်တော်နှင့် တပည့်တော်ကို ကွဲပြားစွာဘာသာပြန်ဆိုရန်လိုသည်။
  • ဒေသသုံးကျမ်းစာ၌လည်း ဤစကားလုံးကို မည်သို့ဘာသာပြန်ဆိုထားသည်ကို ဆန်းစစ်ရန်လိုပါသည်။