my_tw/bible/kt/call.md

6.4 KiB

ခေါ်သည်၊ ခေါ်ခြင်း၊ ခေါ်ဆိုသည်၊ အော်ခေါ်သည်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကား(ဝေါဟာရ) ၏အဓိပ္ပာယ်မှာ အဝေးတစ်နေရာရှိလူကြားစေရန် ကျယ်ကျယ်အော်ပြောခြင်းဖြစ်သည်။ ပုံဥပမာခိုင်းနှိုင်းပြောဆိုသော အသုံးအနှုန်းလည်းဖြစ်ပါသည်။

*တစုံတစ်ယောက်ကို "အော်ခေါ်သည်" ဆိုသည်မှာ အဝေး၌ရှိလူကြားစေရန် အော်ပြောခြင်းဖြစ်သည်။ အထူးသဖြင့် ဘုရားကိုအော်ဟစ်အကူအညီတောင်းခြင်းဟုလည်း အဓိပ္ပါယ်ရှိပါသည်။

  • ကျမ်းစာထဲတွင် "ခေါ်သည်" သို့မဟုတ် "ဆင့်ခေါ်သည်" သို့မဟုတ် "လာရန်အမိန့်ပေးသည်" သို့မဟုတ် "လာရန်တောင်းဆိုသည်" ဟုအဓိပ္ပါယ်ရှိပါသည်။
  • ဘုရားက လူများသူ့ဆီလာရန်၊ သူ၏လူမျိုးဖြစ်ရန် ခေါ်ဆိုလျက်ရှိသည်။
  • ကျမ်းစာထဲရှိ "ခေါ်သည်" ဟူသောဝေါဟာရ၏ အဓိပ္ပါယ်မှာ ဘုရားကသူ၏လူ၊ သူ၏အစေခံ၊ ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်းကို သက်သေခံရန် ဟူ၍ဖြစ်ပါသည်။
  • တစ်စုံတစ်ယောက်၏ နာမည်ကိုခေါ်ဆိုရာတွင်လည်း အသုံးပြုပါသည်။ ဥပမာ- သူအမည်မှာ ဂျွန်ဖြစ်သည်၊ သူ့ကို ယောဟန်ဟုအမည်ပေးထားသည် သို့မဟုတ် သူ့နာမည်သည် ယောဟန်ဖြစ်သည်။
  • တစ်စုံတစ်ယောက်၏အမည်ကိုအစွဲပြုပြီး တစ်စုံတစ်ယောက်အား ခေါ်ဆိုလေ့ရှိသည်။ ဥပမာ- ဘုရားသူ၏လူမျိုးတော် သူ၏နာမည်ဖြင့်ခေါ်သည်။
  • "နာမည်ဖြင့်ခေါ်ဆိုခြင်း" ဆိုသည်မှာ ဘုရားက ထိုသူကိုသိကျွမ်းပြီး သူ့ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • "ခေါ်သည်" ဟူသောဝေါဟာရကို "ဆင့်ခေါ်သည်" ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ သို့မှသာ ရည်ရွယ်ချက်ရှိရှိခေါ်ဆိုကြောင်းပေါ်လွင်မည်ဖြစ်သည်။
  • "သင့်ကိုခေါ်သည်" ဟူသောစကားအဓိပ္ပါယ်မှာ "သင့်ကိုအကူအညီတောင်းသည်"၊ "သင့်ထံသို့အရေးတကြီးတောင်းဆိုသည်" ဟုဖြစ်ပါသည်။
  • ဘုရားက အစေခံအဖြစ်ခေါ်ဆိုသည် ဟူသောသမ္မာကျမ်းစာဖော်ပြသောအဓိပ္ပါယ်မှာ "အထူးရွေးချယ်ထားသော" သို့မဟုတ် "အစေခံတာဝန်ထမ်းရန် ခန့်အပ်ထားသည်"ဟု ဘာသာပြန်ဆိုနိုင်သည်။
  • "သင်သူ့နာမည်ခေါ်ရမည်" ဟူသောစကားလုံးကို "သင်သူ့ကိုအမည်ပေးသင့်သည်" ဟုဘာသာပြန်ဆိုသင့်သည်။
  • သူ့နာမည်ကို ထိုသို့မှည့်ထားသည်ဟု ပြန်ဆိုနိုင်သည်။
  • "အော်ခေါ်သည်" ဆိုသည်မှာ "ကျယ်လောင်စွာပြောဆိုခြင်း"၊ "အော်ခြင်း"၊ "ကြီးသောအသံနှင့်ပြောခြင်း" ဖြစ်သည်။ ဒေါသထွက်နေသည့်ပုံစံ မပေါ်ရန်ဘာသာပြန်ဆိုသင့်သည်။
  • "သင်၏ခေါ်ယူခြင်း" ဟူသောအသုံးအနှုန်းမှာ "သင်၏ရည်ရွယ်ချက်"၊ "သင့်အပေါ် ဘုရားကထားရှိသောရည်ရွယ်ချက်"၊ "ဘုရားပြင်ဆင်ထားသော အထူးတာဝန်" ဟုပြန်ဆိုနိုင်သည်။
  • ဘုရားနာမည်ခေါ်ဆိုခြင်း ဆိုသည်မှာ "ဘုရားကိုခိုလှုံတမ်းတခြင်း"၊ "ဘုရားကိုယုံကြည်နာခံခြင်း" ဖြစ်သည်။
  • တစ်စုံတစ်ခုကိုခေါ်ဆိုခြင်း ဆိုသည်မှာ "တောင်းဆိုခြင်း"၊ "အကူအညီယူခြင်း"၊ "အမိန့်ပေးခြင်း" ဖြစ်သည်။
  • ငါ၏အမည်ဖြင့်သင့်ကိုခေါ်ဆိုမည် ဟူသောအဓိပ္ပါယ်မှာ သင်သည်ငါနှင့်ဆိုင်သောကြောင့် သင့်ကိုငါ့အမည် ပေးထားသည်ဟူ၍ ဖြစ်ပါသည်။
  • သင့်ကိုငါခေါ်သည် ဟူသောစကားမှာ ဘုရားကသင့်ကိုသိပြီး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။