my_tw/bible/kt/highpriest.md

2.3 KiB

ယဇ်ပုရောဟိတ်မင်း၊ ယဇ်ပုရောဟိတ်၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ယဇ်ပုရောဟိတ်မင်း" ဟူသောဝေါဟာရသည် အခြားသော ဣသရေလ ယဇ်ပုရောဟိတ် အားလုံးကို တစ်နှစ်ဦးဆောင်ရန် အထူးခန့်အပ်ခံရသော ယဇ်ပုရောဟိတ်ကို ရည်ညွန်းသည်။

  • ယဇ်ပုရောဟိတ်မင်းတွင် အထူးတာဝန်ဝတ္တရားများရှိသည်။ တစ်နှစ်တစ်ကြိမ် ဗိမ္မာန်တော်၏ အသန့်ရှင်းဆုံးနေရာကိုဝင်ပြီး ယဇ်ပူဇော်ပေးရန် ခွင့်ပြုခံရသူဖြစ်သည်။
  • ဣသရေလလူမျိုးများ၌ ယဇ်ပုရောဟိတ်များစွာရှိသော်လည်း ယဇ်ပုရောဟိတ်မင်းတပါးသာရှိသည်။
  • ယေရှုအဖမ်းခံရသောအချိန်၌ ကယာဖသည် တရားဝင်ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ ကယာဖ၏ ယောက္ခမ အန္နကို တစ်ခါတစ်ရံတွေ့ရသည်။ အကြောင်းမှာ သူသည် အရင်ကယဇ်ပုရောဟိတ်မင်းဖြစ်ပြီးလူများအပေါ်တန်ခိုးနှင့် အာဏာရှိသေးသောကြောင့် ဖြစ်နိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • "ယဇ်ပုရောဟိတ်မင်း' ကို "ယဇ်ပုရောဟိတ်ချုပ်" (သို့) "အဆင့်မြင့်ယဇ်ပုရောဟိတ်" ဟု၍ပြန်ဆိုနိုင်ပါသည်။
  • ဤဝေါဟာရကို ပြန်ဆိုရာ၌ "ယဇ်ပုရောဟိတ်အကြီးအကဲ" နှင့် မတူကြောင်းရှင်းလင်းစေပါ။