my_tw/bible/kt/lamb.md

2.9 KiB

သိုးသူငယ်၊ ဘုရားသခင်၏ သိုးသူငယ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သိုးသူငယ် ဆိုသည့် ဝေါဟာရသည် "ငယ်ရွယ်သောသိုး" ကို ရည်ညွန်းသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း အတွက် အသုံးပြုသော ထူသောအမွှေးနှင့် ခြေလေးချောင်း ရှိသော တိရစ္ဆာန်များအား "သိုး" ဟု ခေါ်သည်။ ယေရှုသည် လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသောကြောင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။

  • ထိုတိရစ္ဆာန်များသည် အလွယ်တကူ လမ်းလွဲနိုင်သောကြောင့် ကာကွယ်ခြင်း လိုအပ်သည်။ ဘုရားသခင်သည် လူသားများအား "သိုး" ဖြင့် ခိုင်းနှိုင်းထားသည်။
  • ဘုရားသခင်သည် သူ၏ လူများကို အပြစ်အနာအဆာကင်းသော သိုး နှင့် သိုးသူငယ်များဖြင့် သူ့အား ယဇ်ပူဇော်ရန် ညွန်ကြားခဲ့သည်။
  • လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသော ယေရှုအား "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်သည်။ သူသည် အပြစ်နှင့် လုံးဝ ကင်းစင်သောသူ ဖြစ်သောကြောင့် အပြစ်အနာအဆာမရှိ၊ စင်းလုံးချော ပြည့်စုံကောင်းမွန်သော ယဇ်ကောင်ဖြစ်ခဲ့သည်။

ဘာသာပြန် အကြံပြုချက်များ

  • ဘာသာစကား နယ်ပယ်၌ "သိုး" ဟူသော ဝေါဟာရကို သိလျှင် ငယ်ရွယ်သော သိုးများအား "သိုးသူငယ်" နှင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ဘာသာပြန်သင့်သည်။
  • ဘုရားသခင်၏ သိုးသူငယ်" အား "ဘုရားသခင်၏ ပိုင်ဆိုင်မှု" ဟု ဘာသာပြန်နိုင်သည်။