# သိုးသူငယ်၊ ဘုရားသခင်၏ သိုးသူငယ် ## အသုံးအနှုန်းများ၏အဓိပ္ပါယ် သိုးသူငယ် ဆိုသည့် ဝေါဟာရသည် "ငယ်ရွယ်သောသိုး" ကို ရည်ညွန်းသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း အတွက် အသုံးပြုသော ထူသောအမွှေးနှင့် ခြေလေးချောင်း ရှိသော တိရစ္ဆာန်များအား "သိုး" ဟု ခေါ်သည်။ ယေရှုသည် လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသောကြောင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ * ထိုတိရစ္ဆာန်များသည် အလွယ်တကူ လမ်းလွဲနိုင်သောကြောင့် ကာကွယ်ခြင်း လိုအပ်သည်။ ဘုရားသခင်သည် လူသားများအား "သိုး" ဖြင့် ခိုင်းနှိုင်းထားသည်။ * ဘုရားသခင်သည် သူ၏ လူများကို အပြစ်အနာအဆာကင်းသော သိုး နှင့် သိုးသူငယ်များဖြင့် သူ့အား ယဇ်ပူဇော်ရန် ညွန်ကြားခဲ့သည်။ * လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသော ယေရှုအား "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်သည်။ သူသည် အပြစ်နှင့် လုံးဝ ကင်းစင်သောသူ ဖြစ်သောကြောင့် အပြစ်အနာအဆာမရှိ၊ စင်းလုံးချော ပြည့်စုံကောင်းမွန်သော ယဇ်ကောင်ဖြစ်ခဲ့သည်။ ## ဘာသာပြန် အကြံပြုချက်များ * ဘာသာစကား နယ်ပယ်၌ "သိုး" ဟူသော ဝေါဟာရကို သိလျှင် ငယ်ရွယ်သော သိုးများအား "သိုးသူငယ်" နှင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ဘာသာပြန်သင့်သည်။ * ဘုရားသခင်၏ သိုးသူငယ်" အား "ဘုရားသခင်၏ ပိုင်ဆိုင်မှု" ဟု ဘာသာပြန်နိုင်သည်။