my_tw/bible/kt/lamb.md

15 lines
2.9 KiB
Markdown
Raw Permalink Normal View History

2021-02-22 16:43:03 +00:00
# သိုးသူငယ်၊ ဘုရားသခင်၏ သိုးသူငယ်
2021-02-22 16:58:25 +00:00
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
2021-02-22 16:43:03 +00:00
သိုးသူငယ် ဆိုသည့် ဝေါဟာရသည် "ငယ်ရွယ်သောသိုး" ကို ရည်ညွန်းသည်။ ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း အတွက် အသုံးပြုသော ထူသောအမွှေးနှင့် ခြေလေးချောင်း ရှိသော တိရစ္ဆာန်များအား "သိုး" ဟု ခေါ်သည်။ ယေရှုသည် လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသောကြောင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
2021-02-22 17:45:50 +00:00
* ထိုတိရစ္ဆာန်များသည် အလွယ်တကူ လမ်းလွဲနိုင်သောကြောင့် ကာကွယ်ခြင်း လိုအပ်သည်။ ဘုရားသခင်သည် လူသားများအား "သိုး" ဖြင့် ခိုင်းနှိုင်းထားသည်။
* ဘုရားသခင်သည် သူ၏ လူများကို အပြစ်အနာအဆာကင်းသော သိုး နှင့် သိုးသူငယ်များဖြင့် သူ့အား ယဇ်ပူဇော်ရန် ညွန်ကြားခဲ့သည်။
2021-02-22 16:43:03 +00:00
* လူသားတိုင်း၏ အပြစ်များအတွက် ယဇ်ပူဇော်ခြင်း ခံခဲ့ရသော ယေရှုအား "ဘုရားသခင်၏ သိုးသူငယ်" ဟု ခေါ်သည်။ သူသည် အပြစ်နှင့် လုံးဝ ကင်းစင်သောသူ ဖြစ်သောကြောင့် အပြစ်အနာအဆာမရှိ၊ စင်းလုံးချော ပြည့်စုံကောင်းမွန်သော ယဇ်ကောင်ဖြစ်ခဲ့သည်။
2021-02-22 17:45:50 +00:00
## ဘာသာပြန် အကြံပြုချက်များ
2021-02-22 16:43:03 +00:00
2021-02-22 17:45:50 +00:00
* ဘာသာစကား နယ်ပယ်၌ "သိုး" ဟူသော ဝေါဟာရကို သိလျှင် ငယ်ရွယ်သော သိုးများအား "သိုးသူငယ်" နှင့် "ဘုရားသခင်၏ သိုးသူငယ်" ဟု ဘာသာပြန်သင့်သည်။
* ဘုရားသခင်၏ သိုးသူငယ်" အား "ဘုရားသခင်၏ ပိုင်ဆိုင်မှု" ဟု ဘာသာပြန်နိုင်သည်။