my_tn/mrk/14/63.md

2.6 KiB

မိမိအဝတ်ကို ဆုတ်လျက်

ယဇ်ပုရောဟိတ်မင်းသည် သခင်ယေရှု၏ ပြောစကားအပေါ်တွင် နာကျည်းမှုနှင့် မနှစ်မြို့ကို ဖော်ပြရန် ရည်ရွယ်ချက်ရှိရှိ သူ၏အဝတ်ကို ဆုတ်ဖြဲခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒေါသတကြီး အင်္ကျီကို ဆုတ်ဖြဲခဲ့သည်"

အဘယ်သက်သေကို လိုသေးသနည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသူကို ဆန့်ကျင်၍ သက်သေခံရန် တခြားသောသူများ မလိုအပ်တော့ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ

သခင်ယေရှု၏ပြောစကားကို ရည်ရွယ်၍ ယဇ်ပုရောဟိတ်မင်းပြောသောစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ပြစ်မှားပြောဆိုသော စကားကို သင်တို့ ကြားခဲ့ရပြီ" (ရှု၊ rc://*/ta/man/translate/figs-explicit)

ထိုသူအပေါင်းတို့သည်.......စီရင်ကြ၏

ဤစကားစုသည် လူအုပ်ကြားထဲရှိသူများကို ဆိုလိုသည်

မျက်နှာတော်ကိုဖုံးပြီး

သူတို့က မမြင်နိုင်စေရန် သခင်ယေရှု၏ မျက်နှာကို အဝတ်ဖြင့် ပိတ်စည်းခဲ့သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ပရောဖက်ပြု

သင့်ကိုဘယ်သူရိုက်တာလဲ ဟူ၍ သခင်ယေရှုကို ပြက်ရယ်ပြုကြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကိုဘယ်သူရိုက်တာလဲ။ ဟောပြပါ။" (ရှု၊ rc://*/ta/man/translate/figs-explicit)

မင်းလုလင်တို့

အစောင့်အကြပ်များ