my_tn/mat/13/10.md

3.9 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက ဘာ့ကြောင့် ပုံဥပမာများနှင့် သူ့တပည့်များအား သင်ကြားသည့်အကြောင်းကို ရှင်းပြသည်။

သူတို့ကို

တပည့်တော်များကို ရည်ညွှန်းသည်။

ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့နားလည်ခွင့်ရကြသည်၊ သို့သော် သူတို့ကိုတော့ နားလည်ခွင့်မပေး။

အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့အား ဘုရားသခင်က နားလည်ခွင့်ပေးသည်၊ သို့သော် ဤလူများအား ဘုရားသခင်က နားလည်ခွင့်မပေး" သို့မဟုတ် "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ဘုရားသခင်က သင်တို့အား နားလည်နိုင်ခွင့်ပေးသည်၊ သို့သော် ဤလူများကို ဘုရားသခင်က နားလည်ခွင့်မပေးပေ" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-explicit]])

သင်တို့

တပည့်တော်များကို ရည်ညွှန်းသည့် အများကိန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ချက်

"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်ချုပ်သည်ကို ဆိုလိုသည်။ "ကောင်းကင်နိုင်ငံ တော်" သည် ရှင်မဿဲခရစ်ဝင်တွင်သာ သုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ကို ထပ်သုံးပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ကောင်းကင်ဘုံရှိ ဘုရားနှင့် သူ့အုပ်ချုပ်မှု၏ လျှို့ဝှက်ချက်အကြောင်း" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှိသူတိုင်း

"နားလည်သူ မည်သူမဆို" သို့မဟုတ် "ငါ သင်ကြားချက်ကို ရရှိသူတိုင်း"

ထပ်၍ပေးလိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သူ့ကို ပို၍ နားလည်နိုင်မှုကို ပေးမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မရှိသူတိုင်း

"နားမလည်သောသူတိုင်း" သို့မဟုတ် "ငါ၏ သင်ကြားချက်ကို မရရှိသောသူတိုင်း"

သူ၌ရှိသမျှကိုပင် နှုတ်ယူဦးမည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူ၌ ရှိသည့်အရာကိုတောင် ဘုရားသခင်က နှုတ်ယူသွားမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)