# ဆက်စပ်မှုဖော်ပြချက် ယေရှုက ဘာ့ကြောင့် ပုံဥပမာများနှင့် သူ့တပည့်များအား သင်ကြားသည့်အကြောင်းကို ရှင်းပြသည်။ # သူတို့ကို တပည့်တော်များကို ရည်ညွှန်းသည်။ # ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့နားလည်ခွင့်ရကြသည်၊ သို့သော် သူတို့ကိုတော့ နားလည်ခွင့်မပေး။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့အား ဘုရားသခင်က နားလည်ခွင့်ပေးသည်၊ သို့သော် ဤလူများအား ဘုရားသခင်က နားလည်ခွင့်မပေး" သို့မဟုတ် "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ဘုရားသခင်က သင်တို့အား နားလည်နိုင်ခွင့်ပေးသည်၊ သို့သော် ဤလူများကို ဘုရားသခင်က နားလည်ခွင့်မပေးပေ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]] and [[rc://*/ta/man/translate/figs-explicit]]) # သင်တို့ တပည့်တော်များကို ရည်ညွှန်းသည့် အများကိန်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]]) # ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ချက် "ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်ချုပ်သည်ကို ဆိုလိုသည်။ "ကောင်းကင်နိုင်ငံ တော်" သည် ရှင်မဿဲခရစ်ဝင်တွင်သာ သုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ကို ထပ်သုံးပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ကောင်းကင်ဘုံရှိ ဘုရားနှင့် သူ့အုပ်ချုပ်မှု၏ လျှို့ဝှက်ချက်အကြောင်း" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ရှိသူတိုင်း "နားလည်သူ မည်သူမဆို" သို့မဟုတ် "ငါ သင်ကြားချက်ကို ရရှိသူတိုင်း" # ထပ်၍ပေးလိမ့်မည် အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သူ့ကို ပို၍ နားလည်နိုင်မှုကို ပေးမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # မရှိသူတိုင်း "နားမလည်သောသူတိုင်း" သို့မဟုတ် "ငါ၏ သင်ကြားချက်ကို မရရှိသောသူတိုင်း" # သူ၌ရှိသမျှကိုပင် နှုတ်ယူဦးမည် အခြားသောဘာသာပြန်ဆိုချက်၊ "သူ၌ ရှိသည့်အရာကိုတောင် ဘုရားသခင်က နှုတ်ယူသွားမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])