my_tn/mat/13/10.md

36 lines
3.9 KiB
Markdown

# ဆက်စပ်မှုဖော်ပြချက်
ယေရှုက ဘာ့ကြောင့် ပုံဥပမာများနှင့် သူ့တပည့်များအား သင်ကြားသည့်အကြောင်းကို ရှင်းပြသည်။
# သူတို့ကို
တပည့်တော်များကို ရည်ညွှန်းသည်။
# ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့နားလည်ခွင့်ရကြသည်၊ သို့သော် သူတို့ကိုတော့ နားလည်ခွင့်မပေး။
အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို သင်တို့အား ဘုရားသခင်က နားလည်ခွင့်ပေးသည်၊ သို့သော် ဤလူများအား ဘုရားသခင်က နားလည်ခွင့်မပေး" သို့မဟုတ် "ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ဘုရားသခင်က သင်တို့အား နားလည်နိုင်ခွင့်ပေးသည်၊ သို့သော် ဤလူများကို ဘုရားသခင်က နားလည်ခွင့်မပေးပေ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]] and [[rc://*/ta/man/translate/figs-explicit]])
# သင်တို့
တပည့်တော်များကို ရည်ညွှန်းသည့် အများကိန်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]])
# ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ချက်
"ကောင်းကင်နိုင်ငံတော်" သည် ဘုရားသခင်က ဘုရင်ကဲ့သို့ အုပ်ချုပ်သည်ကို ဆိုလိုသည်။ "ကောင်းကင်နိုင်ငံ တော်" သည် ရှင်မဿဲခရစ်ဝင်တွင်သာ သုံးသည်။ ဖြစ်နိုင်ပါက "ကောင်းကင်" ကို ထပ်သုံးပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ကောင်းကင်ဘုံရှိ ဘုရားနှင့် သူ့အုပ်ချုပ်မှု၏ လျှို့ဝှက်ချက်အကြောင်း" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ရှိသူတိုင်း
"နားလည်သူ မည်သူမဆို" သို့မဟုတ် "ငါ သင်ကြားချက်ကို ရရှိသူတိုင်း"
# ထပ်၍ပေးလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သူ့ကို ပို၍ နားလည်နိုင်မှုကို ပေးမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# မရှိသူတိုင်း
"နားမလည်သောသူတိုင်း" သို့မဟုတ် "ငါ၏ သင်ကြားချက်ကို မရရှိသောသူတိုင်း"
# သူ၌ရှိသမျှကိုပင် နှုတ်ယူဦးမည်
အခြားသောဘာသာပြန်ဆိုချက်၊ "သူ၌ ရှိသည့်အရာကိုတောင် ဘုရားသခင်က နှုတ်ယူသွားမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])