my_tn/jon/01/01.md

6.0 KiB

ထာ၀ရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား

ဤစကားစု၏ အသုံးအနှုန်း အနက်အဓိပ္ပါယ်မှာ ထာ၀ရဘုရားဖွင့်ပြခဲ့သော စကားကို ဆိုလိုခြင်းဖြစ်သည်။" ထာ၀ ရဘုရား ဖွင့်ပြခဲ့သော နှုတ်ထွက်စကား" ( ရှု၊ rc://*/ta/man/translate/figs-idiom)

ထာ၀ရဘုရား၏ နှုတ်ကပတ်တော်

ဤ စကားလုံးသည် ထာ၀ရဘုရား၏ သတင်း စကားကို ဆိုလိုပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာ၀ရဘုရား၏ သတင်းစကား" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထာဝရဘုရား

ဓမ္မဟောင်းခေတ်တွင် ဘုရားက သူ့လူများကို ဖွင့်ပြရာတွင် သုံးနှုန်းသော ဘုရား၏ အမည်နာမတော်ဖြစ်သည်။ (ရှု၊ ထာ၀ရဘုရားအကြောင်းနှင့် ပတ်သက်၍ ဘာသာပြန်ဆိုသော စကားလုံး ဖော်ပြသော စာမျက်နှာ တွင် ရှု)

အမိတ္တဲ

‌ယောန ဖခင်၏ နာမည် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

သင်ထ၍ နိနေဝေမြို့ကြီးသို့ သွား

"အရေးပါမြို့ဖြစ်သော နိနေဝေမြို့ကြီးသို့ သွားရန်"

ထ၍ နိနေဝေမြို့ကြီးသို့သွား

ဤအရာသည် အ‌‌‌ဝေး တနေရာသို့ ခရီးပြုရမည့် အရာကို ဖော်ပြရာတွင် သုံးနှုန်းလေ့ရှိသော စကားလုံးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့

"လူများကို သတိပေးသည်" (UDB)။ ထာ၀ရဘုရားကထိုမြို့၌ ရှိသော လူများကို ရည်ညွှန်းခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီ

"သူတို့ ဒုစရိုက်ပြုနေသော အပြစ်ကို သိနေသော ဘုရားဖြစ်သည်။"

ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေး

"ထာ၀ရဘုရားထံတော်မှ ‌အ‌‌ဝေးကို ထွက်ပြေး" ' ထ၍ ပြေး' ဆိုရာ၌ ယောနသည် သူရှိနေရာမှ ထွက်ခွါသွားခြင်းကို ရည်ညွန်ခြင်းပင်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထာ၀ရဘုရားထံတော်

ယောနသည် ထာ၀ရဘုရားထံတော်မှ ထွက်ပြေးရန် ကြိုး စားခဲ့ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

တာရှုမြို့သို့

"တာရှုမြို့သို့ သွားခဲ့ပြီး" တာရှုမြို့သည် နိနေ‌ဝေမြို့နှင့် ဆန်ကျင့်ဖက်အရပ်တွင် ရှိသော မြို့ဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာ သိရှိနိုင်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက် " ဆန်ကျင့်ဖက် ရည်ညွန်းရာ တာရှုမြို့သို့သွားရောက်ခြင်း" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယုပ္ပေမြို့သို့သွား၍ ရောက်

" ယောနသည် ယုပ္ပေမြို့သို့ သွားရောက်ခဲ့သည်။"

သင်္ဘော

အလွန်ကြီးမားသော လှေမျိုးအစား ဖြစ်သည်။ ၎င်းသည် ပင်လယ်ရေပြင်တွင် ခရီးသည်များစွာနှင့် ကုန်ပစ္စည်းများစွာကို သယ်ယူ ခရီးပြုနိုင်သော ယာဥ် ဖြစ်သည်။

သင်္ဘောခကို ပေးပြီးလျှင်

"ယောနသည် ခရီးစဉ် သင်္ဘောစီးခကို ပေးသည်။"

သင်္ဘောကို တွေ့ကြုံ၍

"သင်္ဘောစီးရန် လမ်းကြုံ ရသည်"

သင်္ဘောသားတို့နှင့်အတူ

'သင်္ဘောသားတို့ ' စကားလုံးသည် သင်္ဘောပေါ်တွင် စီးနင်းလိုက် ပါကြသော အခြားလူများကို ဆိုလိုပါသည်။

ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ

ယောနသည် တာရှုမြို့တွင် ထာ၀ရဘုရား ရှိမည်မဟုတ် ဟု ထင်မြင်ခဲ့ ရပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)