my_tn/isa/37/28.md

30 lines
3.6 KiB
Markdown

# ယေဘုယျ အချက်အလက်
အာရှုရိဘုရင်အား ထာဝရဘုရား၏ စကားတော်ကို ကြား ပြောနေသည်။
# သင်၏နေထိုင်ြခင်း ----- ငါသိ၏
ဤအရာသည် သက်ရှင်နေထိုင်မှု အားလုံးကို သိကြောင်းဆိုလိုသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်လုပ်သမျှ အရာအားလုံးငါသိသည်။ (ရှု၊ [[rc://*/ta/man/translate/figs-merism]])
# သင်၏ အမျက်ဟုန်းခြင်း
(အခြားသောဘာသာပြန်ဆိုချက်) သင်ဘယ်လောက်ထိငါ့ကို အမျက်ဟုန်းဟုန်း ဖြစ်သလဲ? (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]])
# သင်၏ စော်ကားခြင်းကို
ဘုရင်၏စော်ကားခြင်းဟူသည် သူ၏မာနထောင်လွှားသော စကားများကို ဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်၏စော်ကား ရိုင်းစိုင်းသောစကားများ
(ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# သင်၏ အမျက်ဟုန်း'ခြင်း ---- ကြားရသောကြောင့်
ထာတရဘုရားသည် ဘုရင်၏ စကားများကို ကြားခြင်းဆိုသည်မှာ သူ၏စကားများ ထာဝရဘုရားနားတော်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင်၏ မာနထောင်လွှားသော စကားများကို ကြားရလေပြီ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# သင့်ကို နှာရှုပ်တပ်၍ -------
လူသည် ဇက်ကြိုးများကို တိရစ္ဆာန်များကို ခိုင်းစေရန်အတွက် တပ်ဆင်အသုံးပြုသည်။ ထာဝရဘုရားက ဘုရင်အားထိန်းချုပ်မည် ဆိုသည်မှာ တိရစ္ဆာန်ကဲ့သို့ ဇက်ကိုခွဲ၍ ထိန်းချုပ်မည် ကိုဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည် သင့်ကိုလူမှတိရစ္ဆာန်အား ထိန်းချုပ်သကဲ့သို့ ပါးစပ်၌ ကြိုးတပ်၍ ထိန်းချုပ်မည်။
(ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# သင်လာသောလမ်းဖြင့် ------ ပြန်စေမည်
ဘုရင်ကို သူတိုင်းပြည်၊ သူ့အိမ်ရှိရာသို့ လှည့်သွားစေမည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင့်ကို မိမိနေရင်းပြည်သို့ ပြန်လှည့်လိမ့်မည်။(ရှု၊ [[rc://*/ta/man/translate/figs-explicit]])