# ယေဘုယျ အချက်အလက် အာရှုရိဘုရင်အား ထာဝရဘုရား၏ စကားတော်ကို ကြား ပြောနေသည်။ # သင်၏နေထိုင်ြခင်း ----- ငါသိ၏ ဤအရာသည် သက်ရှင်နေထိုင်မှု အားလုံးကို သိကြောင်းဆိုလိုသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်လုပ်သမျှ အရာအားလုံးငါသိသည်။ (ရှု၊ [[rc://*/ta/man/translate/figs-merism]]) # သင်၏ အမျက်ဟုန်းခြင်း (အခြားသောဘာသာပြန်ဆိုချက်) သင်ဘယ်လောက်ထိငါ့ကို အမျက်ဟုန်းဟုန်း ဖြစ်သလဲ? (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]]) # သင်၏ စော်ကားခြင်းကို ဘုရင်၏စော်ကားခြင်းဟူသည် သူ၏မာနထောင်လွှားသော စကားများကို ဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်၏စော်ကား ရိုင်းစိုင်းသောစကားများ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # သင်၏ အမျက်ဟုန်း'ခြင်း ---- ကြားရသောကြောင့် ထာတရဘုရားသည် ဘုရင်၏ စကားများကို ကြားခြင်းဆိုသည်မှာ သူ၏စကားများ ထာဝရဘုရားနားတော်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင်၏ မာနထောင်လွှားသော စကားများကို ကြားရလေပြီ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # သင့်ကို နှာရှုပ်တပ်၍ ------- လူသည် ဇက်ကြိုးများကို တိရစ္ဆာန်များကို ခိုင်းစေရန်အတွက် တပ်ဆင်အသုံးပြုသည်။ ထာဝရဘုရားက ဘုရင်အားထိန်းချုပ်မည် ဆိုသည်မှာ တိရစ္ဆာန်ကဲ့သို့ ဇက်ကိုခွဲ၍ ထိန်းချုပ်မည် ကိုဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည် သင့်ကိုလူမှတိရစ္ဆာန်အား ထိန်းချုပ်သကဲ့သို့ ပါးစပ်၌ ကြိုးတပ်၍ ထိန်းချုပ်မည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # သင်လာသောလမ်းဖြင့် ------ ပြန်စေမည် ဘုရင်ကို သူတိုင်းပြည်၊ သူ့အိမ်ရှိရာသို့ လှည့်သွားစေမည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင့်ကို မိမိနေရင်းပြည်သို့ ပြန်လှည့်လိမ့်မည်။(ရှု၊ [[rc://*/ta/man/translate/figs-explicit]])