my_tn/isa/37/28.md

3.6 KiB

ယေဘုယျ အချက်အလက်

အာရှုရိဘုရင်အား ထာဝရဘုရား၏ စကားတော်ကို ကြား ပြောနေသည်။

သင်၏နေထိုင်ြခင်း ----- ငါသိ၏

ဤအရာသည် သက်ရှင်နေထိုင်မှု အားလုံးကို သိကြောင်းဆိုလိုသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်လုပ်သမျှ အရာအားလုံးငါသိသည်။ (ရှု၊ rc://*/ta/man/translate/figs-merism)

သင်၏ အမျက်ဟုန်းခြင်း

(အခြားသောဘာသာပြန်ဆိုချက်) သင်ဘယ်လောက်ထိငါ့ကို အမျက်ဟုန်းဟုန်း ဖြစ်သလဲ? (ရှု၊ rc://*/ta/man/translate/figs-abstractnouns)

သင်၏ စော်ကားခြင်းကို

ဘုရင်၏စော်ကားခြင်းဟူသည် သူ၏မာနထောင်လွှားသော စကားများကို ဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) သင်၏စော်ကား ရိုင်းစိုင်းသောစကားများ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်၏ အမျက်ဟုန်း'ခြင်း ---- ကြားရသောကြောင့်

ထာတရဘုရားသည် ဘုရင်၏ စကားများကို ကြားခြင်းဆိုသည်မှာ သူ၏စကားများ ထာဝရဘုရားနားတော်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင်၏ မာနထောင်လွှားသော စကားများကို ကြားရလေပြီ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင့်ကို နှာရှုပ်တပ်၍ -------

လူသည် ဇက်ကြိုးများကို တိရစ္ဆာန်များကို ခိုင်းစေရန်အတွက် တပ်ဆင်အသုံးပြုသည်။ ထာဝရဘုရားက ဘုရင်အားထိန်းချုပ်မည် ဆိုသည်မှာ တိရစ္ဆာန်ကဲ့သို့ ဇက်ကိုခွဲ၍ ထိန်းချုပ်မည် ကိုဆိုလိုပါသည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည် သင့်ကိုလူမှတိရစ္ဆာန်အား ထိန်းချုပ်သကဲ့သို့ ပါးစပ်၌ ကြိုးတပ်၍ ထိန်းချုပ်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်လာသောလမ်းဖြင့် ------ ပြန်စေမည်

ဘုရင်ကို သူတိုင်းပြည်၊ သူ့အိမ်ရှိရာသို့ လှည့်သွားစေမည်။ (အခြားသောဘာသာပြန်ဆိုချက်) ငါသည်သင့်ကို မိမိနေရင်းပြည်သို့ ပြန်လှည့်လိမ့်မည်။(ရှု၊ rc://*/ta/man/translate/figs-explicit)