my_tn/isa/14/05.md

2.8 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအပိုင်းသည် ဣသရေလလူမျိုးများ ဗာဗုလုန်ရှင်ဘုရင်ကို မချိမခံသာအောင်သီဆိုဖွဲ့နွဲ့ထားသော သီချင်းဖြစ်သည်။

ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို ချိုးတော်မူပြီ

တောင်းဝှေးဟုဆိုရာတွင် အဓမ္မလူများသည် မတရားရိုက်နှက်ခြင်းကိုရည်ညွှန်းသည်။ ထိုသို့ကြမ်းကြုတ်သောလူမျိုးကို တုတ်ချောင်းရိုက်ချိုးသကဲ့သို့ သူတို့၏တန်ခိုးအစွမ်းကို ရုတ်သိမ်းချိုးဖဲ့တော်မူမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် မတရားသောလူမျိုး၏ အစွမ်းသတ္တိကို ဖျက်ဆီးတော်မူမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း

"ရာဇာလှံတံ" သည်အုပ်စိုးသောသူများ၏ တန်ခိုးအာဏာကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် အဓ္ဓမလူတို့၏ အုပ်စိုးခြင်းများကိုဖျက်ဆီးတော်မူမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ညှဉ်းဆဲခြင်းကို ပြုသော

"ရိုက်နှက်ခြင်း၊ ညှင်းဆဲခြင်း" သည်မတရားသောလူများပြုသောအမှုဖြစ်သည်။

အစဉ်မပြတ်

"မရပ်မနား" သို့မဟုတ် "အဖန်တလဲလဲ"

အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍

"အခြားသောတိုင်းပြည်များကို အောင်မြင်သိမ်းပိုက်၍"

အစဉ်မပြတ်ရိုက်ခြင်း

"မရပ်မနားတိုက်ခိုက်ခြင်း"