# ဆက်စပ်မှုဖော်ပြချက် ဤအပိုင်းသည် ဣသရေလလူမျိုးများ ဗာဗုလုန်ရှင်ဘုရင်ကို မချိမခံသာအောင်သီဆိုဖွဲ့နွဲ့ထားသော သီချင်းဖြစ်သည်။ # ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို ချိုးတော်မူပြီ တောင်းဝှေးဟုဆိုရာတွင် အဓမ္မလူများသည် မတရားရိုက်နှက်ခြင်းကိုရည်ညွှန်းသည်။ ထိုသို့ကြမ်းကြုတ်သောလူမျိုးကို တုတ်ချောင်းရိုက်ချိုးသကဲ့သို့ သူတို့၏တန်ခိုးအစွမ်းကို ရုတ်သိမ်းချိုးဖဲ့တော်မူမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် မတရားသောလူမျိုး၏ အစွမ်းသတ္တိကို ဖျက်ဆီးတော်မူမည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း "ရာဇာလှံတံ" သည်အုပ်စိုးသောသူများ၏ တန်ခိုးအာဏာကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် အဓ္ဓမလူတို့၏ အုပ်စိုးခြင်းများကိုဖျက်ဆီးတော်မူမည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ညှဉ်းဆဲခြင်းကို ပြုသော "ရိုက်နှက်ခြင်း၊ ညှင်းဆဲခြင်း" သည်မတရားသောလူများပြုသောအမှုဖြစ်သည်။ # အစဉ်မပြတ် "မရပ်မနား" သို့မဟုတ် "အဖန်တလဲလဲ" # အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍ "အခြားသောတိုင်းပြည်များကို အောင်မြင်သိမ်းပိုက်၍" # အစဉ်မပြတ်ရိုက်ခြင်း "မရပ်မနားတိုက်ခိုက်ခြင်း"