my_tn/ezk/05/09.md

2.3 KiB

ယေဘုယျသတင်းအချက်အလက်

ထာဝရဘုရား ဆက်လက်၍ ဣသရေလလူမျိုးများနှင့် ယေရုရှလင်ကို စကားပြောသည်။

ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်

အရင်က မလုပ်ခဲ့ဘူး၊ နောက်လည်း မပြုလုပ်မည့် သို့မဟုတ် အရင်က မလုပ်ဖူးသကဲ့သို့၊ နောက်လည်းထပ်၍ မပြုလုပ်မည့် ပုံစံဖြင့်။ (UDB).

သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်

သင်တို့ပြုသော ရွံရှာဘွယ်သော အမှုတို့ကြောင့်။ ဣသရေလလူမျိုးများသည် ရုပ်တုဆင်းတုများနှင့် မှားယွင်းသောဘုရားတို့ကို ကိုးကွယ်ကြသောကြောင့် ဘုရားသခင်သည် အမျက်ထွက်တော်မူသည်။

သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။

ယေဇကျေလသည် စားစရာ တကယ်မရှိတော့သည့်အခါ ဖြစ်ပျက်နိုင်မည့်အရာများကို ပြောခြင်းဖြစ်သည်။

သင်၌အပြစ်ဒဏ်ကို စီရင်၍

ငါသည်သင့်ကို တရားစီရင်မည် သို့မဟုတ် ငါသည် သင့်ကို ပြင်းထန်စွာ အပြစ်ပေးမည်။ (UDB)

ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်

ကျန်ကြွင်းသောသင်တို့ကို အရပ်ရပ်သို့ လွင့်စေမည်။