# ယေဘုယျသတင်းအချက်အလက် ထာဝရဘုရား ဆက်လက်၍ ဣသရေလလူမျိုးများနှင့် ယေရုရှလင်ကို စကားပြောသည်။ # ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ် အရင်က မလုပ်ခဲ့ဘူး၊ နောက်လည်း မပြုလုပ်မည့် သို့မဟုတ် အရင်က မလုပ်ဖူးသကဲ့သို့၊ နောက်လည်းထပ်၍ မပြုလုပ်မည့် ပုံစံဖြင့်။ (UDB). # သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့် သင်တို့ပြုသော ရွံရှာဘွယ်သော အမှုတို့ကြောင့်။ ဣသရေလလူမျိုးများသည် ရုပ်တုဆင်းတုများနှင့် မှားယွင်းသောဘုရားတို့ကို ကိုးကွယ်ကြသောကြောင့် ဘုရားသခင်သည် အမျက်ထွက်တော်မူသည်။ # သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ ယေဇကျေလသည် စားစရာ တကယ်မရှိတော့သည့်အခါ ဖြစ်ပျက်နိုင်မည့်အရာများကို ပြောခြင်းဖြစ်သည်။ # သင်၌အပြစ်ဒဏ်ကို စီရင်၍ ငါသည်သင့်ကို တရားစီရင်မည် သို့မဟုတ် ငါသည် သင့်ကို ပြင်းထန်စွာ အပြစ်ပေးမည်။ (UDB) # ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည် ကျန်ကြွင်းသောသင်တို့ကို အရပ်ရပ်သို့ လွင့်စေမည်။