my_tn/ezk/05/09.md

24 lines
2.3 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ယေဘုယျသတင်းအချက်အလက်
ထာဝရဘုရား ဆက်လက်၍ ဣသရေလလူမျိုးများနှင့် ယေရုရှလင်ကို စကားပြောသည်။
# ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်
အရင်က မလုပ်ခဲ့ဘူး၊ နောက်လည်း မပြုလုပ်မည့် သို့မဟုတ် အရင်က မလုပ်ဖူးသကဲ့သို့၊ နောက်လည်းထပ်၍ မပြုလုပ်မည့် ပုံစံဖြင့်။ (UDB).
# သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်
သင်တို့ပြုသော ရွံရှာဘွယ်သော အမှုတို့ကြောင့်။ ဣသရေလလူမျိုးများသည် ရုပ်တုဆင်းတုများနှင့် မှားယွင်းသောဘုရားတို့ကို ကိုးကွယ်ကြသောကြောင့် ဘုရားသခင်သည် အမျက်ထွက်တော်မူသည်။
# သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။
ယေဇကျေလသည် စားစရာ တကယ်မရှိတော့သည့်အခါ ဖြစ်ပျက်နိုင်မည့်အရာများကို ပြောခြင်းဖြစ်သည်။
# သင်၌အပြစ်ဒဏ်ကို စီရင်၍
ငါသည်သင့်ကို တရားစီရင်မည် သို့မဟုတ် ငါသည် သင့်ကို ပြင်းထန်စွာ အပြစ်ပေးမည်။ (UDB)
# ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်
ကျန်ကြွင်းသောသင်တို့ကို အရပ်ရပ်သို့ လွင့်စေမည်။