my_tn/1ti/05/21.md

4.5 KiB

ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း ၊

"ငဲ့ကွက်ခြင်း" နှင့် "မျက်နှာသာပေးခြင်း"တို့သည် ယေဘူယျအားဖြင့် အဓိပ္ပာယ် အတူတူပင်ဖြစ်သည်။ ရှင်ပေါလု အဓိကထား၍ ပြောလိုသည်မှာ တိမောသေသည် ဖြောင့်မတ်စွာ စီရင်၍ အားလုံးအပေါ်၌ တရားမျှတမှု ရှိရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ် ယောက်ကို မျက်နှာမလိုက်ဘဲ သို့မဟုတ် ဘက်မလိုက်ဘဲ ဤပညတ်များကို စောင့်ရှောက်ပါ" (ရှု ၊ rc://*/ta/man/translate/figs-doublet)

ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) ဤအရာများသည် ရှင်ပေါလုမှတိမောသေအား ပေးထားသော ပညတ်များ" သို့မဟုတ် (၂) ရှင်ပေါလုမှတိမောသေအား ပေးမည့် ပညတ်များကို ရည်ညွှန်းသည်။

ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊

ဘုရားသခင်နှင့် သခင်ယေရှုက သူတို့အားအထူးတလည် အစေခံရန် ရွေးချယ်ထားသော ကောင်းကင်တမန်များကို ဆိုလိုသည်။

လက်ကို ........မတင်နှင့်

အသင်းတော်လူကြီးများသည် ရွေးကောက်သောသူအပေါ်တွင် လက်တင်၍ ထိုသူသည် အသင်းတော်၌ အလိုတော်နှင့်အညီ အမှုတော်ဆောင်နိုင်ရန် ဆုတောင်းပေးရသော အခမ်းအနားဖြစ်သည်။ တိမောသေအနေနှင့် လူတစ်ယောက်အား ခရစ်ယာန်အသိုင်းအဝိုင်း၌ အမှုတော်ဆောင်ရန် မရွေးချယ်မှီသူ၏ အကျင့်ကောင်း များကို အချိန်ကြာရှည်စွာ စောင့်ကြည့်ရမည် ဖြစ်သည်။

သူတပါးအပြစ်၌ မဆက်ဆံနှင့်။

ရှင်ပေါလုက တစ်စုံတစ်ယောက်၏ အပြစ်အား သူတစ်ပါးနှင့် မျှဝေနိုင်သော အရာအဖြစ် ပြောဆိုထားခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသော သူ၏ အပြစ်တွင် မပါဝင်နှင့်" သို့မဟုတ် "အခြားသောသူ အပြစ်ပြုသောအခါ ပူးပေါင်းခြင်း မပြုနှင့်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတပါးအပြစ်၌ မဆက်ဆံနှင့်။

ဖြစ်နိုင် ချေရှိသော အဓိပ္ပာယ်များမှာ (၁) အကယ်၍ တိမောသေက အပြစ်ရှိသောသူ တစ်စုံတစ်ယောက်အား အသင်းတော်၏ အမှုဆောင်အဖြစ် ရွေးချယ်ခဲ့လျှင် ဘုရားသခင်သည် ထိုသူ၏ အပြစ်အတွက် တိမောသေအား အ‌ရေးယူမည်၊ သို့မဟုတ် (၂) တိမောသေမှ အခြားသူများ ပြုသောအပြစ်ကို မပြုသင့်။ " ဟုဆိုလိုပါသည်။