my_tn/1ti/05/21.md

24 lines
4.5 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း ၊
"ငဲ့ကွက်ခြင်း" နှင့် "မျက်နှာသာပေးခြင်း"တို့သည် ယေဘူယျအားဖြင့် အဓိပ္ပာယ် အတူတူပင်ဖြစ်သည်။ ရှင်ပေါလု အဓိကထား၍ ပြောလိုသည်မှာ တိမောသေသည် ဖြောင့်မတ်စွာ စီရင်၍ အားလုံးအပေါ်၌ တရားမျှတမှု ရှိရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ် ယောက်ကို မျက်နှာမလိုက်ဘဲ သို့မဟုတ် ဘက်မလိုက်ဘဲ ဤပညတ်များကို စောင့်ရှောက်ပါ" (ရှု ၊ [[rc://*/ta/man/translate/figs-doublet]])
# ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊
ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) ဤအရာများသည် ရှင်ပေါလုမှတိမောသေအား ပေးထားသော ပညတ်များ" သို့မဟုတ် (၂) ရှင်ပေါလုမှတိမောသေအား ပေးမည့် ပညတ်များကို ရည်ညွှန်းသည်။
# ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊
ဘုရားသခင်နှင့် သခင်ယေရှုက သူတို့အားအထူးတလည် အစေခံရန် ရွေးချယ်ထားသော ကောင်းကင်တမန်များကို ဆိုလိုသည်။
# လက်ကို ........မတင်နှင့်
အသင်းတော်လူကြီးများသည် ရွေးကောက်သောသူအပေါ်တွင် လက်တင်၍ ထိုသူသည် အသင်းတော်၌ အလိုတော်နှင့်အညီ အမှုတော်ဆောင်နိုင်ရန် ဆုတောင်းပေးရသော အခမ်းအနားဖြစ်သည်။ တိမောသေအနေနှင့် လူတစ်ယောက်အား ခရစ်ယာန်အသိုင်းအဝိုင်း၌ အမှုတော်ဆောင်ရန် မရွေးချယ်မှီသူ၏ အကျင့်ကောင်း များကို အချိန်ကြာရှည်စွာ စောင့်ကြည့်ရမည် ဖြစ်သည်။
# သူတပါးအပြစ်၌ မဆက်ဆံနှင့်။
ရှင်ပေါလုက တစ်စုံတစ်ယောက်၏ အပြစ်အား သူတစ်ပါးနှင့် မျှဝေနိုင်သော အရာအဖြစ် ပြောဆိုထားခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသော သူ၏ အပြစ်တွင် မပါဝင်နှင့်" သို့မဟုတ် "အခြားသောသူ အပြစ်ပြုသောအခါ ပူးပေါင်းခြင်း မပြုနှင့်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# သူတပါးအပြစ်၌ မဆက်ဆံနှင့်။
ဖြစ်နိုင် ချေရှိသော အဓိပ္ပာယ်များမှာ (၁) အကယ်၍ တိမောသေက အပြစ်ရှိသောသူ တစ်စုံတစ်ယောက်အား အသင်းတော်၏ အမှုဆောင်အဖြစ် ရွေးချယ်ခဲ့လျှင် ဘုရားသခင်သည် ထိုသူ၏ အပြစ်အတွက် တိမောသေအား အ‌ရေးယူမည်၊ သို့မဟုတ် (၂) တိမောသေမှ အခြားသူများ ပြုသောအပြစ်ကို မပြုသင့်။ " ဟုဆိုလိုပါသည်။