# ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း ၊ "ငဲ့ကွက်ခြင်း" နှင့် "မျက်နှာသာပေးခြင်း"တို့သည် ယေဘူယျအားဖြင့် အဓိပ္ပာယ် အတူတူပင်ဖြစ်သည်။ ရှင်ပေါလု အဓိကထား၍ ပြောလိုသည်မှာ တိမောသေသည် ဖြောင့်မတ်စွာ စီရင်၍ အားလုံးအပေါ်၌ တရားမျှတမှု ရှိရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ် ယောက်ကို မျက်နှာမလိုက်ဘဲ သို့မဟုတ် ဘက်မလိုက်ဘဲ ဤပညတ်များကို စောင့်ရှောက်ပါ" (ရှု ၊ [[rc://*/ta/man/translate/figs-doublet]]) # ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) ဤအရာများသည် ရှင်ပေါလုမှတိမောသေအား ပေးထားသော ပညတ်များ" သို့မဟုတ် (၂) ရှင်ပေါလုမှတိမောသေအား ပေးမည့် ပညတ်များကို ရည်ညွှန်းသည်။ # ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ဘုရားသခင်နှင့် သခင်ယေရှုက သူတို့အားအထူးတလည် အစေခံရန် ရွေးချယ်ထားသော ကောင်းကင်တမန်များကို ဆိုလိုသည်။ # လက်ကို ........မတင်နှင့် အသင်းတော်လူကြီးများသည် ရွေးကောက်သောသူအပေါ်တွင် လက်တင်၍ ထိုသူသည် အသင်းတော်၌ အလိုတော်နှင့်အညီ အမှုတော်ဆောင်နိုင်ရန် ဆုတောင်းပေးရသော အခမ်းအနားဖြစ်သည်။ တိမောသေအနေနှင့် လူတစ်ယောက်အား ခရစ်ယာန်အသိုင်းအဝိုင်း၌ အမှုတော်ဆောင်ရန် မရွေးချယ်မှီသူ၏ အကျင့်ကောင်း များကို အချိန်ကြာရှည်စွာ စောင့်ကြည့်ရမည် ဖြစ်သည်။ # သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ရှင်ပေါလုက တစ်စုံတစ်ယောက်၏ အပြစ်အား သူတစ်ပါးနှင့် မျှဝေနိုင်သော အရာအဖြစ် ပြောဆိုထားခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသော သူ၏ အပြစ်တွင် မပါဝင်နှင့်" သို့မဟုတ် "အခြားသောသူ အပြစ်ပြုသောအခါ ပူးပေါင်းခြင်း မပြုနှင့်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ဖြစ်နိုင် ချေရှိသော အဓိပ္ပာယ်များမှာ (၁) အကယ်၍ တိမောသေက အပြစ်ရှိသောသူ တစ်စုံတစ်ယောက်အား အသင်းတော်၏ အမှုဆောင်အဖြစ် ရွေးချယ်ခဲ့လျှင် ဘုရားသခင်သည် ထိုသူ၏ အပြစ်အတွက် တိမောသေအား အ‌ရေးယူမည်၊ သို့မဟုတ် (၂) တိမောသေမှ အခြားသူများ ပြုသောအပြစ်ကို မပြုသင့်။ " ဟုဆိုလိုပါသည်။