my_tq/1ki/13/14.md

1.7 KiB

အသက်ကြီးသောပရောဖက်က ထာဝရဘုရား၏လူအား မည်ကဲ့သို့ ပြောကြားခဲ့သနည်း။

အသက်ကြီးသောပရောဖက်က ထာဝရဘုရား၏လူအား ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကိုစားပါဟု ပြောခဲ့ပါသည်။

အသက်ကြီးသူ၏ စကားကို ထာဝရဘုရား၏လူက မည်ကဲ့သို့ ပြန်လည်ဖြေကြားခဲ့သနည်း။

ထာဝရဘုရား၏လူက ငါသည် သင်နှင့်အတူ မလိုက်၊ သင့်အိမ်သို့မဝင်ဟု ပြန်လညဖြေကြားခဲ့သည်။

ထာဝရဘုရား၏လူပြောသောစကားကို အသက်ကြီးသူက မည်ကဲ့သို့ ပြန်လည်တုန့်ပြန်ခဲ့သနည်း။

ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆိုခဲ့သည်။