# အသက်ကြီးသောပရောဖက်က ထာဝရဘုရား၏လူအား မည်ကဲ့သို့ ပြောကြားခဲ့သနည်း။ အသက်ကြီးသောပရောဖက်က ထာဝရဘုရား၏လူအား ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကိုစားပါဟု ပြောခဲ့ပါသည်။ # အသက်ကြီးသူ၏ စကားကို ထာဝရဘုရား၏လူက မည်ကဲ့သို့ ပြန်လည်ဖြေကြားခဲ့သနည်း။ ထာဝရဘုရား၏လူက ငါသည် သင်နှင့်အတူ မလိုက်၊ သင့်အိမ်သို့မဝင်ဟု ပြန်လညဖြေကြားခဲ့သည်။ # ထာဝရဘုရား၏လူပြောသောစကားကို အသက်ကြီးသူက မည်ကဲ့သို့ ပြန်လည်တုန့်ပြန်ခဲ့သနည်း။ ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆိုခဲ့သည်။