my_tn/1ki/14/29.md

4.2 KiB

ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏

ပြုခြင်းပြကြိယာပုံစံဖြင့်လည်း‌ ဖော်ပြနိုင်၍ အပြုသဘောဆောင်သော အဖြေဟု ယူဆနိုင်သည်။ အဖြေသိလို၍ မေးသော မေးခွန်းမဟုတ်ဘဲ အထူးပြုလိုသော သဘောဖြင့်မေးသော အမေးဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ယုဒဘုရင်တို့၏ ရာဇဝင်တွင် ရေးထားလျက်ရှိသည်" သို့မဟုတ် "ယုဒဘုရင်တို့၏ ရာဇဝင်တွင် ဖတ်ရှုနိုင်သည်" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-rquestion]])

ယုဒရာဇဝင်

ဤစာအုပ်/ရာဇဝင် မရှိတော့ပါ။

ရောဗောင်နှင့်ယေရောဗောင်တို့သည် ... ရန်ဘက်ပြုကြ၏

ဘုရင်အမည်များဖြင့် ရန်ဘက်ပြုသည်ဟု ရေးသားထားသော်လည်း ရောဗောင်နှင့် ယေရောဗောင်တို့၏ စစ်တပ်များကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောဗောင်နှင့်ယေရောဗောင်တို့၏ စစ်တပ်များသည် စစ်ပွဲများ ထပ်ခါထပ်ခါ ဆင်နွဲကြသည်"(UDB) သို့မဟုတ် "ရောဗောင်နှင့်အတူ သူ၏လူများ၊ ယေရောဗောင်နှင့်အတူ သူ၏လူတို့သည် အဆက်မပြတ် စစ်တိုက်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏

"အဆက်မပြတ် စစ်ဖြစ်ကြသည်" သို့မဟုတ် "အဆက်မပြတ် စစ်တိုက်ကြသည်"

ဘိုးဘေးတို့နှင့် အိပ်ပျော်၍

ရောဗောင်သေဆုံးခြင်းကို အိပ်ပျော်ခြင်းနှင့် ခိုင်းနှိုင်းထားသည်။ ၂:၁၀ တွင် မည်သို့ ဘာသာပြန်ထားသည်ကို ကြည့်ရှုပါ။ အခြားသော ဘာသာပြန်ဆိုချက် - "သေဆုံးသည်" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-euphemism]])

သင်္ဂြိုဟ်ခြင်းကို ခံလေ၏

ဤသည်ကိုကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "လူများသည် သူ့အား သင်္ဂြိုဟ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

သားတော်အဘိယ

"ရောဗောင်၏ သားတော် အဘိယ"

Naamah

အမျိုးသမီးတစ်ယောက်၏ အမည်ဖြစ်သည်။ ၁၄:၂၁ တွင် မည်သို့ဘာသာပြန်ဆိုခဲ့သည်ကို ကြည့်ရှုပါ။ (ရှု၊ rc://*/ta/man/translate/translate-names)

ခမည်းတော်အရာ၌ နန်းထိုင်၏

"ခမည်းတော်အရာ၌" သည် "ထိုသူအစား" ဟုဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောဗောင်အစား ရှင်ဘုရင် ဖြစ်လာသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)