my_tn/1ki/14/25.md

3.7 KiB

ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်

ဘုရင်ရောဗောင်၏ နန်းစံသက် ငါးနှစ်မြောက်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောဗောင်ဘုရင်ဖြစ်ပြီး ငါးနှစ်မြောက်တွင်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါးနှစ်တွင်

"ငါးနှစ်မြောက်တွင်" (ရှု၊ rc://*/ta/man/translate/translate-ordinal)

အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍

"အဲဂုတ္တု ရှင်ဘုရင်ရှိရှက်" ဆိုရာတွင် ရှင်ဘုရင် ရှိရှက်အပြင် အဲဂုတ္တုစစ်တပ်လည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "အဲဂုတ္တု ရှင်ဘုရင် ရှိရှက်နှင့် သူ၏ စစ်တပ်တို့သည် ယေရုရှလင်မြို့သို့ စစ်ချီလျက်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှိရှက်

အမျိုးသားတစ်ယောက်၏ အမည်ဖြစ်သည်။ ၁၁း၄၀ တွင် မည်သို့ဘာသာပြန်ခဲ့သည်ကို ကြည့်ရှုပါ။ (ရှု၊ rc://*/ta/man/translate/translate-names)

စစ်ချီ၍

စစ်ချီခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ဖော်ပြသော ဉပစာစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "စစ်တိုက်ရန်လာသည်" (ရှု၊ rc://*/ta/man/translate/figs-idiom)

ရှိသမျှကို သိမ်းသွား၏

အဖိုးတန်သည်ဟု ယူဆသော ပစ္စည်းမှန်သမျှကို သိမ်းသွားခြင်းကို ခြုံငုံပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "တန်ဖိုးရှိသော အရာများစွာကို သိမ်းယူသွားသည်" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

သိမ်းသွား၏

ရှင်ဘုရင် ရှိရှက်နှင့် သူ၏ စစ်သည်တို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရှင်ရှိရှက်နှင့် သူ၏ စစ်တပ်မှ သိမ်းယူသွားသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှောလမုန်လုပ်သော

"ရှောလမုန်" ဟုဆိုသော်ငြားလည်း ဒိုင်းလွှားများကို ပြုလုပ်ပေးသော ရှောလမုန်၏ အလုပ်သမားများကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရှောလမုန်၏ အလုပ်သမားများ ပြုလုပ်ခဲ့သော" (ရှု၊ rc://*/ta/man/translate/figs-metonymy)