my_tn/1ki/14/25.md

32 lines
3.7 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်
ဘုရင်ရောဗောင်၏ နန်းစံသက် ငါးနှစ်မြောက်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောဗောင်ဘုရင်ဖြစ်ပြီး ငါးနှစ်မြောက်တွင်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ငါးနှစ်တွင်
"ငါးနှစ်မြောက်တွင်" (ရှု၊ [[rc://*/ta/man/translate/translate-ordinal]])
# အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍
"အဲဂုတ္တု ရှင်ဘုရင်ရှိရှက်" ဆိုရာတွင် ရှင်ဘုရင် ရှိရှက်အပြင် အဲဂုတ္တုစစ်တပ်လည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "အဲဂုတ္တု ရှင်ဘုရင် ရှိရှက်နှင့် သူ၏ စစ်တပ်တို့သည် ယေရုရှလင်မြို့သို့ စစ်ချီလျက်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ရှိရှက်
အမျိုးသားတစ်ယောက်၏ အမည်ဖြစ်သည်။ ၁၁း၄၀ တွင် မည်သို့ဘာသာပြန်ခဲ့သည်ကို ကြည့်ရှုပါ။ (ရှု၊ [[rc://*/ta/man/translate/translate-names]])
# စစ်ချီ၍
စစ်ချီခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ဖော်ပြသော ဉပစာစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "စစ်တိုက်ရန်လာသည်" (ရှု၊ [[rc://*/ta/man/translate/figs-idiom]])
# ရှိသမျှကို သိမ်းသွား၏
အဖိုးတန်သည်ဟု ယူဆသော ပစ္စည်းမှန်သမျှကို သိမ်းသွားခြင်းကို ခြုံငုံပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "တန်ဖိုးရှိသော အရာများစွာကို သိမ်းယူသွားသည်" (ရှု၊ [[rc://*/ta/man/translate/figs-hyperbole]])
# သိမ်းသွား၏
ရှင်ဘုရင် ရှိရှက်နှင့် သူ၏ စစ်သည်တို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရှင်ရှိရှက်နှင့် သူ၏ စစ်တပ်မှ သိမ်းယူသွားသည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ရှောလမုန်လုပ်သော
"ရှောလမုန်" ဟုဆိုသော်ငြားလည်း ဒိုင်းလွှားများကို ပြုလုပ်ပေးသော ရှောလမုန်၏ အလုပ်သမားများကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရှောလမုန်၏ အလုပ်သမားများ ပြုလုပ်ခဲ့သော" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])