my_tn/mrk/14/22.md

3.1 KiB

မုန့်

ပသခါပွဲတွင် စားရသော တဆေးမဲ့မုန့် များကို ခေါ်သည်။

ဖဲ့၍

ဆိုလိုသည်မှာ သခင်ယေရှုက လူအများစား၍ ရစေရန် မုန့်ကို အပိုင်းပိုင်းဖြစ်အောင် ချိုးဖဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရာကို အပိုင်းပိုင်းဖြစ်အောင် ချိုးဖဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ခွက်ကိုလည်းယူ၍

"ဝိုင်ထည့်ထားသောခွက်" ကို "ခွက်" ဟူ၍ သုံးနှုန်းထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဝိုင်ဖြည့်ထားသော ခွက်ကို ယူ၍" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသော ငါ၏ အသွေးဖြစ်၏

အပြစ်ဖြေဖို့ရန်အတွက် ကတိကဝတ်ထားသော စာချုပ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကတိကဝတ်ထားသည်ကို တည်စေသော အရာအဖြစ်ရှိမည့် ငါ၏ သွေးဖြစ်၏။ လူအများ အပြစ်ဖြေခြင်း ရစိမ့်လို့ငှာ သွန်းလောင်းသော ငါ၏ အသွေးတော် ပုံဆောင်သော အရာဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါ၏ အသွေး

"ဤဝိုင်သည် ငါ၏အသွေးဖြစ်၏"။ လုံးစေ့ပတ်စေ့ နားလည်စေရန် ဆိုရလျှင် ဝိုင်သည် ယေရှု၏ အသွေးတော် ပုံဆောင်သော ဝိုင်ဖြစ်သည်။ သခင်ယေရှု၏ သွေးအစစ်ကို ဆိုလိုခြင်းမဟုတ်ပါ။

ငါအမှန်ဆိုသည်ကား

ဤအကြောင်းအရာသည် အထူးသဖြင့် မှန်ကန်ကြောင်းနှင့် အရေးကြီးကြောင်း ကို ရည်ညွှန်းခြင်းဖြစ်သည်။

စပျစ်ရည်မျိုးအသစ်

အသစ်သော "ဝိုင်" ကို ဆိုလိုခြင်းဖြစ်သည်။

အသစ်

ဖြစ်နိုင်ခြေ အဓိပ္ပာယ်မှာ ၁။ "နောက်တစ်ခါ" သို့မဟုတ် ၂။ "နည်းလမ်းအသစ်"