my_tn/zec/14/20.md

16 lines
2.6 KiB
Markdown

# ယေဘုယျ အချက်အလက်
ဤအခန်းကြီးတွင် ထာဝရဘုရားက ယေရုရှလင်မြို့ကို ကယ်တင်ရန် လုပ်သော နောက်ဆုံးသော စစ်ပွဲကို ဖော်ပြသော အခန်းဖြစ်သည်။
# ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပလ္လင်၌ သုံးသော ဖလားကဲ့သို့ သန့်ရှင်းစေလိမ့်မည်။"
# ယေရုရှလင်မြို့ ... ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။
အမျိုးမျိုးသော မြေအိုး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အထူးသဖြင့် ထာဝရဘုရားအား ဝတ်ပြုရာ၌သော်လည်းကောင်း၊ ယဇ်ပူဇော်ရာ၌ သုံးသော အရာတို့ကို ဆိုလိုသည်။ ထိုအရာများကို ဤအမှုများဆောင်ရွက်ခြင်းမှ တပါး အခြားအရာ၌ အသုံးမပြုစေရန် သတ်မှတ်ထားသည်။
# ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။
ဤသည်မှာ ကုန်သည်များသည် ထာဝရဘုရားအား ယဇ်ပူဇော်ရာ၌ သုံးသော ယဇ်ကောင်နှင့် ယဇ်ပူဇော်စရာများကို ရောင်းဝယ်ဖောက်ကားသော ဓလေ့ကို ဆိုလိုသည်။ အချို့သော ဘာသာပြန်ဆိုပုံများတွင် "ခါနနိလူ" ဟူ၍ ပြန်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဟေဗြဲကျမ်းစာသည် ဤတွင် "ကုန်သည်များ" သာမက "ခါနနိ" လူဟူ၍ အဓိပ္ပါယ် နှစ်ခုစလုံးနှင့် ပြန်ဆိုထားသည်။