my_tn/zec/14/20.md

2.6 KiB

ယေဘုယျ အချက်အလက်

ဤအခန်းကြီးတွင် ထာဝရဘုရားက ယေရုရှလင်မြို့ကို ကယ်တင်ရန် လုပ်သော နောက်ဆုံးသော စစ်ပွဲကို ဖော်ပြသော အခန်းဖြစ်သည်။

ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပလ္လင်၌ သုံးသော ဖလားကဲ့သို့ သန့်ရှင်းစေလိမ့်မည်။"

ယေရုရှလင်မြို့ ... ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။

အမျိုးမျိုးသော မြေအိုး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အထူးသဖြင့် ထာဝရဘုရားအား ဝတ်ပြုရာ၌သော်လည်းကောင်း၊ ယဇ်ပူဇော်ရာ၌ သုံးသော အရာတို့ကို ဆိုလိုသည်။ ထိုအရာများကို ဤအမှုများဆောင်ရွက်ခြင်းမှ တပါး အခြားအရာ၌ အသုံးမပြုစေရန် သတ်မှတ်ထားသည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။

ဤသည်မှာ ကုန်သည်များသည် ထာဝရဘုရားအား ယဇ်ပူဇော်ရာ၌ သုံးသော ယဇ်ကောင်နှင့် ယဇ်ပူဇော်စရာများကို ရောင်းဝယ်ဖောက်ကားသော ဓလေ့ကို ဆိုလိုသည်။ အချို့သော ဘာသာပြန်ဆိုပုံများတွင် "ခါနနိလူ" ဟူ၍ ပြန်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဟေဗြဲကျမ်းစာသည် ဤတွင် "ကုန်သည်များ" သာမက "ခါနနိ" လူဟူ၍ အဓိပ္ပါယ် နှစ်ခုစလုံးနှင့် ပြန်ဆိုထားသည်။