my_tn/zec/12/06.md

2.2 KiB

ယေဘုယျ အချက်အလက်

ဤကျမ်းချက်များသည် ယေရုရှလင်မြို့ကို ရန်သူများ လာရောက်တိုက်ခိုက်မည့်အကြောင်းနှင့် ထာဝရဘုရားမှ မည်သို့ ကယ်တင်မည် အကြောင်း ဖော်ပြထားသော အပိုင်းဖြစ်သည်။

ထိုကာလ၌

ဤသည်မှာ "ယေရုရှလင်မြို့ တိုက်ခိုက်ခံရသောအခါ ထာဝရဘုရားမှ သူ၏ ရန်သူတို့ကို ချေမှုန်းသော ကာလ" ကို ရည်ညွှန်းသည်။"

ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း

စုပုံထားသော ထင်းပုံကြားက မီးဖို ... လယ်ထဲတွင် မရိတ်သိမ်းရသေးသော ကောက်လှိုင်းများ (ရှု၊ rc://*/ta/man/translate/figs-simile)

မီးဖို

ရှေးအခါက လောင်နေသော မီးသွေးများ ထည့်သောမြေအိုး

လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။

"ပတ်ပတ်လည်ရှိ လူတို့ကို ပျက်စီးစေမည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။

ယေရုရှလင်မြို့သူမြို့သားသည် သူတို့၏ မြို့ဟောင်းတွင် တဖန် ပြန်လည်နေထိုင်ရမည်။ (ရှု၊ rc://*/ta/man/translate/figs-personification)