# ယေဘုယျ အချက်အလက် ဤကျမ်းချက်များသည် ယေရုရှလင်မြို့ကို ရန်သူများ လာရောက်တိုက်ခိုက်မည့်အကြောင်းနှင့် ထာဝရဘုရားမှ မည်သို့ ကယ်တင်မည် အကြောင်း ဖော်ပြထားသော အပိုင်းဖြစ်သည်။ # ထိုကာလ၌ ဤသည်မှာ "ယေရုရှလင်မြို့ တိုက်ခိုက်ခံရသောအခါ ထာဝရဘုရားမှ သူ၏ ရန်သူတို့ကို ချေမှုန်းသော ကာလ" ကို ရည်ညွှန်းသည်။" # ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း စုပုံထားသော ထင်းပုံကြားက မီးဖို ... လယ်ထဲတွင် မရိတ်သိမ်းရသေးသော ကောက်လှိုင်းများ (ရှု၊ [[rc://*/ta/man/translate/figs-simile]]) # မီးဖို ရှေးအခါက လောင်နေသော မီးသွေးများ ထည့်သောမြေအိုး # လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ "ပတ်ပတ်လည်ရှိ လူတို့ကို ပျက်စီးစေမည်။" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။ ယေရုရှလင်မြို့သူမြို့သားသည် သူတို့၏ မြို့ဟောင်းတွင် တဖန် ပြန်လည်နေထိုင်ရမည်။ (ရှု၊ [[rc://*/ta/man/translate/figs-personification]])