my_tn/tit/01/10.md

4.3 KiB

ဆက်စပ်မှုဖော်ပြချက်

ဘရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်သောသူများစွာ ရှိသောကြောင့် ရှင်ပေါလုသည် တိတုအား စစ်မှန်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားပြီး၊ မှားယွင်းစွာ သွန်သင်သော ဆရာများကို သတိထားရန် သတိပေးခဲ့သည်။

ဆန့်ကျင် တော်လှန်သောသူများ

တမန်တော်ရှင်ပေါလု၏ ဧဝံဂလိသတင်းစကားကို ဆန့်ကျင်သော သူများစွာရှိသည်။

အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း

ယုဒ ခရစ်ယာန်များ ဖြစ်ကြပြီး ခရစ်တော်၏ နောက်တော်သို့ လိုက်ရန် အရေဖျားလှီးခြင်း ခံရမည်ဟု သွန်သင်သောသူများ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူများ

ဤစကားစုသည် အထက်ပါစကားစုတွင် ဖော်ပြသော ဆန့်ကျင်တော်လှန်သောသူများကို ရည်ညွှန်းသည်။ "အချည်းနှီး" ဟူသော ပုံဥပမာသည် အသုံးမကျသောသူများ၊ "လှည့်ဖြားတတ်သောသူများ" ဟူသော ပုံဥပမာသည် အသုံးမကျသော စကားများကို ပြောဆိုသောသူ သို့မဟုတ် မိုက်မဲစွာပြောဆိုသောသူကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသုံးမကျသောအရာများကို ပြောဆိုပြီး သူတစ်ပါကို လှည့်စားသောသူများ"

ထိုသူတို့၏ နှုတ်ကိုပိတ်ရမည်

ထိုသူတို့၏ သွန်သင်ခြင်းများ မပျံ့နှံ့စေရန် ကာကွယ်ရမည်။ သို့မဟုတ် "ထိုသူတို့၏ သွန်သင်ချက်များ အခြားသောသူများအပေါ် လွှမ်းမိုးခြင်းမှ ရပ်တန့်စေရန်" လုပ်ဆောင်ရမည်။

မပေးအပ်သော ဩဝါဒကိုပေး၍

ထိုအရာများသည် သခင်ခရစ်တော်နှင့် သူ၏ ပညတ်များနှင့် ကိုက်ညီမှုမရှိ ရုံသာမက၊ မှန်ကန်မှု မရှိသောဩဝါဒများ ဖြစ်ပါသည်။

မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်

ဂုဏ်ယူစရာမကောင်းသော အကျိုးအမြတ်အတွက်လုပ်ဆောင်သော သူများကို ရည်ညွှန်းပါသည်။

တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏

တစ်အိမ်ထောင်လုံးကို ပျက်စီးစေသည်။ သူတို့၏ ယုံ ကြည်ခြင်းကို ဖျက်ဆီးခြင်းဖြင့် ဝမ်းနည်းစိတ်ပျက်ခြင်းကို ကြုံတွေ့စေပါသည်။ တစ်အိမ်ထောင်ထဲရှိ လူများအချင်းချင်း အငြင်းပွားမှုကို ဖြစ်ပွားစေပါသည်။