my_tn/tit/01/10.md

32 lines
4.3 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
ဘရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်သောသူများစွာ ရှိသောကြောင့် ရှင်ပေါလုသည် တိတုအား စစ်မှန်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားပြီး၊ မှားယွင်းစွာ သွန်သင်သော ဆရာများကို သတိထားရန် သတိပေးခဲ့သည်။
# ဆန့်ကျင် တော်လှန်သောသူများ
တမန်တော်ရှင်ပေါလု၏ ဧဝံဂလိသတင်းစကားကို ဆန့်ကျင်သော သူများစွာရှိသည်။
# အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း
ယုဒ ခရစ်ယာန်များ ဖြစ်ကြပြီး ခရစ်တော်၏ နောက်တော်သို့ လိုက်ရန် အရေဖျားလှီးခြင်း ခံရမည်ဟု သွန်သင်သောသူများ ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူများ
ဤစကားစုသည် အထက်ပါစကားစုတွင် ဖော်ပြသော ဆန့်ကျင်တော်လှန်သောသူများကို ရည်ညွှန်းသည်။ "အချည်းနှီး" ဟူသော ပုံဥပမာသည် အသုံးမကျသောသူများ၊ "လှည့်ဖြားတတ်သောသူများ" ဟူသော ပုံဥပမာသည် အသုံးမကျသော စကားများကို ပြောဆိုသောသူ သို့မဟုတ် မိုက်မဲစွာပြောဆိုသောသူကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသုံးမကျသောအရာများကို ပြောဆိုပြီး သူတစ်ပါကို လှည့်စားသောသူများ"
# ထိုသူတို့၏ နှုတ်ကိုပိတ်ရမည်
ထိုသူတို့၏ သွန်သင်ခြင်းများ မပျံ့နှံ့စေရန် ကာကွယ်ရမည်။ သို့မဟုတ် "ထိုသူတို့၏ သွန်သင်ချက်များ အခြားသောသူများအပေါ် လွှမ်းမိုးခြင်းမှ ရပ်တန့်စေရန်" လုပ်ဆောင်ရမည်။
# မပေးအပ်သော ဩဝါဒကိုပေး၍
ထိုအရာများသည် သခင်ခရစ်တော်နှင့် သူ၏ ပညတ်များနှင့် ကိုက်ညီမှုမရှိ ရုံသာမက၊ မှန်ကန်မှု မရှိသောဩဝါဒများ ဖြစ်ပါသည်။
# မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်
ဂုဏ်ယူစရာမကောင်းသော အကျိုးအမြတ်အတွက်လုပ်ဆောင်သော သူများကို ရည်ညွှန်းပါသည်။
# တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏
တစ်အိမ်ထောင်လုံးကို ပျက်စီးစေသည်။ သူတို့၏ ယုံ ကြည်ခြင်းကို ဖျက်ဆီးခြင်းဖြင့် ဝမ်းနည်းစိတ်ပျက်ခြင်းကို ကြုံတွေ့စေပါသည်။ တစ်အိမ်ထောင်ထဲရှိ လူများအချင်းချင်း အငြင်းပွားမှုကို ဖြစ်ပွားစေပါသည်။